တစ်နေ့သ၌ ထိုဆင်းရဲသားသည် သေလွန်၍၊ ကောင်းကင်တမန်တို့သည် အာဗြဟံ၏ရင်ခွင်သို့ ပို့ဆောင်ကြ၏။ သူဌေးသည်လည်း သေလွန်၍ သင်္ဂြိုဟ်ခြင်းကို ခံရလေ၏။-
ရှင်ယောဟန် 13:23 - မြန်မာ ယေရှုချစ်တော်မူသော တပည့်တော်သည် ရင်ခွင်တော်နားမှာ လျောင်းသဖြင့်၊- Common Language Bible ထိုအခါသခင်ယေရှုချစ်တော်မူသော တပည့်တော်သည် ကိုယ်တော်၏လက်ယာတော် ဘက်တွင်ထိုင်လျက်နေ၏။- Garrad Bible ထိုအခါ ယေရှုချစ်တော်မူ၍ ရင်ခွင်တော်၌လျောင်းနေသောတပည့်တော်တစ်ပါးအား၊ Judson Bible ယေရှုချစ်တော်မူသော တပည့်တော်သည် ရင်ခွင်တော်နားမှာ လျောင်းသဖြင့်၊- မြန်မာ့စံမီသမ္မာကျမ်း တပည့်တော်တို့ထဲမှ တစ်ပါးဖြစ်သည့် ယေရှုချစ်တော်မူသောသူသည် ကိုယ်တော်၏ရင်ခွင်တော်နားမှာ ထိုင်လျက်နေသဖြင့် ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုချစ်တော်မူသောတပည့်တော်သည် ကိုယ်တော်၏နံဘေး၌ မှီလျက်နေ၏။ |
တစ်နေ့သ၌ ထိုဆင်းရဲသားသည် သေလွန်၍၊ ကောင်းကင်တမန်တို့သည် အာဗြဟံ၏ရင်ခွင်သို့ ပို့ဆောင်ကြ၏။ သူဌေးသည်လည်း သေလွန်၍ သင်္ဂြိုဟ်ခြင်းကို ခံရလေ၏။-
ဘုရားသခင်ကို အဘယ်သူမျှ မမြင်စဖူးသော်လည်း၊ ခမည်းတော်၏ရင်ခွင်၌ရှိသော တစ်ပါးတည်းသောသားတော်သည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ။
ညီအစ်မတို့သည် အထံတော်သို့စေလွှတ်၍၊ သခင်၊ ကိုယ်တော်ချစ်တော်မူသောသူသည် နာလျက်နေပါသည်ဟု လျှောက်ကြ၏။-
ယုဒလူတို့က၊ ကြည့်ပါ၊ လာဇရုကို အလွန်ချစ်တော်မူပါသည်တကားဟု ဆိုကြ၏။-
ယေရှုသည် မာသကိုလည်းကောင်း၊ သူ၏ညီမနှင့် လာဇရုကိုလည်းကောင်း ချစ်တော်မူ၏။-
အဘယ်သူကိုရည်ဆောင်၍ မိန့်တော်မူသနည်းဟု မေးစေခြင်းငှာ၊ ရှိမုန်ပေတရုသည် ထိုတပည့်တော်ကို အမှတ်ပေး၏။-
ထိုတပည့်တော်သည် ယေရှု၏ရင်တော်ကိုမှီ၍ လျောင်းနေလျက် သခင်၊ အဘယ်သူနည်းဟု လျှောက်၏။-
ထိုအခါ မယ်တော်နှင့် ချစ်တော်မူသောတပည့်တော်သည် အနားမှာရပ်နေသည်ကို ယေရှုသည် မြင်တော်မူလျှင်၊ မယ်တော်အား၊ အချင်းမိန်းမ၊ သင်၏သားကို ကြည့်ပါဟူ၍လည်းကောင်း၊-
ရှိမုန်ပေတရုနှင့် ယေရှုချစ်တော်မူသော အခြားတပည့်တော်ဆီသို့ ပြေးသွား၍၊ သင်္ချိုင်းတော်မှ သခင်ကိုယူသွားကြပြီ။ အဘယ်မှာထားကြသည်ကို မသိဟုပြောဆို၏။-
ယေရှုချစ်တော်မူ၍ အထက်က ညစာစားသောအခါ၌ ရင်တော်ကိုမှီ၍လျောင်းလျက်၊ သခင်၊ ကိုယ်တော်ကို အပ်နှံသောသူကား အဘယ်သူနည်းဟု မေးသောတပည့်တော်သည်လည်း နောက်တော်သို့ လိုက်သည်ကို ပေတရုသည်လှည့်၍မြင်လျှင်၊-
ထိုအခါ ယေရှုချစ်တော်မူသောတပည့်တော်က၊ ငါတို့သခင်ပေတည်းဟု ပေတရုအား ပြောဆို၏။ သခင်ဖြစ်ကြောင်းကို ရှိမုန်ပေတရုသည် ကြားလျှင်၊ အဝတ်ကို မခြုံဘဲရှိလျက် အပေါ်အင်္ကျီကိုသာ ဝတ်စည်း၍ အိုင်ထဲသို့ ဆင်းလေ၏။-