လူအစုအဝေးအပေါင်းတို့သည်မိန်းမောတွေဝေ၍ ဤသူသည် ဒါဝိဒ်၏သားတော် ဖြစ်လိမ့်မည်လောဟု ပြောဆိုကြ၏။-
ရှင်မာကု 2:12 - မြန်မာ ထိုသူသည်လည်း ချက်ချင်းထ၍ အိပ်ရာကိုဆောင်လျက် လူအပေါင်းတို့ရှေ့မှာ ထွက်သွား၏။ ထိုလူအပေါင်းတို့သည် မိန်းမောတွေဝေခြင်းရှိ၍၊ ဤကဲ့သို့ တစ်ခါမျှမမြင်စဖူးဟု ပြောဆို၍ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းကြ၏။ Common Language Bible လူပရိသတ်ရှေ့မှောက်၌ပင်ထိုသူသည်ထ၍ ထမ်းစင်ကိုထမ်းပြီးလျှင်ထွက်သွားလေသည်။ ယင်းသို့ထ၍ထွက်သွားသဖြင့်လူအပေါင်း တို့သည်လွန်စွာအံ့သြကြ၏။ ``ဤအချင်း အရာမျိုးကိုငါတို့အဘယ်အခါကမျှ မမြင်စဖူး'' ဟုဆိုကာဘုရားသခင်၏ ဂုဏ်တော်ကိုချီးကူးကြ၏။ Garrad Bible ချက် ခြင်း ထ ပြီး လျှင် ထမ်း စင် ကို ဆောင်၍ အား လုံး ရှေ့ ထွက် သွား လေ၏။ ထို သူ ရှိ သ မျှ လည်း အံ့ သြ၍ ထို အ တိုင်း ငါ တို့ မ မြင် စ ဖူး ဟု ဆို လျက် ဘု ရား သ ခင်၏ ဘုန်း တော် ကို ချီး မြှောက် ကြ၏။ Judson Bible ထိုသူသည်လည်း ချက်ချင်းထ၍ အိပ်ရာကိုဆောင်လျက် လူအပေါင်းတို့ရှေ့မှာ ထွက်သွား၏။ ထိုလူအပေါင်းတို့သည် မိန်းမောတွေဝေခြင်းရှိ၍၊ ဤကဲ့သို့ တစ်ခါမျှမမြင်စဖူးဟု ပြောဆို၍ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ လေဖြတ်သောသူသည်ထ၍ အိပ်ရာကိုချက်ချင်းဆောင်ယူလျက် လူအပေါင်းတို့ရှေ့မှထွက်သွားလေ၏။ လူအပေါင်းတို့သည် အံ့သြငေးမော၍ “ငါတို့သည် ဤကဲ့သို့သောအဖြစ်မျိုးကို တစ်ခါမျှမမြင်စဖူး”ဟု ပြောဆိုလျက် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူသည် ချက်ချင်း ထ၍ ထမ်းစင်ကို ယူကာ လူထုကြားမှ ထွက်သွားလေ၏။ လူတို့သည် အံ့အားသင့်လျက် “ဤသို့သောအဖြစ်အပျက်မျိုးကို မည်သည့်အခါမျှ မမြင်ဖူးပါ” ဟု ပြောဆိုကာ ဘုရားသခင်ကို ချီးမွမ်းကြ၏။ |
လူအစုအဝေးအပေါင်းတို့သည်မိန်းမောတွေဝေ၍ ဤသူသည် ဒါဝိဒ်၏သားတော် ဖြစ်လိမ့်မည်လောဟု ပြောဆိုကြ၏။-
အနာရောဂါများကို ငြိမ်းစေတော်မူသဖြင့်၊ အသောသူသည် စကားပြောသည်ကိုလည်းကောင်း၊ ချို့တဲ့သောသူသည် ပကတိဖြစ်သည်ကိုလည်းကောင်း၊ ခြေမစွမ်းသောသူသည် လှမ်းသွားသည်ကိုလည်းကောင်း၊ မျက်စိကန်းသောသူသည် မြင်ရသည်ကိုလည်းကောင်း၊ လူအစုအဝေးတို့သည်မြင်လျှင် အံ့ဩခြင်းသို့ရောက်၍ ဣသရေလအမျိုး၏ ဘုရားသခင် ဂုဏ်တော်ကို ချီးမွမ်းကြ၏။
နတ်ဆိုးကို နှင်ထုတ်တော်မူပြီးမှ ထိုအသောသူသည် စကားပြော၏။ လူအစုအဝေးတို့သည်လည်း အံ့ဩ၍၊ ဣသရေလအမျိုး၌ ဤကဲ့သို့ မမြင်ရစဖူးဟု ပြောဆိုကြ၏။-
လူအစုအဝေးတို့သည် မြင်လျှင် အံ့ဩခြင်းရှိ၍၊ လူတို့အား ဤသို့သောအခွင့်ကို အပ်ပေးတော်မူသော ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြ၏။-
လူအပေါင်းတို့သည် မိန်းမောတွေဝေ၍၊ ဤအမှုသည် အဘယ်သို့နည်း။ ဤဆုံးမခြင်းအသစ်သည် အဘယ်သို့နည်း။ ညစ်ညူးသောနတ်တို့ကိုပင် အာဏာနှင့်မှာထား၍၊ သူတို့သည် နားထောင်ကြသည်တကားဟု အချင်းချင်း မေးမြန်းပြောဆိုကြ၏။-
ကိုယ်အိပ်ရာကို ဆောင်၍ ကိုယ်အိမ်သို့သွားလော့ဟု သင့်အား ငါဆိုသည်ဟု လက်ခြေသေသောသူအား မိန့်တော်မူ၏။-
သူ့အပေါ်မှာလက်တော်ကို တင်တော်မူသဖြင့်၊ သူသည် ချက်ချင်း တည့်မတ်ခြင်းသို့ရောက်၍ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းလေ၏။-
ထိုသူတို့တွင် တစ်ယောက်သောသူသည် အနာရောဂါကင်းလွတ်သည်ကို သိမြင်လျှင်၊ ပြန်လာ၍ ကြီးသောအသံနှင့် ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းလေ၏။-
ထိုသူအပေါင်းတို့သည် မိန်းမောတွေဝေ၍ ကြောက်ရွံ့အားကြီးသည်နှင့်၊ ငါတို့သည် အံ့ဖွယ်သောအမှုအရာကို ယနေ့မြင်ခဲ့ပြီဟုပြောဆို၍ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြ၏။
လူအပေါင်းတို့သည် ကြောက်ရွံ့ခြင်းသို့ရောက်၍၊ ကြီးစွာသောပရောဖက်သည် ငါတို့တွင်ပေါ်ထွန်းပြီ။ ဘုရားသခင်သည် မိမိလူမျိုးကို အကြည့်အရှု ကြွလာတော်မူပြီ ဟူ၍ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းကြ၏။-
လူအစုအဝေးထဲ၌ ပါသောလူအများတို့သည် ယုံကြည်သည်ဖြစ်၍၊ ခရစ်တော်သည် ကြွလာတော်မူသောအခါ၊ ဤသူပြသော နိမိတ်လက္ခဏာထက် သာ၍များသော နိမိတ်လက္ခဏာတို့ကို ပြတော်မူမည်လောဟု ဆိုကြ၏။
အမိဝမ်းတွင်းကပင် မျက်စိကန်းသောသူကို မျက်စိမြင်စေခြင်းငှာ တတ်နိုင်သည်ကို ကမ္ဘာဦးမှစ၍ မကြားစဖူး။-