ခံတွင်းသို့ဝင်သောအရာသည် လူကိုညစ်ညူးစေသည် မဟုတ်။ ခံတွင်းမှထွက်သောအရာသည် ညစ်ညူးစေသောအရာ ဖြစ်သည်ဟု မိန့်တော်မူ၏။-
ရှင်မာကု 7:18 - မြန်မာ ကိုယ်တော်ကလည်း၊ သင်တို့သည် ဤမျှလောက် ပညာမဲ့လျက် နေသလော။ လူပြင်မှလာ၍ လူအတွင်းသို့ ဝင်သမျှသည် နှလုံးထဲသို့မဝင်။- Common Language Bible ကိုယ်တော်က ``သင်တို့သည်ဤမျှပင်အသိဉာဏ် ကင်းမဲ့လျက်နေကြသလော။ လူ၏အတွင်းသို့ ပြင်ပမှဝင်သည့်အရာတစ်စုံတစ်ခုမျှစိတ် နှလုံးထဲသို့မဝင်။ အစာအိမ်သို့သာဝင်ပြီး လျှင် အိမ်သာတွင်းသို့သက်ဆင်းသွားသောကြောင့် လူ၏ကိုယ်တွင်းသို့ဝင်သည့်အရာသည် လူကို မညစ်ညမ်းစေနိုင်ကြောင်းကို သင်တို့နားမ လည်ကြသလော'' ဟုမိန့်တော်မူ၏။ (ဤသို့ မိန့်တော်မူခြင်းအားဖြင့် မစားအပ်သည့် အစားအစာဟူ၍မရှိကြောင်းရှင်းပြ တော်မူသတည်း။) Garrad Bible ကိုယ် တော် က သင် တို့ လည်း ဤ မျှ လောက် ဉာဏ် ကင်း လျက် ရှိ နေ ကြ သ လော။ ပြင် ပ က ဝင် သော အ ရာ သည် စိတ် နှ လုံး ထဲ သို့ မ ရောက်။ ဝမ်း သို့ ရောက်၍ အိမ် သာ တွင် စွန့် ရ သော ကြောင့် လူ ကို မ သန့် အောင် ပြု နိုင် သည် မ ဟုတ် ကြောင်း မ သိ မ မြင် ကြ လော ဟု မိန့် တော် မူ သ ဖြင့် စား ဖွယ် ခဲ ဖွယ် အ မျိုး မျိုး ကို အ သန့် ထား တော် မူ၏။ Judson Bible ကိုယ်တော်ကလည်း၊ သင်တို့သည် ဤမျှလောက် ပညာမဲ့လျက် နေသလော။ လူပြင်မှလာ၍ လူအတွင်းသို့ ဝင်သမျှသည် နှလုံးထဲသို့မဝင်။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ကိုယ်တော်က“သင်တို့သည်လည်း ဤမျှလောက် အသိတရားကင်းမဲ့လျက်နေကြသလော။ ပြင်ပမှ လူ့အထဲသို့ဝင်သမျှသောအရာသည် လူကိုမညစ်ညူးစေနိုင်ကြောင်း သင်တို့မသိကြသလော။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ကိုယ်တော်က “သင်တို့သည်လည်း နားမလည်ဘဲ ရှိနေကြသေးသလော။ လူ့အတွင်းသို့ ဝင်သမျှသောအစာသည် လူကို မညစ်ညမ်းစေနိုင်ကြောင်းကို သင်တို့မသိကြသလော။ |
ခံတွင်းသို့ဝင်သောအရာသည် လူကိုညစ်ညူးစေသည် မဟုတ်။ ခံတွင်းမှထွက်သောအရာသည် ညစ်ညူးစေသောအရာ ဖြစ်သည်ဟု မိန့်တော်မူ၏။-
ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့၏ တဆေးကို ကြဉ်ရှောင်ကြ ဟူသောစကားကို ငါပြောသည်တွင်၊ မုန့်ကိုအမှတ်ပြု၍ ငါမပြောသည်ကို သင်တို့သည် နားမလည်ဘဲ အဘယ်သို့နေကြသနည်းဟု မိန့်တော်မူ၏။-
သင်တို့သည် ဤဥပမာကိုမျှ နားမလည်လျှင်၊ ဥပမာရှိသမျှတို့ကို အဘယ်သို့ နားလည်ကြမည်နည်း။-
လူအစုအဝေးရှိရာမှ ကြွ၍ အိမ်သို့ ဝင်တော်မူပြီးလျှင်၊ တပည့်တော်တို့သည် ထိုဥပမာကို မေးမြန်းကြ၏။-
ဝမ်းထဲသို့ဝင်၍ အစာရှိသမျှကို သန့်ရှင်းစေသဖြင့် ရေအိမ်တွင် ဆင်းသွားသောကြောင့်၊ လူကို မညစ်ညူးစေနိုင်သည်ကို နားမလည်ကြသလော။-
ကိုယ်တော်ကလည်း၊ ပရောဖက်ဟောပြောသောစကားများကို ယုံနိုင်အောင် ဉာဏ်မရှိ၊ စိတ်ခိုင်မာသောသူတို့၊-
တစ်ဖန်ယေရှုက၊ သင်သည် ဣသရေလလူတို့တွင် ဓမ္မဆရာဖြစ်လျက်ပင် ဤအမှုအရာကို မသိသလော။-