တ ရား တော် ကို မ စောင့် ရှောက် ကြ သော ကြောင့်၊ အ ကျွန်ုပ် မျက် စိ များ မှ မျက် ရည် ချောင်း စီး ပါ၏။
မြည်တမ်းစကား 2:18 - Garrad Bible အို သ တို့ သ မီး ဇိ အုန်၏ မြို့ ရိုး၊ ထာ ဝ ရ ဘု ရား ထံ စိတ် ပါ ကိုယ် ရောက် ဟစ် လေ့ ရှိ သည် နှင့် အ ညီ၊ ညောင်း ညာ ခြင်း၊ စ က္ခု သူ ငယ် အိမ် နား နေ ခြင်း ကင်း၍၊ နေ့ ညဉ့် မ ဟူ၊ မြစ် ရေ စီး သ ကဲ့ သို့၊ မျက် ရည် ကျ စေ လော့။ Common Language Bible အို ယေရုရှလင်မြို့၊ သင်၏မြို့ရိုးတို့ကို ထာဝရဘုရားထံတော်သို့ အော်ဟစ်စေပါလော့။ မြစ်များသဖွယ်သင်၏မျက်ရည်များကို နေ့ရောညပါစီးဆင်းစေပါလော့။ သင်သည်ငိုကြွေးမှုဝမ်းနည်းကြေကွဲမှု တို့ဖြင့် မိမိကိုယ်ကိုနွမ်းနယ်စေပါလော့။ Judson Bible သူတို့သည် စိတ်နှလုံးထဲက ထာဝရဘုရားကို အော်ဟစ်ကြ၏။ အို ဇိအုန်သတို့သမီး၏ မြို့ရိုး၊ သင်၏မျက်ရည်သည် မြစ်ရေစီးသကဲ့သို့ နေ့ညမပြတ် စီးစေလော့။ ကိုယ်ကိုကိုယ် မငြိမ်းစေနှင့်။ သင်၏မျက်ဆန်ကိုလည်း မငြိမ်းစေနှင့်။ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ဘုရားရှင်ထံ စိတ်နှလုံးထဲမှ အော်ဟစ်ကြပြီ။ အို ဇိအုန်သမီးပျို၏မြို့ရိုး၊ နေ့နေ့ညည မျက်ရည်ချောင်းစီးဆင်းစေလော့။ မနားတမ်းငိုလော့။ သင့်မျက်ဆန်ကို အနားမပေးနှင့်။ |
တ ရား တော် ကို မ စောင့် ရှောက် ကြ သော ကြောင့်၊ အ ကျွန်ုပ် မျက် စိ များ မှ မျက် ရည် ချောင်း စီး ပါ၏။
အို ထာ ဝ ရ ဘု ရား၊ စိတ် နှ လုံး အ ကြွင်း မဲ့ ပ ဌ နာ ပြု ခဲ့ သည့် အ လျောက် ထူး တော် မူ ပါ။ အ ထုံး အ ဖွဲ့ တော် များ ကို စောင့် ထိန်း ပါ မည်။
ဗျာ ဒိတ် တော် ကို နား မ ထောင် ကြ လျှင်၊ ငါ သည် သင် တို့၏ မာ န အ တွက် ကွယ် ဝှက် စွာ ငို ကြွေး ၍၊ ထာ ဝ ရ ဘုရား ၏ သိုး အုပ် တော် သုံ့ ပန်း ခံ ရ သော ကြောင့်၊ မ ဆည် နိုင် အောင် မျက် ရည် ကြ လိမ့် မည်။
သင် က လည်း၊ ငါ့ အ မျိုး သ တို့ သ မီး က ညာ သည်၊ ကျိုး ပဲ့ ပေါက် ကွဲ ခြင်း၊ နာ ကျင် စွာ ဒဏ် ခတ် ခြင်း များ ကို၊ ခံ ရ သည့် အ တွက်၊ နေ့ ညဉ့် မ ဟူ၊ မ ပြတ် မ စဲ မျက် ရည် ကျ လျက် နေ ရ ပါ စေ။
သား ဦး ဖွား မြင် ခြင်း ဝေ ဒ နာ ခံ စား ရ သော မိန်း မ၏ အော် ဟစ် သံ သ ဖွယ်၊ အ ကျိုး နည်း လေ စွ။ လူ သတ် တို့ ကြောင့် ကျွန် မ သွေး တက် ပါ ပြီ ဟု၊ မော ဟိုက်၍ လက် တုန် သော သ တို့ သ မီး ဇိ အုန် အော် ဟစ် သံ ကို ငါ ကြား ရ လေ စွ။
ငါ၏ အ မျိုး သ တို့ သ မီး တွင်၊ အ သတ် ခံ ရ သူ တို့ အ တွက်၊ နေ့ ညဉ့် မ ဟူ ငါ ငို ကြွေး ရ စေ ရန်၊ ဦး ခေါင်း သည် ရေအ လျဉ်၊ စ က္ခု သည် မျက် ရည် စမ်း တွင်း၊ ဖြစ် ပါ စေ သော။
ထို အ ဖြစ် အ ပျက် များ ကြောင့်၊ ငါ သည် ငို ကြွေး လျက်၊ စိတ် ချမ်း သာ အောင် နှစ် သိမ့် စေ သူ ကင်း ဝေး သော ကြောင့်၊ မျက် ရည် ကျ လျက် နေ ၏။ ရန် သူ တို့ အောင် မြင် သ ဖြင့်၊ မြို့ သူ မြို့ သား တို့ အံ့ အား သင့် ကြ ၏။
ထို မြို့ တော် သည်၊ ညဉ့် အ ခါ ငို ကြွေး လျက်၊ ပါး ပြင် သို့ မျက် ရည် ကျ လေ စွ။ မ ဟာ မိတ် တို့ အ နက်၊ နှစ် သိမ့် စေ သူ မ ရှိ။ အ ပေါင်း အ ဖော် ဟူ သ မျှ တို့ သည်၊ သ စ္စာ ပျက်၍ ရန် မူ ကြ သည် တ ကား။
ထာ ဝ ရ ဘု ရား သည်၊ သ တို့ သ မီး ဇိ အုန်၏ မြို့ ရိုး ကို ဖျက် ဆီး မည့် အ ကြံ နှင့်၊ ဖြို လှဲ သော လက် ရုံး တော် ကို ရုပ် သိမ်း တော် မ မူ ဘဲ၊ တာ ကြိုး ဆွဲ သ ဖြင့်၊ မြို့ ရိုး နှင့် မီး ကာ ပါ၊ မြည် တမ်း အား လျော့ ကြ လေ စွ။
စိတ် ပါ ကိုယ် ရောက် ငါ့ ထံ ပ ဌ နာ မ ပြု ဘဲ၊ ဆန် စ ပါး၊ စ ပျစ် ရည် ကို သာ၊ အိပ် ရာ ပေါ် တွင် တ သ ကြ ၏။ ငါ မှဖောက် ပြန်၍ ရုန်း ရင်း ခတ် ပြု ကြ သည် တ ကား။
တိုက် အိမ် နံ ရံ ရှိ ကျောက် သည် ဟစ် ခြင်း၊ ခေါင် ရှိ ဒိုင်း ကျား လည်း ထောက် ခံ ခြင်း ကို ပြု လိမ့် တ ကား။