Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 15:11 - မြန်မာ

11 သင်​တို့၌ ငါ​ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း တည်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့ ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း စုံ​လင်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဤ​စ​ကား​ကို သင်​တို့​အား​ငါ​ဟော​ပြော၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 ``သင်​တို့​သည်​ငါ​၏​ဝမ်း​မြောက်​ခြင်း​ကို​ခံ​စား ရ​လျက် အ​ပြည့်​အ​ဝ​ဝမ်း​မြောက်​နိုင်​ကြ​စေ ရန်​ဤ​စ​ကား​ကို​ငါ​ပြော​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 သင်တို့၌ ငါဝမ်းမြောက်ရသည့်ပြင် သင်တို့လည်းအပြည့်အစုံဝမ်းမြောက်ကြစေရန် ထိုသို့ငါဟောခဲ့ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 သင်​တို့၌ ငါ​ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း တည်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့ ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း စုံ​လင်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဤ​စ​ကား​ကို သင်​တို့​အား​ငါ​ဟော​ပြော၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 သင်​တို့​၌ ငါ​၏​ဝမ်းမြောက်​ခြင်း​တည်​နေ​၍ သင်​တို့​၏​ဝမ်းမြောက်​ခြင်း​သည် ပြည့်ဝ​စုံလင်​မည့်​အကြောင်း ဤ​အရာ​များ​ကို သင်​တို့​အား ငါ​ပြော​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 ငါ​၏​ဝမ်းမြောက်ခြင်း​ကို သင်တို့​ခံစားရ​၍ အပြည့်အဝ​ဝမ်းမြောက်​နိုင်စေရန် ဤ​စကား​ကို ငါ​ပြော၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 15:11
21 ပူးပေါင်းရင်းမြစ်များ  

ခြေ​နင်း​ကို​လည်း စီး​စေ​ကြ။ ဆူ​အောင်​ကျွေး​သော နွား​က​လေး​ကို ယူ၍​သတ်​ကြ။ သို့​ပြီး​မှ ငါ​တို့​သည် စား​ကြ​ကုန်​အံ့။ ပျော်​မွေ့​ခြင်း​ကို ပြု​ကြ​ကုန်​အံ့။-


သင်၏​ညီ​မူ​ကား အ​ထက်​က​သေ၏။ ယ​ခု​ရှင်​ပြန်၏။ အ​ထက်​က​ပျောက်၏။ ယ​ခု​တွေ့​ပြန်၏။ ထို​ကြောင့် ပျော်​မွေ့​ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း ရှိ၏၊ အ​ဘ​ဆို​သည်​ဟု မိန့်​တော်​မူ၏။


တွေ့​ပြီး​လျှင် ဝမ်း​မြောက်​သော​စိတ်​နှင့် ပ​ခုံး​ပေါ်​မှာ တင်​ထမ်း၍၊-


တွေ့​ပြီး​လျှင် အ​ဆွေ​ခင်​ပွန်း​အိမ်​နီး​ချင်း​များ​ကို​ခေါ်၍၊ ပျောက်​သော​ငွေ​ကို ငါ​တွေ့​ပြီ။ ငါ​နှင့်​အ​တူ ဝမ်း​မြောက်​ကြ​လော့​ဟု ဆို​တတ်​သည်​မ​ဟုတ်​လော။-


ယ​ခု​တိုင်​အောင် ငါ၏​နာ​မ​ကို​အ​မှီ​ပြု၍ သင်​တို့​သည် အ​ဘယ်​ဆု​ကို​မျှ မ​တောင်း​ကြ​သေး။ သင်​တို့​သည် ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း စုံ​လင်​စေ​ခြင်း​ငှာ တောင်း​ကြ​လော့။ ထို​သို့​တောင်း​လျှင် ရ​ကြ​လိမ့်​မည်။


သင်​တို့​သည် ငါ့​ကို​အ​မှီ​ပြု၍ ငြိမ်​သက်​ခြင်း​ရှိ​စေ​ခြင်း​ငှာ ဤ​စ​ကား​ကို​ငါ​ဟော​ပြော​ပြီ။ သင်​တို့​သည် လော​က၌ ဆင်း​ရဲ​ဒု​က္ခ​ကို ခံ​ရ​ကြ​လိမ့်​မည်။ သို့​သော်​လည်း မ​စိုး​ရိမ်​ကြ​နှင့်။ ငါ​သည် လော​က​ကို​အောင်​ပြီ​ဟု မိန့်​တော်​မူ၏။


ယ​ခု​တွင် အ​ကျွန်ုပ်​သည် ကိုယ်​တော်​ထံ​သို့​သွား​ရ​မည်​ဖြစ်၍၊ ဤ​သူ​တို့​သည် အ​ကျွန်ုပ်​ကို အ​မှီ​ပြု​သ​ဖြင့် ဝမ်း​မြောက်​ခြင်း​နှင့် ပြည်​စုံ​မည်​အ​ကြောင်း၊ ဤ​စ​ကား​ကို ဤ​လော​က၌ အ​ကျွန်ုပ်​ပြော​ပါ၏။-


မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​ကို ရ​သော​သူ​သည် မင်္ဂ​လာ​ဆောင်​လု​လင်​ဖြစ်၏။ မင်္ဂ​လာ​ဆောင်​လု​လင်၏ အ​နား​မှာ​နေ၍ သူ၏​စ​ကား​ကို​ကြား​ရ​သော အ​ဆွေ​ခင်​ပွန်း​သည် ထို​စ​ကား​သံ​ကို​ကြား​သော​အား​ဖြင့် ဝမ်း​မြောက်​ခြင်း​ရှိ၏။ ထို​နည်း​တူ ငါ၏​ဝမ်း​မြောက်​ခြင်း ပြည့်​စုံ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ