Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 17:15 - မြန်မာ

15 ထို​သူ​တို့​တွင် တစ်​ယောက်​သော​သူ​သည် အ​နာ​ရော​ဂါ​ကင်း​လွတ်​သည်​ကို သိ​မြင်​လျှင်၊ ပြန်​လာ၍ ကြီး​သော​အ​သံ​နှင့် ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို ချီး​မွမ်း​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 သူ​တို့​အ​နက်​လူ​တစ်​ယောက်​သည်​မိ​မိ​ရော​ဂါ ပျောက်​ကင်း​သွား​ကြောင်း​ကို​သိ​သော​အ​ခါ ဘု​ရား​သ​ခင်​၏​ဘုန်း​အသ​ရေ​တော်​ကို​အ​သံ ကျယ်​စွာ​ချီး​ကူး​လျက်​ကိုယ်​တော်​၏​ထံ​သို့ ပြန်​လာ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 ရော ဂါ ကင်း ပျောက် ကြောင်း ကို တစ် ယောက် ယောက် သိ မြင် သော်၊ ဘု ရား သ ခင့် ဘုန်း တော် ကို ကျယ် သော အ သံ နှင့် ချီး မြောက် လျက် ပြန် လာ ပြီး လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 ထို​သူ​တို့​တွင် တစ်​ယောက်​သော​သူ​သည် အ​နာ​ရော​ဂါ​ကင်း​လွတ်​သည်​ကို သိ​မြင်​လျှင်၊ ပြန်​လာ၍ ကြီး​သော​အ​သံ​နှင့် ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို ချီး​မွမ်း​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 သူ​တို့​ထဲမှ​တစ်​ဦး​သည် မိမိ​အနာရောဂါ​ပျောက်ကင်း​သွား​ကြောင်း​သိမြင်​သောအခါ ကျယ်လောင်​သော​အသံ​ဖြင့် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​လျက် ပြန်လာ​ကာ

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

15 ထို​သူတို့​အထဲ​မှ တစ်ယောက်သော​သူ​သည် ရောဂါပျောက်ကင်းကြောင်း သိမြင်​သောအခါ ယေရှု​ထံ ပြန်လာ​၍ ဘုရားသခင်​၏​ဘုန်းတန်ခိုးတော်​ကို အော်ဟစ်​ချီးမွမ်းလေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 17:15
13 ပူးပေါင်းရင်းမြစ်များ  

လူ​အ​စု​အ​ဝေး​တို့​သည် မြင်​လျှင် အံ့​ဩ​ခြင်း​ရှိ၍၊ လူ​တို့​အား ဤ​သို့​သော​အ​ခွင့်​ကို အပ်​ပေး​တော်​မူ​သော ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ၏။-


ထို​သူ​သည်​လည်း ချက်​ချင်း​ထ၍ အိပ်​ရာ​ကို​ဆောင်​လျက် လူ​အ​ပေါင်း​တို့​ရှေ့​မှာ ထွက်​သွား၏။ ထို​လူ​အ​ပေါင်း​တို့​သည် မိန်း​မော​တွေ​ဝေ​ခြင်း​ရှိ၍၊ ဤ​ကဲ့​သို့ တစ်​ခါ​မျှ​မ​မြင်​စ​ဖူး​ဟု ပြော​ဆို၍ ဘု​ရား​သ​ခင်၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ၏။


ထို​နောက်​မှ ယေ​ရှု​သည်​ဗိ​မာန်​တော်၌ ထို​သူ​ကို တွေ့​တော်​မူ​လျှင် သင်​သည် ကျန်း​မာ​ခြင်း​ရှိ၏။ သာ၍​ဆိုး​သော​ဘေး​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း နောက်​တစ်​ဖန် ဒု​စ​ရိုက်​ကို​မ​ပြု​နှင့်​ဟု မိန့်​တော်​မူ၏။-


သ​ခင်၊ အ​ကျွန်ုပ်​ယုံ​ကြည်​ပါ၏​ဟု လျှောက်၍ ညွှတ်​ပျပ်​ကိုး​ကွယ်​လေ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ