ပ ညာ ရှိ တို့ သည်၊ အ သိ ပ ညာ ကို သို ထား တတ်၏။ လူ မိုက် တို့ နှုတ် မူ ကား၊ ဖျက် ဆဲ ဖျက် လ တ္တံ့ ဖြစ်၏။
သုတ္တံကျမ်း။ 9:9 - Garrad Bible ပ ညာ ရှိ ကို ဆုံး မ လျှင်၊ သူ၌ ပ ညာ တိုး ပွား လိမ့် မည်။ ဖြောင့် မတ် သော သူ့ ကို သွန် သင် လျှင်၊ သူ၌ အ သိ အ မြင် များ ပြား လိမ့် မည်။ Common Language Bible ပညာရှိသော သူကိုဆုံးမလျှင်၊ သူသည် သာ၍ ပညာရှိလိမ့်မည်။ ဖြောင့်မတ်သောသူကို သွန်သင်လျှင်၊ သူသည် သိပ္ပံအတတ်တိုးပွါးလိမ့်မည်။ Judson Bible ပညာရှိသောသူကိုဆုံးမလျှင်၊ သူသည် သာ၍ပညာရှိလိမ့်မည်။ ဖြောင့်မတ်သောသူကို သွန်သင်လျှင်၊ သူသည် သိပ္ပံအတတ် တိုးပွားလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ပညာရှိသောသူအား ပညာကိုပေးလော့။ သို့ပြုလျှင် သူသည် ပို၍ပညာရှိလာလိမ့်မည်။ ဖြောင့်မတ်သောသူကို သွန်သင်လော့။ သို့ပြုလျှင် သူသည် ပညာတိုးပွားလိမ့်မည်။ |
ပ ညာ ရှိ တို့ သည်၊ အ သိ ပ ညာ ကို သို ထား တတ်၏။ လူ မိုက် တို့ နှုတ် မူ ကား၊ ဖျက် ဆဲ ဖျက် လ တ္တံ့ ဖြစ်၏။
ပ ညာ ရှိ၏ ဆုံး မ စ ကား သည်၊ နာ ခံ တတ် သူ၌၊ ရွှေ နား ကွင်း၊ ရွှေ လည် ဆွဲ ကဲ့ သို့ ဖြစ် ၏။
ထာ ဝ ရ ဘု ရား ကို သိ လျက်၊ အ ကျွမ်း ဝင် ရန် လိုက် ရှာ ကြ ကုန် အံ့။ အ ရုဏ် တက် မြဲ တက် သည့် နည်း တူ၊ ကြွ မြဲ ကြွ လာ သော ထို အ ရှင် သည်၊ မြေ ပေါ် သို့ ရွာ သော မိုး ဦး မိုး နှောင်း သ ဖွယ်၊ သက် ရောက် တော် မူ မည် ဟု ဆို ကြ ရာ၌၊
ငါ တို့ ကို ကယ် တင် သော ယေ ရှု ခ ရစ် အ ရှင် ဘု ရား၏ ကျေး ဇူး တော် ၌ လည်း ကောင်း၊ ကိုယ် တော် နှင့် အ ကျွမ်း ဝင် ခွင့်၌ လည်း ကောင်း ကြီး ပွား ကြ လော့။ ထို အ ရှင် သည် ယ ခု ကာ လ မှ စ၍ အ န န္တ ကာ လ ပတ် လုံး ဘုန်း တော် ကြီး ပါ စေ သ တည်း။
ဘု ရား သ ခင့် သား တော်၏ နာ မ တော် ကို ယုံ ကြည် သော သင် တို့ သည် ထာ ဝ ရ အ သက် ရ ရှိ ကြောင်း သိ ကြ စေ ရန် ဤ အ ကြောင်း အ ရာ များ ကို ငါ ရေး လိုက်၏။