Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 11:3 - မြန်မာ

3 ညီ​အစ်​မ​တို့​သည် အ​ထံ​တော်​သို့​စေ​လွှတ်၍၊ သ​ခင်၊ ကိုယ်​တော်​ချစ်​တော်​မူ​သော​သူ​သည် နာ​လျက်​နေ​ပါ​သည်​ဟု လျှောက်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 ညီ​အစ်​မ​နှစ်​ယောက်​တို့​က ``အ​ရှင်၊ အ​ရှင် ချစ်​တော်​မူ​သော​သူ​သည်​ဖျား​နာ​လျက်​နေ ပါ​၏'' ဟု​သ​ခင်​ယေ​ရှု​ထံ​သို့​သ​တင်း​ပေး ပို့​လိုက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 ထိုညီအစ်မတို့သည် အရှင်ဘုရား၊ ကိုယ်တော်ချစ်တော်မူသူနာလျက်နေပါသည်ဟု စေလွှတ်လျှောက်ထားကြရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 ညီ​အစ်​မ​တို့​သည် အ​ထံ​တော်​သို့​စေ​လွှတ်၍၊ သ​ခင်၊ ကိုယ်​တော်​ချစ်​တော်​မူ​သော​သူ​သည် နာ​လျက်​နေ​ပါ​သည်​ဟု လျှောက်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 ထို့ကြောင့် ထို​ညီအစ်မ​တို့​သည် ကိုယ်တော်​ထံသို့ လူ​ကို​စေလွှတ်​၍ “သခင်​ဘုရား၊ ကိုယ်တော်​ချစ်ခင်​တော်မူ​သော​သူ​သည် နာမကျန်း​ဖြစ်​နေ​ပါ​သည်”​ဟု လျှောက်ထား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

3 ထို​ညီအစ်မ​နှစ်ဦး​က “သခင်… သခင်​ချစ်တော်မူသော​သူ​သည် အပြင်းဖျား​လျက်​ရှိပါ၏” ဟု ယေရှု​ထံတော်သို့ သတင်းပို့ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 11:3
16 ပူးပေါင်းရင်းမြစ်များ  

သ​ခင်​ဘု​ရား​သည် ထို​မိန်း​မ​ကို​မြင်​လျှင် သ​နား​ခြင်း​စိတ်​တော်​ရှိ၍၊ မ​ငို​နှင့်​ဟု မိန့်​တော်​မူ​လျက် အ​နီး​သို့​ကြွ၍ တ​လား​ကို လက်​နှင့်​တို့​တော်​မူ​သ​ဖြင့်၊ ထမ်း​သော​သူ​တို့​သည် ရပ်၍​နေ​ကြ၏၊-


ညီ​အစ်​မ မာ​ရိ​နှင့် မာ​သ​တို့​နေ​သော ဗေ​သ​နိ​ရွာ​သား၊ လာ​ဇ​ရု​အ​မည်​ရှိ​သော သူ​တစ်​ယောက်​သည် နာ​လျက်​နေ​လေ၏။-


ငါ​တို့​အ​ဆွေ လာ​ဇ​ရု​သည် အိပ်​ပျော်၏။ သူ့​ကို​နှိုး​ခြင်း​အ​လို​ငှာ ငါ​သွား​မည်​ဟု မိန့်​တော်​မူ၏။-


နာ​လျက်​နေ​သော လာ​ဇ​ရု၏​နှ​မ​မာ​ရိ​ကား၊ သ​ခင်​ဘု​ရား​ကို ဆီ​မွှေး​နှင့်​လိမ်း၍ ခြေ​တော်​ကို မိ​မိ​ဆံ​ပင်​နှင့်​သုတ်​သော မာ​ရိ ဖြစ်​သ​တည်း။-


မာ​ရိ​မူ​ကား​အိမ်၌ ထိုင်​လျက်​နေ​ရစ်၏။ မာ​သ​က၊ သ​ခင်၊ ကိုယ်​တော်​ရှိ​တော်​မူ​လျှင် ကျွန်​မ၏​မောင် မ​သေ​ပါ။-


ယု​ဒ​လူ​တို့​က၊ ကြည့်​ပါ၊ လာ​ဇ​ရု​ကို အ​လွန်​ချစ်​တော်​မူ​ပါ​သည်​တ​ကား​ဟု ဆို​ကြ၏။-


ယေ​ရှု​သည် မာ​သ​ကို​လည်း​ကောင်း၊ သူ၏​ညီ​မ​နှင့် လာ​ဇ​ရု​ကို​လည်း​ကောင်း ချစ်​တော်​မူ၏။-


သင်​တို့​သည် ငါ့​ကို အ​ရှင်​ဘု​ရား​ဟူ၍​လည်း​ကောင်း၊ သ​ခင်​ဟူ၍​လည်း​ကောင်း ခေါ်​တတ်​ကြ၏။ ထို​စ​ကား​သည်​လည်း ဟုတ်​မှန်​သော​စ​ကား​ဖြစ်၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​ခေါ်​ကြ​သည်​အ​တိုင်း ငါ​မှန်၏။-


ယေ​ရှု​ချစ်​တော်​မူ​သော တ​ပည့်​တော်​သည် ရင်​ခွင်​တော်​နား​မှာ လျောင်း​သ​ဖြင့်၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ