Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 5:4 - မြန်မာ

4 စိတ်​မ​သာ​ညည်း​တွား​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား ထို​သူ​တို့​သည် သက်​သာ​ခြင်း​သို့ ရောက်​ကြ​လ​တ္တံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 ``ဝမ်း​နည်း​ပူ​ဆွေး​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ ဘု​ရား​သ​ခင်​သည်​ထို​သူ​တို့​အား​စိတ်​သက်​သာ မှု​ကို ပေး​တော်​မူ​လတ္တံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 မြည် တမ်း ရ သော သူ တို့၌ မင်္ဂ လာ ရှိ၏။ ထို သူ တို့ သည် နှစ် သိမ့် ရ ကြ လ တ္တံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 စိတ်​မ​သာ​ညည်း​တွား​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား ထို​သူ​တို့​သည် သက်​သာ​ခြင်း​သို့ ရောက်​ကြ​လ​တ္တံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ဝမ်းနည်း​ကြေကွဲ​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် နှစ်သိမ့်​ခြင်း​ကို​ခံစား​ရ​ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

4 ငိုကြွေးမြည်တမ်းသော​သူတို့​သည် မင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ထို​သူတို့​သည် နှစ်သိမ့်ခြင်း​ကို ခံကြရမည်​ဖြစ်​သောကြောင့်ပင်။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 5:4
34 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြ​ဟံ​က​လည်း၊ ငါ့​သား၊ သင်​သည် အ​သက်​ရှင်​စဉ်​အ​ခါ ချမ်း​သာ​ရ​သည်​ကို​လည်း​ကောင်း၊ လာ​ဇ​ရု​သည် ဆင်း​ရဲ​စွာ နေ​ရ​သည်​ကို​လည်း​ကောင်း အောက်​မေ့​လော့။ ယ​ခု​မူ​ကား၊ သူ​သည် သက်​သာ​ခြင်း​ရှိ၏။ သင်​သည် ဒု​က္ခ​ဝေ​ဒ​နာ​ကို ခံ​ရ၏။-


ယ​ခု​တွင် ငတ်​မွတ်​သော​သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ဝ​ပြော​ခြင်း​သို့ ရောက်​ကြ​လ​တ္တံ့။ ယ​ခု​တွင် ငို​ကြွေး​သော သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ရယ်​ကြ​လ​တ္တံ့။ သူ​တစ်​ပါး​တို့​သည် လူ​သား​ကြောင့် သင်​တို့​ကို​မုန်း​သော​အ​ခါ၊-


ဝ​စွာ​စား​ရ​သော သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ငတ်​မွတ်​ခြင်း​သို့ ရောက်​ရ​ကြ​လ​တ္တံ့။ ယ​ခု ရယ်​တတ်​သော​သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ညည်း​တွား​ငို​ကြွေး​ရ​ကြ​လ​တ္တံ့။-


နောက်​တော်၌ ခြေ​တော်​အ​နီး​မှာ​ရပ်​လျက် ငို​ကြွေး၍ ခြေ​တော်​ပေါ်​သို့ မျက်​ရည်​ကျ​လျှင် မိ​မိ​ဆံ​ပင်​နှင့်​သုတ်​လေ၏။ ခြေ​တော်​ကို​လည်း နမ်း၍ ဆီ​မွှေး​နှင့် လိမ်း​လျက်​နေ​လေ၏။-


ယေ​ရှု​သည် ထို​မိန်း​မ​အား သင်၏​ယုံ​ကြည်​ခြင်း​သည် သင့်​ကို​ကယ်​တင်​ပြီ။ ငြိမ်​ဝပ်​စွာ​သွား​လော​ဟု မိန့်​တော်​မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ