Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 17:12 - မြန်မာ

12 အ​ကျွန်ုပ်​သည် ဤ​လော​က၌ ဤ​သူ​တို့​နှင့်​တ​ကွ ရှိ​စဉ်​ကာ​လ၊ သူ​တို့​ကို​ကိုယ်​တော်၏​နာ​မ၌ တည်​စေ​ပါ​ပြီ။ အ​ကျွန်ုပ်​အား ပေး​တော်​မူ​သော​သူ​တို့​ကို အ​ကျွန်ုပ်​စောင့်​မ​ပါ​ပြီ။ ထို​သူ​တို့​တွင် ပျက်​စီး​ခြင်း၏​သား​တစ်​ယောက်​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ ပျက်​စီး​ခြင်း​သို့​မ​ရောက်​ပါ။ ထို​သူ​သည် ပျက်​စီး​ခြင်း​သို့ ရောက်​သည်​အ​ကြောင်း​ကား၊ ကျမ်း​စာ ပြည့်​စုံ​မည်​အ​ကြောင်း​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 အ​ကျွန်ုပ်​သည်​သူ​တို့​နှင့်​အ​တူ​ရှိ​စဉ်​သူ​တို့ ကို​ကာ​ကွယ်​စောင့်​ရှောက်​ခဲ့​ပါ​၏။ ကျမ်း​စာ​တော် လာ​သည့်​အ​တိုင်း​ဖြစ်​ပျက်​စေ​ရန်​ပျက်​စီး​ရ မည့်​သူ​တစ်​ဦး​မှ​လွဲ​၍ အ​ခြား​မည်​သူ​တစ်​စုံ တစ်​ယောက်​မျှ​ပျက်​စီး​မှု​မ​ရှိ​ခဲ့​ပါ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 အကျွန်ုပ်သည်သူတို့နှင့်အတူရှိစဉ် ပေးတော်မူသောနာမတော်၌ လုံခြုံစွာစောင့်ထိန်းသဖြင့် ကျမ်းချက်ပြည့်စုံစေရန် ပျက်စီးထိုက်သူမှတစ်ပါးတစ်ယောက်မျှမပျက်စီးပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 အ​ကျွန်ုပ်​သည် ဤ​လော​က၌ ဤ​သူ​တို့​နှင့်​တ​ကွ ရှိ​စဉ်​ကာ​လ၊ သူ​တို့​ကို​ကိုယ်​တော်၏​နာ​မ၌ တည်​စေ​ပါ​ပြီ။ အ​ကျွန်ုပ်​အား ပေး​တော်​မူ​သော​သူ​တို့​ကို အ​ကျွန်ုပ်​စောင့်​မ​ပါ​ပြီ။ ထို​သူ​တို့​တွင် ပျက်​စီး​ခြင်း၏​သား​တစ်​ယောက်​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ ပျက်​စီး​ခြင်း​သို့​မ​ရောက်​ပါ။ ထို​သူ​သည် ပျက်​စီး​ခြင်း​သို့ ရောက်​သည်​အ​ကြောင်း​ကား၊ ကျမ်း​စာ ပြည့်​စုံ​မည်​အ​ကြောင်း​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 အကျွန်ုပ်​သည် သူ​တို့​နှင့်အတူ​ရှိ​စဉ်​တွင် အကျွန်ုပ်​အား ကိုယ်တော်​ပေး​တော်မူ​သော ကိုယ်တော်​၏​နာမ​တော်​၌ သူ​တို့​ကို​ထိန်းသိမ်း​စောင့်ရှောက်​ခဲ့​ပါ​၏။ သူ​တို့​တွင် ပျက်စီး​ခြင်း​၏​သား​မှတစ်ပါး မည်သူ​မျှ​မ​ပျက်စီး​ခဲ့​ပါ။ ထို​သူ​ပျက်စီး​ခဲ့​ရ​ခြင်းမှာ ကျမ်းစာ​ပြည့်စုံ​စေရန်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

12 အကျွန်ုပ်​သည်လည်း ထို​သူတို့​နှင့်အတူ​ရှိ​စဉ် အကျွန်ုပ်​အား ကိုယ်တော်​ပေးအပ်တော်မူသော ကိုယ်တော်​၏​တန်ခိုးတော်​အားဖြင့် သူတို့​ကို ကာကွယ်ခဲ့ပါ၏။ ထို​သူတို့​တွင် ပျက်စီးထိုက်သူ​တစ်ဦး​မှလွဲ၍ အခြား​မည်သူ​မျှ မပျက်စီး​စေရန်​လည်း ကျွန်ုပ်​စောင့်ရှောက်ခဲ့ပါ၏။ ထို​သူ ပျက်စီးခြင်း​မှာ ကျမ်းစာ​တွင် ဖော်ပြထားသည့်​အတိုင်း ဖြစ်ပျက်လာ​ရန်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 17:12
17 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​ရှိ​သ​မျှ​ကို ငါ​ရည်​မှတ်၍ ပြော​သည်​မ​ဟုတ်။ ငါ​ရွေး​ကောက်​သော​သူ​တို့​ကို ငါ​သိ၏။ ကျမ်း​စာ​ချက် ပြည့်​စုံ​စေ​မည်​အ​ကြောင်း ငါ​နှင့်​အ​တူ​စား​သော​သူ​သည် ငါ့​ကို​ခြေ​နှင့်​ကျောက်​သ​တည်း။-


ဤ​လော​က​ထဲ​မှ​ယူ၍ အ​ကျွန်ုပ်၌ အပ်​ပေး​တော်​မူ​သော​သူ​တို့​အား အ​ကျွန်ုပ်​သည် ကိုယ်​တော်၏ နာ​မ​ကို​ပြ​ပါ​ပြီ။ ထို​သူ​တို့​ကို ကိုယ်​တော်​သည်​ပိုင်​တော်​မူ​သ​ဖြင့် အ​ကျွန်ုပ်​အား ပေး​တော်​မူ၏။ ကိုယ်​တော်၏ နှုတ်​က​ပတ်​တ​ရား​ကို သူ​တို့​သည်​စောင့်​ကြ​ပါ၏။-


ကိုယ်​တော်​သည် အ​ကျွန်ုပ်​အား ပေး​တော်​မူ​သော​သူ​တို့​တွင် အ​ဘယ်​သူ​မျှ​ပျက်​စီး​ခြင်း​သို့ မ​ရောက်​ပါ​ဟူ​သော အ​ထက်​က​စ​ကား​တော်​ကို ပြည့်​စုံ​စေ​ခြင်း​ငှာ ဤ​သို့​မိန့်​တော်​မူ၏။


ခ​မည်း​တော်​သည် ငါ့​အား ပေး​တော်​မူ​သ​မျှ​သော​သူ​တို့​သည် ငါ​ထံ​သို့​လာ​ကြ​လိမ့်​မည်။ ငါ့​ထံ​သို့ လာ​သော​သူ​ကို ငါ​သည်​အ​လျှင်း​မ​ပယ်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ