Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မဿဲ 11:21 - မြန်မာ

21 အို ခေါ​ရာ​ဇိန်​မြို့၊ သင်​သည် အ​မင်္ဂ​လာ​ရှိ၏။ အို ဗက်​ဇဲ​ဒ​မြို့၊ သင်​သည် အ​မင်္ဂ​လာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​တွင်​ပြ​သော တန်​ခိုး​ကို တု​ရု​မြို့​နှင့် ဇိ​ဒုန်​မြို့​တို့​တွင်​ပြ​ဖူး​လျှင်၊ ထို​မြို့​တို့​သည် ရှေး​ကာ​လ၌ လျှော်​တေ​အ​ဝတ်​ကို ဝတ်၍၊ ပြာ​နှင့်​လူး​လျက် နောင်​တ ရ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

21 ``အို ခေါ​ရာ​ဇိန်​မြို့၊ သင်​သည်​အ​မင်္ဂ​လာ​ရှိ​၏။ အို ဗက်​ဇဲ ဒ​မြို့၊ သင်​သည်​အ​မင်္ဂ​လာ​ရှိ​၏။ သင်​တို့​တွင်​ငါ​ပြု​ခဲ့ သည့်​အံ့​ဖွယ်​အ​မှု​အ​ရာ​များ​ကို​တု​ရု​နှင့်​ဇိ​ဒုံ​မြို့ တို့​တွင်​သာ​ပြု​ခဲ့​ပါ​မူ ထို​မြို့​တို့​သည်​ရှေး​မ​ဆွ​က​ပင် လျှင်​လျှော်​တေ​ကို​ဝတ်​၍​ပြာ​နှင့်​လူး​လျက်​နောင်​တ ရ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 အ ချင်း ခေါ ရာ ဇိန် မြို့၊ သင်၌ အ မင်္ဂ လာ ရှိ၏။ အ ချင်း ဗက် ဇဲ ဒ မြို့၊ သင်၌ အ မင်္ဂ လာ ရှိ၏။ အ သို့ ဆို သော် သင် တို့၌ ဖြစ် ဘူး သော အ မှု ကြီး များ သည် တု ရု နှင့် ဇိ ဒုန် မြို့ များ တွင် ဖြစ် ခဲ့ လျှင် ရှေး အ ထက် က ပင် လျှော် တေ ဝတ်၍ ပြာ လူး လျက် နောင် တ ရ ကြ လေ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 အို ခေါ​ရာ​ဇိန်​မြို့၊ သင်​သည် အ​မင်္ဂ​လာ​ရှိ၏။ အို ဗက်​ဇဲ​ဒ​မြို့၊ သင်​သည် အ​မင်္ဂ​လာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​တွင်​ပြ​သော တန်​ခိုး​ကို တု​ရု​မြို့​နှင့် ဇိ​ဒုန်​မြို့​တို့​တွင်​ပြ​ဖူး​လျှင်၊ ထို​မြို့​တို့​သည် ရှေး​ကာ​လ၌ လျှော်​တေ​အ​ဝတ်​ကို ဝတ်၍၊ ပြာ​နှင့်​လူး​လျက် နောင်​တ ရ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 “ခေါရာဇိန်​မြို့၊ သင်​သည် အမင်္ဂလာရှိ​၏။ ဗက်ဇဲဒ​မြို့၊ သင်​သည် အမင်္ဂလာရှိ​၏။ အကြောင်းမူကား သင်​တို့​၌​ပြု​ခဲ့​သော​တန်ခိုး​လက္ခဏာ​များ​ကို တိုင်ရာ​မြို့​နှင့်​ဆီဒုန်​မြို့​တို့​၌​ပြု​ခဲ့​လျှင် သူ​တို့​သည် ရှေးယခင်​က​ပင် လျှော်တေ​အဝတ်​ကို​ဝတ်​လျက် ပြာ​နှင့်​လူး​ကာ နောင်တရ​ခဲ့​ကြ​ပေ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

21 ယေရှု​က “အို ခေါရာဇိန်မြို့… သင်​သည် အမင်္ဂလာ​ရှိ၏။ အို ဗက်ဇဲဒမြို့… သင်​သည် အမင်္ဂလာ​ရှိ၏။ ငါ​သည် သင်တို့​တွင် ပြခဲ့သော အံ့ဖွယ်တန်ခိုးတို့​ကို တိုင်ရာမြို့​နှင့် ဆီဒုန်မြို့​တွင် ပြခဲ့​လျှင် ထို​မြို့တို့​၌ ရှိသော​သူတို့​သည် လျှော်ထည်ကြမ်း​ကို ဝတ်​၍ ပြာ​ထဲတွင် ထိုင်​လျက် ယခင်​ကတည်းက​ပင် မိမိတို့​၏ အပြစ်များ​အတွက် နောင်တရခဲ့ပြီး​ဖြစ်​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 11:21
31 ပူးပေါင်းရင်းမြစ်များ  

ငါ​ဆို​သည်​ကား၊ တ​ရား​ဆုံး​ဖြတ်​သော​နေ့၌ သင်​တို့​သည် တု​ရု​မြို့​နှင့် ဇိ​ဒုန်​မြို့​ထက် သာ၍ ခံ​ရ​ကြ​လ​တ္တံ့။-


ယေ​ရှု​သည် ထို​အ​ရပ်​မှ​ထွက်၍ တု​ရု​မြို့​နှင့် ဇိ​ဒုန်​မြို့၏ ကျေး​လက်​သို့ ကြွ​တော်​မူ​လျှင်၊-


မှား​ယွင်း​စ​ရာ​အ​ကြောင်း​များ ရှိ​သော​ကြောင့် လော​ကီ​သား​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ မှား​ယွင်း​စ​ရာ​အ​ကြောင်း ရှိ​ရ​မည်။ သို့​သော်​လည်း မှား​ယွင်း​စ​ရာ​အ​ကြောင်း​ကို ဖြစ်​စေ​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ၏။-


ကျမ်း​စာ​လာ​သည်​အ​တိုင်း လူ​သား​သည် သွား​ရ​မည်။ သို့​သော်​လည်း လူ​သား​ကို​အပ်​နှံ​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ၏။ ထို​သူ​သည် ဖွား​မြင်​ခြင်း​ကို​မ​ခံ​ရ​လျှင် အ​နေ​သာ၍​ကောင်း​သည်​ဟု မိန့်​တော်​မူ၏။-


ယေ​ရု​ရှ​လင်​မြို့​မှ​စ​သော ယု​ဒ​ပြည်၊ ဣ​ဒု​မဲ​ပြည်၊ ယော်​ဒန်​မြစ်​တစ်​ဖက်​မှ လာ​ကြ​သော လူ​များ​အ​ပေါင်း​တို့​နှင့် တု​ရု​မြို့၊ ဇိ​ဒုန်​မြို့ ပတ်​ဝန်း​ကျင်​အ​ရပ်​တို့​မှ လာ​ကြ​သော လူ​များ​အ​ပေါင်း​တို့​သည် ပြု​တော်​မူ​သ​မျှ​ကို ကြား​လျှင် အ​ထံ​တော်​သို့ လာ​ကြ၏။-


စည်း​ဝေး​သော​သူ​တို့​ကို လွှတ်​တော်​မူ​စဉ်​တွင် တ​ပည့်​တော်​တို့​ကို လှေ​စီး​စေ၍ ကမ်း​တစ်​ဖက် ဗက်​ဇဲ​ဒ​မြို့​သို့ အ​ရင်​ကူး​စေ​တော်​မူ၏။-


ကိုယ်​တော်​သည် ထို​အ​ရပ်​မှ​ထ၍ တု​ရု​မြို့​နှင့် ဇိ​ဒုန်​မြို့၏ ကျေး​လက်​သို့ ကြွ​တော်​မူ​ပြီး​လျှင် အိမ်​သို့​ဝင်၍ အ​ဘယ်​သူ​မျှ မ​သိ​စေ​ခြင်း​ငှာ အ​လို​တော်​ရှိ​သော်​လည်း ပုန်း​ရှောင်၍ နေ​တော်​မ​မူ​နိုင်။-


တစ်​ဖန် ကိုယ်​တော်​သည် တု​ရု​မြို့​နှင့် ဇိ​ဒုန်​မြို့၏ ကျေး​လက်​မှ​ထွက်၍ ဒေ​ကာ​ပေါ​လိ​ပြည်​နယ်​ကို လျှောက်​သွား​သ​ဖြင့်၊ ဂါ​လိ​လဲ​အိုင်​သို့ ရောက်​တော်​မူ၏။-


ဗက်​ဇဲ​ဒ​မြို့​သို့ ရောက်​တော်​မူ​လျှင်၊ လူ​ကန်း​တစ်​ယောက်​ကို အ​ထံ​တော်​သို့​ဆောင်​ခဲ့၍၊ ထို​သူ​ကို တို့​တော်​မူ​မည်​အ​ကြောင်း တောင်း​ပန်​ကြ၏။-


သို့​သော်​လည်း၊ ထို​မု​ဆိုး​မ​တစ်​ယောက်​ရှိ​ရာ​သို့​မျှ ဧ​လိ​ယ​ကို စေ​လွှတ်​တော်​မ​မူ။ ဇိ​ဒုန်​ပြည် ဇ​ရ​တ္တ​မြို့​သူ​ဖြစ်​သော မု​ဆိုး​မ​တစ်​ယောက်​ရှိ​ရာ​သို့ စေ​လွှတ်​တော်​မူ၏။-


ထို​သူ​တို့​နှင့်​တ​ကွ ကိုယ်​တော်​သည် တောင်​ပေါ်​က​ဆင်း​ကြွ၍ မြေ​ညီ​ရာ​အ​ရပ်၌ ရပ်​တော်​မူ၏။ တ​ရား​နာ​ခြင်း​ငှာ​လည်း​ကောင်း၊ အနာ ရောဂါတို့ကိုငြိမ်းစေခြင်းငှာလည်းကောင်း၊ ယေ​ရု​ရှ​လင်​မြို့​မှ​စ၍ ယု​ဒ​ပြည်၊ ပင်​လယ်​ကမ်း​နား၊ တု​ရု​မြို့၊ ဇိ​ဒုန်​မြို့ အ​ရပ်​ရပ်​တို့​က လာ​ကြ​သော လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​နှင့် တ​ပည့်​တော်​အ​ပေါင်း​တို့​သည် ရှိ​ကြ၏။-


တ​မန်​တော်​တို့​သည် အ​ထံ​တော်​သို့​ပြန်​လာ၍ မိ​မိ​တို့​ပြု​သ​မျှ​တို့​ကို ကြား​လျှောက်​ကြ၏။ ကိုယ်​တော်​သည် သူ​တို့​ကို​ခေါ်၍၊ ဗက်​ဇဲ​ဒ​မြို့​နယ်​အ​တွင်း တော၌ ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ ကြွ​တော်​မူ၏။ လူ​အ​စု​အ​ဝေး​တို့​သည် သိ​လျှင် နောက်​တော်​သို့ လိုက်​ကြ၏။-


ဖိ​လိ​ပ္ပု​ကား၊ အ​န္ဒြေ​နှင့်​ပေ​တ​ရု​မွေး​ဖွား​ရာ ဗက်​ဇဲ​ဒ​မြို့​မှ လာ​သော​သူ​ဖြစ်​သ​တည်း။-


ထို​သူ​တို့​သည် ဂါ​လိ​လဲ​ပြည်​ဗက်​ဇဲ​ဒ​မြို့​သား​ဖြစ်​သော ဖိ​လိ​ပ္ပု​ထံ​သို့​သွား၍ အ​ကျွန်ုပ်​တို့​သည် ယေ​ရှု​ကို မြင်​ချင်​ပါ​သည်​ခင်​ဗျား​ဟု တောင်း​ပန်​ကြ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ