လူအချို့က၊ ကိုယ်တော်သည် ဗတ္တိဇံဆရာယောဟန်ဖြစ်သည် ဟူ၍လည်းကောင်း၊ အချို့က၊ ဧလိယဖြစ်သည် ဟူ၍လည်းကောင်း၊ အချို့က၊ ယေရမိမှစ၍ ပရောဖက်တစ်ပါးပါးဖြစ်သည် ဟူ၍လည်းကောင်း ဆိုကြပါ၏ဟု လျှောက်ကြသော်၊-
ရှင်မာကု 6:15 - မြန်မာ လူအချို့က၊ ဤသူသည် ဧလိယဖြစ်သည်ဟု ဆိုကြ၏။ အချို့က၊ ရှေးပရောဖက်ကဲ့သို့ ပရောဖက်ဖြစ်သည်ဟု ဆိုကြ၏။- Common Language Bible အချို့သူများက ``ယေရှုသည်ဧလိယဖြစ် ၏'' ဟုဆိုကြ၏။ အချို့သူများကမူ ``ယေရှုသည်ရှေးပရောဖက် များကဲ့သို့သောပရောဖက်တစ်ပါးဖြစ်၏'' ဟု ပြောဆိုကြ၏။- Judson Bible လူအချို့က၊ ဤသူသည် ဧလိယဖြစ်သည်ဟု ဆိုကြ၏။ အချို့က၊ ရှေးပရောဖက်ကဲ့သို့ ပရောဖက်ဖြစ်သည်ဟု ဆိုကြ၏။- မြန်မာ့စံမီသမ္မာကျမ်း အချို့တို့ကလည်း “သူသည် ဧလိယဖြစ်၏”ဟု ဆိုကြပြီး အချို့တို့ကလည်း “ရှေးပရောဖက်များတစ်ပါးပါးကဲ့သို့သောပရောဖက်ဖြစ်၏”ဟု ဆိုကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် တချို့က “သူသည် ပရောဖက်ဧလိယဖြစ်သည်” ဟု ဆိုကြ၏။ တချို့က “သူသည် ရှေးပရောဖက်ကဲ့သို့သော ပရောဖက်တစ်ပါးဖြစ်သည်” ဟု ဆိုကြ၏။ |
လူအချို့က၊ ကိုယ်တော်သည် ဗတ္တိဇံဆရာယောဟန်ဖြစ်သည် ဟူ၍လည်းကောင်း၊ အချို့က၊ ဧလိယဖြစ်သည် ဟူ၍လည်းကောင်း၊ အချို့က၊ ယေရမိမှစ၍ ပရောဖက်တစ်ပါးပါးဖြစ်သည် ဟူ၍လည်းကောင်း ဆိုကြပါ၏ဟု လျှောက်ကြသော်၊-
လူအစုအဝေးတို့က၊ ဤသူသည် ဂါလိလဲပြည် နာဇရက်မြို့၌ ပေါ်ထွန်းသော ပရောဖက်ယေရှုပေတည်းဟု ပြောဆိုကြ၏။
ဟေရုဒ်သည် ကြားလျှင်၊ ဤသူကား ငါ၏အမိန့်နှင့် လည်ပင်းကိုဖြတ်သော ယောဟန်ဖြစ်၏။ သေခြင်းမှ ထမြောက်လေပြီဟု ဆိုလေ၏။-
လူအချို့က၊ ကိုယ်တော်သည် ဗတ္တိဇံဆရာယောဟန် ဖြစ်သည် ဟူ၍လည်းကောင်း၊ အချို့က ဧလိယဖြစ်သည် ဟူ၍လည်းကောင်း၊ အချို့က ပရောဖက်တစ်ပါးပါး ဖြစ်သည်ဟူ၍လည်းကောင်း ဆိုကြပါ၏ဟု လျှောက်ကြသော်၊-
အဘတို့နှင့် သားတို့ကို အသင့်အတင့် ဖြစ်စေခြင်းငှာလည်းကောင်း၊ ငြင်းဆန်သောသူတို့ကို သူတော်ကောင်းတို့၏ သတိပညာလမ်းသို့ ပြောင်းလဲစေသောအားဖြင့်၊ ထာဝရဘုရားအဖို့အလိုငှာ ပြင်ဆင်သောလူမျိုး ဖြစ်စေခြင်းငှာလည်းကောင်း၊ သူသည်ဧလိယ၏ စိတ်ဝိညာဉ်တန်ခိုးနှင့်ပြည့်စုံလျက်၊ ဘုရားသခင့်ရှေ့တော်သို့ သွားလိမ့်မည်ဟု ကောင်းကင်တမန် ပြောဆို၏။-
လူအပေါင်းတို့သည် ကြောက်ရွံ့ခြင်းသို့ရောက်၍၊ ကြီးစွာသောပရောဖက်သည် ငါတို့တွင်ပေါ်ထွန်းပြီ။ ဘုရားသခင်သည် မိမိလူမျိုးကို အကြည့်အရှု ကြွလာတော်မူပြီ ဟူ၍ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းကြ၏။-
ကိုယ်တော်ကို ခေါ်ပင့်သောဖာရိရှဲသည် မြင်လေသော်၊ ဤသူသည် ပရောဖက်မှန်လျှင် ခြေတော်ကိုကိုင်သော ဤမိန်းမသည် အဘယ်သို့သောသူဖြစ်သည်ကို သိလိမ့်မည်။ ဤမိန်းမသည် ဆိုးသောသူဖြစ်၏ဟု ထင်မှတ်၏။
လူအချို့က၊ ကိုယ်တော်သည် ဗတ္တိဇံဆရာ ယောဟန်ဖြစ်သည် ဟူ၍လည်းကောင်း၊ အချို့က၊ ဧလိယဖြစ်သည် ဟူ၍လည်းကောင်း၊ အချို့က၊ ရှေးပရောဖက် တစ်ပါးပါးထပြန်သည် ဟူ၍လည်းကောင်း ဆိုကြပါ၏ဟု လျှောက်ကြသော်၊-
အချို့က ဧလိယပေါ်ထွန်းပြီဟု ဆိုကြ၏။ အချို့က ရှေးပရောဖက်တစ်ပါးပါး ထပြန်ပြီဟု ဆိုကြ၏။-
ထိုသူတို့ကလည်း၊ သို့ဖြစ်လျှင် သင်သည် အဘယ်သူနည်း။ ဧလိယဖြစ်သလောဟု မေးမြန်းပြန်၏။ ယောဟန်က၊ ငါသည် ဧလိယမဟုတ်ဟု ဆို၏။ ဤမည်သော ပရောဖက်ဖြစ်သလောဟု မေးပြန်လျှင်၊ မဟုတ်ဟု ဆိုပြန်၏။-
ထိုသူတို့ကလည်း၊ သင်သည် ခရစ်တော်မဟုတ်၊ ဧလိယမဟုတ်၊ ဤမည်သော ပရောဖက်မဟုတ်သည်မှန်လျှင် အဘယ်ကြောင့် ဗတ္တိဇံကိုပေးသနည်းဟု မေးပြန်ကြ၏။-
ထိုသို့ယေရှုပြတော်မူသော နိမိတ်လက္ခဏာကို ထိုလူများတို့သည်မြင်လျှင်၊ ဤသူကား ဤလောကသို့ ကြွလာရသော ပရောဖက်အမှန်ဖြစ်သည်ဟု ဆိုကြ၏။-
စကားတော်ကို ကြားသောလူအများတို့က၊ ဤသူသည် လာလတ္တံ့သောပရောဖက် အမှန်ဖြစ်သည်ဟု ဆိုကြ၏။-
တစ်ဖန် မျက်စိကန်းဖူးသောသူအား၊ သင်၏မျက်စိကို ဖွင့်သောသူသည် အဘယ်သို့သောသူဖြစ်သနည်းဟု မေးကြလျှင်၊ ပရောဖက်ဖြစ်သည်ဟုဆို၏။