ငါ့ထမ်းပိုးကို တင်၍ ထမ်းကြလော့။ ငါ့ထံ၌ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်။-
မဿဲ 5:5 - မြန်မာ စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ပြည်တော်ကို အမွေခံရကြလတ္တံ့။- Common Language Bible ``စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ ထိုသူတို့သည်ဘုရားသခင်ကတိထားတော် မူသောကောင်းချီးကိုခံစားရကြလတ္တံ့။ Garrad Bible စိတ် သိမ် မွေ့ သော သူ တို့၌ မင်္ဂ လာ ရှိ၏။ ထို သူ တို့ သည် မြေ ကြီး ကို အ ပိုင် ရ လ တ္တံ့။ Judson Bible စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ပြည်တော်ကို အမွေခံရကြလတ္တံ့။- မြန်မာ့စံမီသမ္မာကျမ်း နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် ကမ္ဘာမြေကို အမွေဆက်ခံရကြလိမ့်မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ကမ္ဘာလောကတစ်ခုလုံးကို အမွေခံကြရမည်ဖြစ်သောကြောင့်ပင်။ |
ငါ့ထမ်းပိုးကို တင်၍ ထမ်းကြလော့။ ငါ့ထံ၌ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်။-
နူးညံ့သိမ်မွေ့သောစိတ်နှင့် သင်ရှိရာသို့ ကြွလာတော်မူသည်ကို ကြည့်ရှုလော့ဟု ဇိအုန်သတို့သမီးအား ပြောကြလော့ဟူသော ပရောဖက်၏နှုတ်ထွက် ပြည့်စုံမည်အကြောင်း ဖြစ်သတည်း။