ခမည်းတော်သည် အလုံးစုံတို့ကို သူ၏လက်သို့ အပ်ပေးတော်မူသည်ကိုလည်းကောင်း၊ သူသည်ဘုရားသခင့်ထံတော်မှ ထွက်လာသည်ကိုလည်းကောင်း၊ ဘုရားသခင့်ထံတော်သို့ ကြွသွားမည်ကိုလည်းကောင်း ယေရှုသည်သိတော်မူသည်နှင့်၊-
ရှင်ယောဟန် 17:13 - မြန်မာ ယခုတွင် အကျွန်ုပ်သည် ကိုယ်တော်ထံသို့သွားရမည်ဖြစ်၍၊ ဤသူတို့သည် အကျွန်ုပ်ကို အမှီပြုသဖြင့် ဝမ်းမြောက်ခြင်းနှင့် ပြည်စုံမည်အကြောင်း၊ ဤစကားကို ဤလောက၌ အကျွန်ုပ်ပြောပါ၏။- Common Language Bible ယခုမှာအကျွန်ုပ်သည်ကိုယ်တော်၏ထံသို့ လာပါမည်။ ထိုသူတို့သည်အကျွန်ုပ်၏ဝမ်း မြောက်ခြင်းကိုစိတ်နှလုံးထဲတွင်အပြည့် အဝခံစားကြရစေရန် ဤလောကတွင် ရှိနေစဉ်အကျွန်ုပ်သည်ဤစကားများကို မြွက်ဆိုပါ၏။- Garrad Bible ယခုမှာ သူတို့ကိုအကျွန်ုပ်၏ဝမ်းမြောက်ခြင်းနှင့်ပြည့်စုံကြစေရန် ကိုယ်တော့်ထံမလာမီဤလောက၌ ထိုသို့အကျွန်ုပ်တောင်းလျှောက်ပါ၏။ Judson Bible ယခုတွင် အကျွန်ုပ်သည် ကိုယ်တော်ထံသို့သွားရမည်ဖြစ်၍၊ ဤသူတို့သည် အကျွန်ုပ်ကို အမှီပြုသဖြင့် ဝမ်းမြောက်ခြင်းနှင့် ပြည်စုံမည်အကြောင်း၊ ဤစကားကို ဤလောက၌ အကျွန်ုပ်ပြောပါ၏။- မြန်မာ့စံမီသမ္မာကျမ်း ယခု ကိုယ်တော်ထံသို့ အကျွန်ုပ်လာပါ၏။ သူတို့သည် အကျွန်ုပ်၏ဝမ်းမြောက်ခြင်းကို မိမိတို့၌ အပြည့်အဝခံစားရမည့်အကြောင်း ဤလောက၌နေစဉ် ဤအရာများကို အကျွန်ုပ်ပြောပါ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယခုအကျွန်ုပ်သည် ကိုယ်တော်ထံသို့ လာပါတော့မည်။ သူတို့သည် အကျွန်ုပ်၏ဝမ်းမြောက်ခြင်းကို အပြည့်အဝခံစားကြရစေရန် အကျွန်ုပ်သည် ဤလောကတွင် သူတို့နှင့်အတူ ရှိနေစဉ် ဤအကြောင်းအရာများကို ပြောပါ၏။ |
ခမည်းတော်သည် အလုံးစုံတို့ကို သူ၏လက်သို့ အပ်ပေးတော်မူသည်ကိုလည်းကောင်း၊ သူသည်ဘုရားသခင့်ထံတော်မှ ထွက်လာသည်ကိုလည်းကောင်း၊ ဘုရားသခင့်ထံတော်သို့ ကြွသွားမည်ကိုလည်းကောင်း ယေရှုသည်သိတော်မူသည်နှင့်၊-
သင်တို့၌ ငါဝမ်းမြောက်စရာအကြောင်း တည်စေခြင်းငှာလည်းကောင်း၊ သင်တို့ ဝမ်းမြောက်စရာအကြောင်း စုံလင်စေခြင်းငှာလည်းကောင်း၊ ဤစကားကို သင်တို့အားငါဟောပြော၏။-
သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှာ ဤစကားကိုငါဟောပြောပြီ။ သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ သို့သော်လည်း မစိုးရိမ်ကြနှင့်။ ငါသည် လောကကိုအောင်ပြီဟု မိန့်တော်မူ၏။
ယခုမှစ၍အကျွန်ုပ်သည် ဤလောက၌မရှိပါ၊ ဤသူတို့မူကား၊ ဤလောက၌ ရှိရစ်ရကြပါမည်။ အကျွန်ုပ်သည် ကိုယ်တော်ထံသို့ သွားရပါမည်။ သန့်ရှင်းတော်မူသောအဘ၊ ကိုယ်တော်နှင့် အကျွန်ုပ်သည် တစ်လုံးတစ်ဝတည်းဖြစ်သကဲ့သို့ အကျွန်ုပ်အား ပေးတော်မူသော ဤသူတို့သည် ဖြစ်ရပါမည်အကြောင်း၊ သူတို့ကို ကိုယ်တော်၏ နာမ၌တည်စေတော်မူပါ။-
မင်္ဂလာဆောင်သတို့သမီးကို ရသောသူသည် မင်္ဂလာဆောင်လုလင်ဖြစ်၏။ မင်္ဂလာဆောင်လုလင်၏ အနားမှာနေ၍ သူ၏စကားကိုကြားရသော အဆွေခင်ပွန်းသည် ထိုစကားသံကိုကြားသောအားဖြင့် ဝမ်းမြောက်ခြင်းရှိ၏။ ထိုနည်းတူ ငါ၏ဝမ်းမြောက်ခြင်း ပြည့်စုံ၏။-
ယေရှုကလည်း၊ ငါသည် သင်တို့နှင့်အတူ ခဏသာနေပြီးလျှင်၊ ငါ့ကိုစေလွှတ်တော်မူသော သူထံသို့ သွားရမည်။ သင်တို့သည် ငါ့ကိုရှာကြလိမ့်မည်။-