Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မြည်​တမ်း​စ​ကား 1:16 - Garrad Bible

16 ထို အ ဖြစ် အ ပျက် များ ကြောင့်၊ ငါ သည် ငို ကြွေး လျက်၊ စိတ် ချမ်း သာ အောင် နှစ် သိမ့် စေ သူ ကင်း ဝေး သော ကြောင့်၊ မျက် ရည် ကျ လျက် နေ ၏။ ရန် သူ တို့ အောင် မြင် သ ဖြင့်၊ မြို့ သူ မြို့ သား တို့ အံ့ အား သင့် ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 ``ထို့​ကြောင့်​ငါ​၏​မျက်​စိ​များ​မှ​မျက်​ရည်​တို့​သည် ယို​စီး​၍​နေ​ပေ​သည်။ ငါ့​အား​အ​ဘယ်​သူ​မျှ​နှစ်​သိမ့်​မှု​ကို​မ​ပေး​နိုင်။ အ​ဘယ်​သူ​မျှ​စိတ်​အား​တက်​ကြွ​လာ​အောင် မ​ပြု​နိုင်။ ရန်​သူ​များ​သည်​ငါ​တို့​ကို​အ​နိုင်​ရ​ကြ​လေ​ပြီ။ ငါ​၏​လူ​တို့​တွင်​လည်း​အ​ဘယ်​ဥစ္စာ​ပစ္စည်း​မျှ မ​ကျန်​မ​ရှိ​တော့​ပါ။''

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 ထို​အ​ကြောင်း​ကြောင့် ငါ​သည်​ငို​ရ၏။ မျက်​ရည်​ကျ​လျက်​ရှိ၏။ ငါ့​အ​သက်​ကို ထောက်​မ၍ ငါ့​ကို နှစ်​သိမ့်​စေ​သော​သူ​သည် ငါ​နှင့်​ဝေး​ပါ၏။ ရန်​သူ​နိုင်​သော​ကြောင့် ငါ့​သား​သ​မီး​တို့​သည် ပျောက်​ပျက်​ကြ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 ထို့ကြောင့် ငါ​ငိုကြွေး​နေ​ရ​ပြီ​။ ငါ့​မျက်စိ​မှ မျက်ရည်​များ​စီးကျ​ရ​လေ​ပြီ​။ နှစ်သိမ့်ပေး​မည့်​သူ​၊ ငါ့​စိတ်ဝိညာဉ်​ကို ပြန်လည်​အားဖြည့်​ပေး​မည့်​သူ​သည် ငါ​နှင့်​အလှမ်းဝေး​လေ​ပြီ​။ ရန်သူ​က အနိုင်ရ​သောကြောင့် ငါ့​သားသမီး​တို့ ညှိုးငယ်​ရ​လေ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




မြည်​တမ်း​စ​ကား 1:16
23 ပူးပေါင်းရင်းမြစ်များ  

ထို မြို့ တော် သည်၊ ညဉ့် အ ခါ ငို ကြွေး လျက်၊ ပါး ပြင် သို့ မျက် ရည် ကျ လေ စွ။ မ ဟာ မိတ် တို့ အ နက်၊ နှစ် သိမ့် စေ သူ မ ရှိ။ အ ပေါင်း အ ဖော် ဟူ သ မျှ တို့ သည်၊ သ စ္စာ ပျက်၍ ရန် မူ ကြ သည် တ ကား။


အို သ တို့ သ မီး ဇိ အုန်၏ မြို့ ရိုး၊ ထာ ဝ ရ ဘု ရား ထံ စိတ် ပါ ကိုယ် ရောက် ဟစ် လေ့ ရှိ သည် နှင့် အ ညီ၊ ညောင်း ညာ ခြင်း၊ စ က္ခု သူ ငယ် အိမ် နား နေ ခြင်း ကင်း၍၊ နေ့ ညဉ့် မ ဟူ၊ မြစ် ရေ စီး သ ကဲ့ သို့၊ မျက် ရည် ကျ စေ လော့။


နို့ စို့ နို့ ညှာ သူ ငယ် တို့ သည်၊ မြို့ လမ်း များ၌ မြော နေ ကြ သော ကြောင့်၊ လူ မျိုး ချင်း သ တို့ သ မီး၏ အ နာ ကို ထောက်၍၊ ငါ သည် မျက် ရည် ကျ လျက် စ က္ခု ကွယ် ခြင်း၊ ဝမ်း နည်း ခြင်း၊ အ သည်း အ ဆုပ် အ ရည် ပျော် ဆင်း ခြင်း ခံ ရ ပြီ တ ကား။


သင် က လည်း၊ ငါ့ အ မျိုး သ တို့ သ မီး က ညာ သည်၊ ကျိုး ပဲ့ ပေါက် ကွဲ ခြင်း၊ နာ ကျင် စွာ ဒဏ် ခတ် ခြင်း များ ကို၊ ခံ ရ သည့် အ တွက်၊ နေ့ ညဉ့် မ ဟူ၊ မ ပြတ် မ စဲ မျက် ရည် ကျ လျက် နေ ရ ပါ စေ။


ဗျာ ဒိတ် တော် ကို နား မ ထောင် ကြ လျှင်၊ ငါ သည် သင် တို့၏ မာ န အ တွက် ကွယ် ဝှက် စွာ ငို ကြွေး ၍၊ ထာ ဝ ရ ဘုရား ၏ သိုး အုပ် တော် သုံ့ ပန်း ခံ ရ သော ကြောင့်၊ မ ဆည် နိုင် အောင် မျက် ရည် ကြ လိမ့် မည်။


တ ရား တော် ကို မ စောင့် ရှောက် ကြ သော ကြောင့်၊ အ ကျွန်ုပ် မျက် စိ များ မှ မျက် ရည် ချောင်း စီး ပါ၏။


သား မွေး သော် လည်း၊ အ မျိုး တိမ် ကော သည့် တိုင် အောင် ငါ သေ စေ မည်။ ငါ လွှဲ ခွာ သော်၊ အ မင်္ဂ လာ ရှိ လိမ့် မည်။


ထ မီ ညစ် နွမ်း သော ထို မြို့ သည်၊ အ ကျိုး အ ပြစ် ကို မ မြော် မြင် သည် နှင့် အ ညီ၊ နှစ် သိမ့် စေ သူ မဲ့ လျက်၊ အံ့ ဖွယ် သ ရဲ လဲ ကျ သည့် အ လျောက်၊ အို ထာ ဝ ရ ဘု ရား၊ ရန် သူ မောက် ကြွား သည့် အ တွက် အ ကျွန်ုပ်၏ ဒု က္ခ ကို ရှု ကြည့် တော် မူ ပါ ဟု တောင်း လျှောက် လေ ၏။


ပြင် ပ ရှိ သူ ငယ် တို့ နှင့်၊ လမ်း များ ရှိ လူ ပျို တို့ ကို ပယ် ရှား အံ့ သော ငှာ၊ သေ မင်း သည် ငါ တို့ လေ သာ ပြူ တင်း များ သို့ တက် လာ ၍၊ ဘုံ ဗိ မာန် များ အ တွင်း ဝင် ရောက် ခဲ့ လေ စွ။


ငါ သည် တောင် တန်း အ တွက် ငို ကြွေး မြည် တမ်း လျက်၊ တော ကုန်း စား ကျက် များ အ တွက် ငို ချင်း ဖွဲ့ ဆို အံ့။ ဖြတ် သန်း သူ ကင်း အောင်၊ ထို နေ ရာ များ ကျွမ်း လောင် သ ဖြင့်၊ လေ သ တ္တ ဝါ၊ မြေ သ တ္တ ဝါ အ ပေါင်း တို့ ပြေး သွား ၍၊ တိ ရ စ္ဆာန် မြည် သံ ကို မ ကြား ရ။


ငါ၏ အ မျိုး သ တို့ သ မီး တွင်၊ အ သတ် ခံ ရ သူ တို့ အ တွက်၊ နေ့ ညဉ့် မ ဟူ ငါ ငို ကြွေး ရ စေ ရန်၊ ဦး ခေါင်း သည် ရေအ လျဉ်၊ စ က္ခု သည် မျက် ရည် စမ်း တွင်း၊ ဖြစ် ပါ စေ သော။


တစ် ဖန် တုံ၊ နေ အောက် တွင် ညှဉ်း ပန်း ပြု လုပ် သ မျှ ကို ငါ သိ မြင် ရ သည် မှာ၊ ညှဉ်း ပန်း ခံ ရ သူ တို့ သည် ငို ကြွေး ရ ကြ လျက်၊ နှစ် သိမ့် စေ သူ မ ရှိ။ ညှဉ်း ပန်း သူ တို့ သည် လက် ရုံး ရည် ရှိ လျက် နှင့်၊ နှစ် သိမ့် စေ သူ မ ရှိ ချေ။


အ ကျွန်ုပ် သည် ကဲ့ ရဲ့ ခြင်း ကြောင့်၊ စိတ် ကြေ မွ လျက် ပူ ဆွေး ပါ၏။ သ နား မည့် သူ ကို ကြည့်၍ မ မြင်။ စာ နာ မည့် သူ ကို ရှာ၍ မ တွေ့ ပါ။


ဝမ်း နည်း ခြင်း ကို ခံ ရာ၌၊ ငါ သည် မျက် နှာ ရွှင် ရွှင် နေ ပါ ရ စေ။ စိတ် ပူ လှ လေ စွ။


ရန် သူ တို့ ညှဉ်း ပန်း ကြ ရာ၊ ထို ရန် သူ တို့ လက် အောက် နှိမ့် ချ ခံ ရ ကြ ၏။


လှိုင်း ပုတ်၍ ချမ်း သာ မ ရ သော အ ချင်း ဆင်း ရဲ သူ၊ သင့် တိုက် ကျောက် များ ကို ခ နောက် စိမ်း သ တ္တု နှင့် ချယ် သား လျက်၊ တိုက် မြစ် အ ဖြစ်၊ နီ လာ ကို ချ ထား မည်။


အို ယေ ရု ရှ လင် မြို့၊ သင့် ကို သ နား မည့် သူ၊ စာ နာ မည့် သူ၊ အ ဖြစ် အ နေ ကို လှည့် ဝင် မေး မြန်း မည့် သူ ကား၊ အသူ နည်း။ သင် သည် ငါ့ ကို စွန့် ပစ် လျက် ပြန် ဆုတ် လေ ပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ