တပည့်တော်တို့သည် ထိုစကားကို မှတ်မိ၍ သေခြင်းမှ ထမြောက်ခြင်းသည် အဘယ်သို့ဆိုလိုသနည်းဟု အချင်းချင်း ဆွေးနွေးမေးမြန်းကြ၏။-
ရှင်ယောဟန် 16:17 - မြန်မာ တပည့်တော်အချို့ကလည်း၊ ခဏကြာပြီးမှ သင်တို့သည်ငါ့ကို မမြင်ရကြ။ တစ်ဖန် ခဏကြာပြီးမှ ငါ့ကို မြင်ပြန်ကြလိမ့်မည်ဟူ၍လည်းကောင်း၊ အကြောင်းမူကား၊ ငါသည် ခမည်းတော်ထံသို့ သွားမည်ဟူ၍လည်းကောင်း၊ မိန့်တော်မူသောစကားသည် အဘယ်သို့နည်း။- Common Language Bible တပည့်တော်အချို့တို့က ``အချိန်အနည်း ငယ်ကြာလျှင်သင်တို့ငါ့ကိုတွေ့မြင်ကြတော့ မည်မဟုတ်။ ထိုနောက်အချိန်အနည်းငယ်ကြာ ပြန်သော်ငါ့ကိုပြန်၍တွေ့မြင်ကြလိမ့်မည်' ဟု ကိုယ်တော်မိန့်တော်မူသည်။ ထိုမှတစ်ပါးလည်း ကိုယ်တော်က`ငါသည်ခမည်းတော်ထံသို့သွား ရမည်' ဟုလည်းဆိုသည်။- Garrad Bible ထိုအခါ တပည့်တော်အချို့တို့က ခဏမျှကြာသော် သင်တို့သည်ငါ့ကိုမြင်ရတော့မည်မဟုတ်။ ခဏမျှကြာပြန်သော် မြင်ရကြလိမ့်မည်ဟူ၍လည်းကောင်း၊ ခမည်းတော်ထံ ငါသွားမည်ဖြစ်သောကြောင့်ဟူ၍လည်းကောင်း မိန့်တော်မူသည်မှာ အသို့နည်း။ Judson Bible တပည့်တော်အချို့ကလည်း၊ ခဏကြာပြီးမှ သင်တို့သည်ငါ့ကို မမြင်ရကြ။ တစ်ဖန် ခဏကြာပြီးမှ ငါ့ကို မြင်ပြန်ကြလိမ့်မည်ဟူ၍လည်းကောင်း၊ အကြောင်းမူကား၊ ငါသည် ခမည်းတော်ထံသို့ သွားမည်ဟူ၍လည်းကောင်း၊ မိန့်တော်မူသောစကားသည် အဘယ်သို့နည်း။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ တပည့်တော်အချို့တို့သည် “‘ခဏကြာလျှင် သင်တို့သည် ငါ့ကိုမြင်ရကြမည်မဟုတ်။ သို့ရာတွင် နောက်ထပ် ခဏကြာလျှင် ငါ့ကိုပြန်တွေ့မြင်ရကြလိမ့်မည်’ဟူ၍လည်းကောင်း၊‘ငါသည် ခမည်းတော်ထံသို့ သွားတော့မည်’ဟူ၍လည်းကောင်း ငါတို့အား မိန့်တော်မူသောဤစကားမှာ မည်သို့နည်း”ဟု အချင်းချင်းပြောဆိုကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း တပည့်တော်တချို့က “ ‘မကြာမီ အချိန်တွင် သင်တို့သည် ငါ့ကို တွေ့မြင်ကြရတော့မည်မဟုတ်။ သို့ရာတွင် အချိန်အနည်းငယ် ကြာပြန်သော် ငါ့ကို ပြန်လည်တွေ့မြင်ကြရလိမ့်မည်’ ဟူ၍ လည်းကောင်း၊ ‘ငါသည် ခမည်းတော်ထံသို့ သွားမည်’ ဟူ၍ လည်းကောင်း ငါတို့ကို မိန့်တော်မူသောစကားတို့မှာ မည်သို့သောအဓိပ္ပာယ် ဖြစ်မည်နည်း။ |
တပည့်တော်တို့သည် ထိုစကားကို မှတ်မိ၍ သေခြင်းမှ ထမြောက်ခြင်းသည် အဘယ်သို့ဆိုလိုသနည်းဟု အချင်းချင်း ဆွေးနွေးမေးမြန်းကြ၏။-
ခံပြီးမှ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူသော အကြောင်းများကို တပည့်တော်တို့အား ပြတော်မူ၏။ ထိုအကြောင်းများကို သူတို့သည် နားမလည်သော်လည်း၊ ကိုယ်တော်ကို မမေးမလျှောက်ဝံ့ကြ။
ထိုစကားတော်တစ်ခွန်းကိုမျှ တပည့်တော်တို့သည် နားမလည်ကြ။ ထိုအကြောင်းအရာသည် ဝှက်ထားလျက်ရှိသည်ဖြစ်၍ မိန့်တော်မူချက်အနက်ကို မရိပ်မိကြ။
ထိုစကားတော်၏ အနက်မထင်ရှားသဖြင့် တပည့်တော်တို့သည် နားမလည် မရိပ်မိဘဲနေကြ၏။ အနက်ကိုလည်း မမေးမလျှောက်ဝံ့ကြ။
ထိုအကြောင်းအရာကို တပည့်တော်တို့သည် အစအဦး၌နားမလည်သော်လည်း၊ ကိုယ်တော်ကို ရည်မှတ်၍ ထိုသို့ရေးထားသည်ကိုလည်းကောင်း၊ ကိုယ်တော်အား ထိုသို့ပြုကြသည်ကိုလည်းကောင်း၊ ဘုန်းပွင့်တော်မူသည်နောက် သတိရ၍ မှတ်မိကြ၏။
ယုဒရှကာရုတ်မဟုတ်၊ အခြားသောယုဒက၊ သခင်၊ ကိုယ်တော်သည် လောကီသားတို့အား မထင်ရှားဘဲ အကျွန်ုပ်တို့အား အဘယ်သို့ ထင်ရှားတော်မူမည်နည်းဟု မေးလျှောက်၏။-
သောမကလည်း၊ သခင်၊ ကိုယ်တော်သည် အဘယ်အရပ်သို့ သွားတော်မူသည်ကို အကျွန်ုပ်တို့ မသိသည်ဖြစ်၍၊ လမ်းခရီးကိုအဘယ်သို့ သိနိုင်ပါမည်နည်းဟု လျှောက်လျှင်၊-
ခဏကြာပြီးမှ သင်တို့သည် ငါ့ကိုမမြင်ရကြ။ တစ်ဖန် ခဏကြာပြီးမှ ငါ့ကိုမြင်ပြန်ကြလိမ့်မည်။ အကြောင်းမူကား၊ ငါသည်ခမည်းတော်ထံသို့ သွားမည်ဟု မိန့်တော်မူ၏။-
ခဏဟူ၍မိန့်တော်မူသော် အဘယ်သို့ဆိုလိုသနည်း။ မိန့်တော်မူသောစကားကို အကျွန်ုပ်တို့သည် နားမလည်ဟု အချင်းချင်းပြောဆိုကြ၏။-
တပည့်တော်တို့သည် မေးလျှောက်လိုသည်ကို ယေရှုသိမြင်တော်မူလျှင်၊ ခဏကြာပြီးမှ သင်တို့သည် ငါ့ကိုမမြင်ရကြ။ တစ်ဖန် ခဏကြာပြီးမှ ငါ့ကိုမြင်ပြန်ကြလိမ့်မည်ဟု ငါပြောသောစကားကို သင်တို့သည် အချင်းချင်း ဆင်ခြင်ကြသလော။-
ငါ့ကို စေလွှတ်တော်မူသောသူထံသို့ ယခု ငါသွားရမည်ဖြစ်၍၊ အဘယ်အရပ်သို့ သွားမည်နည်းဟု သင်တို့မမေးကြ။-