Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မဿဲ 16:11 - မြန်မာ

11 ဖာ​ရိ​ရှဲ​နှင့် ဇ​ဒ္ဒု​ကဲ​တို့၏ တ​ဆေး​ကို ကြဉ်​ရှောင်​ကြ ဟူ​သော​စ​ကား​ကို ငါ​ပြော​သည်​တွင်၊ မုန့်​ကို​အ​မှတ်​ပြု၍ ငါ​မ​ပြော​သည်​ကို သင်​တို့​သည် နား​မ​လည်​ဘဲ အ​ဘယ်​သို့​နေ​ကြ​သ​နည်း​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 ဖာ​ရိ​ရှဲ​နှင့်​ဇဒ္ဒု​ကဲ​တို့​၏​တ​ဆေး​ကို​ရှောင်​ကြဉ် ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 မုန့် အ ကြောင်း နှင့် စပ်၍ မ ပြော သည် ကို အ ဘယ် ကြောင့် နား မ လည် ကြ သ နည်း။ ဖာ ရိ ရှဲ တို့ နှင့် ဇ ဒ္ဒု ကဲ တို့၏ တ ဆေး ကို ကား ကြဉ် ရှောင် ကြ လော့ ဟု မိန့် တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ဖာ​ရိ​ရှဲ​နှင့် ဇ​ဒ္ဒု​ကဲ​တို့၏ တ​ဆေး​ကို ကြဉ်​ရှောင်​ကြ ဟူ​သော​စ​ကား​ကို ငါ​ပြော​သည်​တွင်၊ မုန့်​ကို​အ​မှတ်​ပြု၍ ငါ​မ​ပြော​သည်​ကို သင်​တို့​သည် နား​မ​လည်​ဘဲ အ​ဘယ်​သို့​နေ​ကြ​သ​နည်း​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 မုန့်​နှင့်​ပတ်သက်၍ သင်​တို့​အား ငါ​ပြော​သည်​မ​ဟုတ်​ကြောင်း​ကို အဘယ်ကြောင့် သင်​တို့​နား​မ​လည်​ကြ​သနည်း။ ဖာရိရှဲ​နှင့်​ဇဒ္ဒုကဲ​တို့​၏​တဆေး​ကို​မူကား သတိထား​ကြ​လော့”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 ငါ​သည် စားစရာ​နှင့်​ပတ်သက်​၍ ပြောဆိုနေသည်​မဟုတ်ကြောင်း​ကို အဘယ်ကြောင့် သင်တို့​နားမလည်နိုင်ကြသနည်း။ ထပ်မံ၍ ငါ​ပြောသည်​မှာ ဖာရိရှဲ​နှင့် ဇဒ္ဒုကဲတို့​၏ တဆေး​ကို သတိပြုကြလော့” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 16:11
10 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ဖာ​ရိ​ရှဲ​နှင့် ဇ​ဒ္ဒု​ကဲ​တို့​သည် ကိုယ်​တော်​ကို စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ငှာ ချဉ်း​ကပ်၍၊ မိုး​ကောင်း​ကင်​က​ဖြစ်​သော နိ​မိတ်​လ​က္ခ​ဏာ​ကို ပြ​တော်​မူ​မည်​အ​ကြောင်း တောင်း​ပန်​ကြ၏။-


ထို​အ​ခါ တ​ပည့်​တော်​တို့​သည် မုန့်၏​တ​ဆေး​ကို ကြဉ်​ရှောင်​ကြ​ဟု မိန့်​တော်​မ​မူ။ ဖာ​ရိ​ရှဲ​နှင့် ဇ​ဒ္ဒု​ကဲ​တို့၏ ဩ​ဝါ​ဒ​ကို ကြဉ်​ရှောင်​ကြ​ဟု မိန့်​တော်​မူ​သည်​ကို နား​လည်​ကြ​သ​တည်း။


ယေ​ရှု​က​လည်း၊ ဖာ​ရိ​ရှဲ​နှင့် ဇ​ဒ္ဒု​ကဲ​တို့၏​တ​ဆေး​ကို သ​တိ​နှင့် ကြဉ်​ရှောင်​ကြ​ဟု မိန့်​တော်​မူ၏။-


ဖာ​ရိ​ရှဲ​နှင့် ဇ​ဒ္ဒု​ကဲ​အ​များ​တို့​သည် ဗ​တ္တိ​ဇံ​ကို ခံ​အံ့​သော​ငှာ လာ​ကြ​သည်​ကို ယော​ဟန်​သည်​မြင်​လျှင်၊ အ​ချင်း​မြွေ​ဆိုး​အ​မျိုး​တို့၊ ရောက်​လု​သော​ဘေး​ဒဏ်​မှ ပြေး​သွား​စိမ့်​သော​ငှာ၊ အ​ဘယ်​သူ​သည် သင်​တို့​ကို သ​တိ​ပေး​ဘိ​သ​နည်း။


ကိုယ်​တော်​က​လည်း၊ သင်​တို့​သည် အ​ဘယ်​ကြောင့် ဤ​မျှ​လောက် ကြောက်​တတ်​သ​နည်း။ အ​ဘယ်​ကြောင့် ယုံ​ကြည်​ခြင်း​စိတ်​နှင့် ကင်း​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊-


ကိုယ်​တော်​က​လည်း၊ ဖာ​ရိ​ရှဲ​တို့၏ တ​ဆေး​ကို​လည်း​ကောင်း၊ ဟေ​ရုဒ်၏ တ​ဆေး​ကို​လည်း​ကောင်း၊ သ​တိ​နှင့် ကြဉ်​ရှောင်​ကြ​ဟု ပ​ညတ်​တော်​မူ၏။-


သို့​ဖြစ်​လျှင်၊ သင်​တို့​သည် နား​မ​လည်​ဘဲ အ​ဘယ်​သို့ နေ​ကြ​သ​နည်း​ဟု မိန့်​တော်​မူ၏။


ထို​အ​ခါ အ​တိုင်း​မ​သိ​များ​စွာ​သော လူ​တို့​သည် စု​ဝေး၍ အ​ချင်း​ချင်း နင်း​မိ​မ​တတ်​နေ​ကြ​သည်​ရှိ​သော်၊ ယေ​ရှု​သည် တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​သည်​ကား၊ လျှို့​ဝှက်​ခြင်း​တည်း​ဟူ​သော ဖာ​ရိ​ရှဲ​တို့၏ တ​ဆေး​ကို ရှေ့​ဦး​စွာ ကြဉ်​ရှောင်​ကြ​လော့။-


လျှို့​ဝှက်​သော​သူ​တို့၊ သင်​တို့​သည် မြေ​ကြီး၏​မျက်​နှာ​နှင့် မိုး​ကောင်း​ကင်၏​မျက်​နှာ​ကို ပိုင်း​ခြား၍ သိ​နိုင်​ကြ၏။ ယ​ခု​ကပ်​ကာ​လ​ကို အ​ဘယ်​ကြောင့်​ပိုင်း​ခြား၍ မ​သိ​နိုင်​ကြ​သ​နည်း။


အ​ဘယ်​ကြောင့်​ငါ့​စ​ကား​ကို နား​မ​လည်​ကြ​သ​နည်း။ ငါ၏​ဒေ​သ​နာ​ကို နား​မ​ခံ​မ​ယူ​နိုင်​သော​ကြောင့်​သာ သင်​တို့​သည် ငါ့​စ​ကား​ကို နား​မ​လည်​ကြ။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ