ဇေဗေဒဲ၏သားယာကုပ်နှင့် သူ့ညီယောဟန်၊ ဖိလိပ္ပုနှင့် ဗာသောလမဲ၊ သောမနှင့် အခွန်ခံမဿဲ၊ အာလဖဲ၏သားယာကုပ်နှင့် သဒ္ဒဲဟု အမည်သစ်ကိုရသော လေဗဲ၊-
ရှင်ယောဟန် 1:44 - မြန်မာ ဖိလိပ္ပုကား၊ အန္ဒြေနှင့်ပေတရုမွေးဖွားရာ ဗက်ဇဲဒမြို့မှ လာသောသူဖြစ်သတည်း။- Common Language Bible (ဖိလိပ္ပုသည်ဗက်ဇဲဒမြို့သားဖြစ်၏။ ဗက်ဇဲဒ မြို့ကားအန္ဒြေနှင့်ပေတရုတို့နေထိုင်ရာမြို့ တည်း။)- Garrad Bible ဖိလိပ္ပုကား အန္ဒြေနှင့်ပေတရုတို့နေထိုင်ရာ ဗက်ဇဲဒမြို့သားတည်း။ Judson Bible ဖိလိပ္ပုကား၊ အန္ဒြေနှင့်ပေတရုမွေးဖွားရာ ဗက်ဇဲဒမြို့မှ လာသောသူဖြစ်သတည်း။- မြန်မာ့စံမီသမ္မာကျမ်း ဖိလိပ္ပုသည် အန္ဒြေနှင့်ပေတရုတို့၏ဇာတိမြို့ဖြစ်သော ဗက်ဇဲဒမြို့မှလာသောသူဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဖိလိပ္ပုသည် ဗက်ဇဲဒမြို့သားဖြစ်၏။ ထိုဗက်ဇဲဒမြို့သည် အန္ဒြေနှင့် ပေတရုတို့၏ ဇာတိမြို့လည်းဖြစ်၏။ |
ဇေဗေဒဲ၏သားယာကုပ်နှင့် သူ့ညီယောဟန်၊ ဖိလိပ္ပုနှင့် ဗာသောလမဲ၊ သောမနှင့် အခွန်ခံမဿဲ၊ အာလဖဲ၏သားယာကုပ်နှင့် သဒ္ဒဲဟု အမည်သစ်ကိုရသော လေဗဲ၊-
အို ခေါရာဇိန်မြို့၊ သင်သည် အမင်္ဂလာရှိ၏။ အို ဗက်ဇဲဒမြို့၊ သင်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ သင်တို့တွင်ပြသော တန်ခိုးကို တုရုမြို့နှင့် ဇိဒုန်မြို့တို့တွင်ပြဖူးလျှင်၊ ထိုမြို့တို့သည် ရှေးကာလ၌ လျှော်တေအဝတ်ကို ဝတ်၍၊ ပြာနှင့်လူးလျက် နောင်တ ရကြလိမ့်မည်။-
အန္ဒြေ၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲ၊ သောမ၊ အာလဖဲ၏သားယာကုပ်၊ သဒ္ဒဲ၊ ကာနနိတ်လူရှိမုန်၊-
စည်းဝေးသောသူတို့ကို လွှတ်တော်မူစဉ်တွင် တပည့်တော်တို့ကို လှေစီးစေ၍ ကမ်းတစ်ဖက် ဗက်ဇဲဒမြို့သို့ အရင်ကူးစေတော်မူ၏။-
ဗက်ဇဲဒမြို့သို့ ရောက်တော်မူလျှင်၊ လူကန်းတစ်ယောက်ကို အထံတော်သို့ဆောင်ခဲ့၍၊ ထိုသူကို တို့တော်မူမည်အကြောင်း တောင်းပန်ကြ၏။-
အို ခေါရာဇိန်မြို့၊ သင်သည် အမင်္ဂလာရှိ၏။ အို ဗက်ဇဲဒမြို့၊ သင်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ သင်တို့တွင် ပြသောတန်ခိုးကို တုရုမြို့နှင့် ဇိဒုန်မြို့တို့တွင် ပြဖူးလျှင်၊ ထိုမြို့တို့သည် ရှေးကာလ၌ လျှော်တေအဝတ်ကို ဝတ်၍၊ ပြာထဲမှထိုင်လျက် နောင်တရကြလိမ့်မည်။-
ပေတရုအမည်သစ်ကိုရသော ရှိမုန်နှင့် သူ့ညီအန္ဒြေ၊ ယာကုပ်နှင့် ယောဟန်၊ ဖိလိပ္ပုနှင့် ဗာသောလမဲ၊-
တမန်တော်တို့သည် အထံတော်သို့ပြန်လာ၍ မိမိတို့ပြုသမျှတို့ကို ကြားလျှောက်ကြ၏။ ကိုယ်တော်သည် သူတို့ကိုခေါ်၍၊ ဗက်ဇဲဒမြို့နယ်အတွင်း တော၌ ဆိတ်ကွယ်ရာအရပ်သို့ ကြွတော်မူ၏။ လူအစုအဝေးတို့သည် သိလျှင် နောက်တော်သို့ လိုက်ကြ၏။-
နက်ဖြန်နေ့၌ ဂါလိလဲပြည်သို့ကြွခြင်းငှာ အလိုတော်ရှိလျှင် ဖိလိပ္ပုကိုတွေ့၍၊ ငါ့နောက်သို့ လိုက်လော့ဟု မိန့်တော်မူ၏။-
ဖိလိပ္ပုသည် နာသနေလကိုတွေ့လျှင်၊ မောရှေသည် ပညတ္တိကျမ်း၌လည်းကောင်း၊ ပရောဖက်တို့သည် သူတို့ကျမ်း၌လည်းကောင်း အကြောင်းပြု၍ ရေးထားသောသူ၊ နာဇရက်မြို့သားဖြစ်သော ယောသပ်၏သားယေရှုကို ငါတို့သည် တွေ့ကြပြီဟုဆို၏။-
နာသနေလကလည်း၊ နာဇရက်မြို့ထဲက ကောင်းသောအရာ တစ်စုံတစ်ခုမျှ ထွက်နိုင်သလောဟုမေးလျှင်၊ ဖိလိပ္ပုက၊ လာ၍ကြည့်ပါဟု ဆို၏။-
နာသနေလကလည်း၊ ကိုယ်တော်သည် အဘယ်သို့သောအားဖြင့် အကျွန်ုပ်ကို သိတော်မူသနည်းဟု မေးလျှောက်သော်၊ ယေရှုက၊ ဖိလိပ္ပုသည် သင့်ကိုမခေါ်မီ၊ သင်သည် သင်္ဘောသဖန်းပင်အောက်၌ ရှိသည်ကို ငါမြင်သည်ဟု ပြန်၍မိန့်တော်မူလျှင်၊-
ထိုသူတို့သည် ဂါလိလဲပြည်ဗက်ဇဲဒမြို့သားဖြစ်သော ဖိလိပ္ပုထံသို့သွား၍ အကျွန်ုပ်တို့သည် ယေရှုကို မြင်ချင်ပါသည်ခင်ဗျားဟု တောင်းပန်ကြ၏။-
ဖိလိပ္ပုသည်သွား၍ အန္ဒြေကို ကြားပြောပြီးမှ၊ ထိုသူနှစ်ယောက်တို့သည် ယေရှုကိုလျှောက်၏။-
ယေရှုသည် မျှော်ကြည့်၍ လူအစုအဝေးအပေါင်းတို့သည် အထံတော်သို့လာကြသည်ကို မြင်တော်မူလျှင်၊ ဖိလိပ္ပုအား၊ ဤသူတို့စားစရာမုန့်ကို အဘယ်မှာ ဝယ်မည်နည်းဟု မေးတော်မူ၏။-
ဖိလိပ္ပုကလည်း၊ ဤသူတို့သည် မုန့်တစ်ဖဲ့စီစေ့အောင် ဒေနာရိအပြားနှစ်ရာအဖိုးထိုက်သောမုန့် မလောက်ပါဟု လျှောက်၏။-