ရှင်ယောဟန် 16:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း17 တပည့်တော်တချို့က “ ‘မကြာမီ အချိန်တွင် သင်တို့သည် ငါ့ကို တွေ့မြင်ကြရတော့မည်မဟုတ်။ သို့ရာတွင် အချိန်အနည်းငယ် ကြာပြန်သော် ငါ့ကို ပြန်လည်တွေ့မြင်ကြရလိမ့်မည်’ ဟူ၍ လည်းကောင်း၊ ‘ငါသည် ခမည်းတော်ထံသို့ သွားမည်’ ဟူ၍ လည်းကောင်း ငါတို့ကို မိန့်တော်မူသောစကားတို့မှာ မည်သို့သောအဓိပ္ပာယ် ဖြစ်မည်နည်း။ အခန်းကိုကြည့်ပါ။Common Language Bible17 တပည့်တော်အချို့တို့က ``အချိန်အနည်း ငယ်ကြာလျှင်သင်တို့ငါ့ကိုတွေ့မြင်ကြတော့ မည်မဟုတ်။ ထိုနောက်အချိန်အနည်းငယ်ကြာ ပြန်သော်ငါ့ကိုပြန်၍တွေ့မြင်ကြလိမ့်မည်' ဟု ကိုယ်တော်မိန့်တော်မူသည်။ ထိုမှတစ်ပါးလည်း ကိုယ်တော်က`ငါသည်ခမည်းတော်ထံသို့သွား ရမည်' ဟုလည်းဆိုသည်။- အခန်းကိုကြည့်ပါ။Garrad Bible17 ထိုအခါ တပည့်တော်အချို့တို့က ခဏမျှကြာသော် သင်တို့သည်ငါ့ကိုမြင်ရတော့မည်မဟုတ်။ ခဏမျှကြာပြန်သော် မြင်ရကြလိမ့်မည်ဟူ၍လည်းကောင်း၊ ခမည်းတော်ထံ ငါသွားမည်ဖြစ်သောကြောင့်ဟူ၍လည်းကောင်း မိန့်တော်မူသည်မှာ အသို့နည်း။ အခန်းကိုကြည့်ပါ။Judson Bible17 တပည့်တော်အချို့ကလည်း၊ ခဏကြာပြီးမှ သင်တို့သည်ငါ့ကို မမြင်ရကြ။ တစ်ဖန် ခဏကြာပြီးမှ ငါ့ကို မြင်ပြန်ကြလိမ့်မည်ဟူ၍လည်းကောင်း၊ အကြောင်းမူကား၊ ငါသည် ခမည်းတော်ထံသို့ သွားမည်ဟူ၍လည်းကောင်း၊ မိန့်တော်မူသောစကားသည် အဘယ်သို့နည်း။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း17 ထိုအခါ တပည့်တော်အချို့တို့သည် “‘ခဏကြာလျှင် သင်တို့သည် ငါ့ကိုမြင်ရကြမည်မဟုတ်။ သို့ရာတွင် နောက်ထပ် ခဏကြာလျှင် ငါ့ကိုပြန်တွေ့မြင်ရကြလိမ့်မည်’ဟူ၍လည်းကောင်း၊‘ငါသည် ခမည်းတော်ထံသို့ သွားတော့မည်’ဟူ၍လည်းကောင်း ငါတို့အား မိန့်တော်မူသောဤစကားမှာ မည်သို့နည်း”ဟု အချင်းချင်းပြောဆိုကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ17 တပည့်တော်အချို့ကလည်း၊ ခဏကြာပြီးမှ သင်တို့သည်ငါ့ကို မမြင်ရကြ။ တစ်ဖန် ခဏကြာပြီးမှ ငါ့ကို မြင်ပြန်ကြလိမ့်မည်ဟူ၍လည်းကောင်း၊ အကြောင်းမူကား၊ ငါသည် ခမည်းတော်ထံသို့ သွားမည်ဟူ၍လည်းကောင်း၊ မိန့်တော်မူသောစကားသည် အဘယ်သို့နည်း။- အခန်းကိုကြည့်ပါ။ |
ဤအရာသည် ပရောဖက်ဟောပြောချက်အတိုင်း ဖြစ်လာသည်ကို တပည့်တော်တို့သည် ထိုအခါက နားမလည်ကြ။ သို့သော် ယေရှု ဘုန်းပွင့်တော်မူပြီးနောက်မှသာ ဤအကြောင်းအရာများသည် ကိုယ်တော်ကို ရည်ညွှန်း၍ ထိုသို့ရေးသားထားကြောင်းကိုလည်းကောင်း၊ ကိုယ်တော်ကို ထိုသို့ပြုခဲ့ကြကြောင်းကိုလည်းကောင်း တပည့်တော်တို့သည် ပြန်လည်သတိရကြ၏။
ယေရှုသည် တပည့်တော်တို့ မေးခွန်းမေးလျှောက်လိုကြောင်းကို သိတော်မူသောအခါ “ ‘မကြာမီ အချိန်တွင် သင်တို့သည် ငါ့ကို တွေ့မြင်ကြရတော့မည်မဟုတ်။ သို့ရာတွင် အချိန်အနည်းငယ် ကြာပြန်သော် ငါ့ကို ပြန်လည်တွေ့မြင်ကြရလိမ့်မည်’ ဟု သင်တို့ကို ငါပြောသောစကားနှင့်ပတ်သက်၍ အချင်းချင်းမေးမြန်းပြောဆို နေကြသလော။