ထို သူ နှစ် ဦး တို့ သည် မျက် စိ ပွင့် လင်း ၍ အ၀တ် အ ချည်း စည်း ရှိ သည် ကို သိ မြင် သည် နှင့် သ ဖန်း ရွက် များ ကို တွယ် စပ်၍ ၀တ် စည်း ရန် လုပ် ကြ ၏။
မြည်တမ်းစကား 1:8 - Garrad Bible ယေ ရု ရှ လင် မြို့ သည်၊ ပြစ် မှား လွန် ကျူး ပြီ ဖြစ် ၍၊ ညစ် ညူး ရာ ရောက် လေ ပြီ။ ရို သေ သူ အ ပေါင်း တို့ သည်၊ ရှက် ဖွယ် ရာ ကို မြင် လျက်၊ ညည်း တွား၍ ကျော ခိုင်း သော ထို မြို့ ကို၊ မ ထီ လေး စား ပြု ကြ သည် တ ကား။ Common Language Bible သူ၏ဂုဏ်အသရေကင်းမဲ့ရလေပြီ။ အဝတ်အချည်းစည်းနှင့်စက်ဆုတ်ရွံရှာဖွယ် ဖြစ်၍နေ၏။ သူသည်ညည်းတွားကာရှက်သဖြင့်မျက်နှာကို အုပ်၍ထား၏။ ယေရုရှလင်မြို့သည်ဆိုးရွားသည့်အပြစ် ဒုစရိုက်အားဖြင့်မိမိကိုယ်ကိုညစ်ညမ်း စေခဲ့၏။ Judson Bible ယေရုရှလင်မြို့ ပြစ်မှားသောအပြစ်သည် အလွန်များသောကြောင့်၊ ရွံရှာဖွယ် ဖြစ်လေ၏။ သူ့ကို ရိုသေဖူးသောသူအပေါင်းတို့သည် သူ၌ အချည်းစည်းရှိခြင်းကို မြင်သောကြောင့် မထီမဲ့မြင်ပြုကြ၏။ သူသည်လည်း ညည်းတွား၍ နောက်သို့ပြန်သွားလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ဂျေရုဆလင်မြို့သည် အပြစ်ကျူးလွန်လေပြီ။ ထို့ကြောင့် ရွံရှာဖွယ်ဖြစ်လေပြီ။ သူ့ကိုဂုဏ်ပြုချီးမွမ်းသောသူရှိသမျှတို့သည် သူ၌အဝတ်မပါအချည်းစည်းဖြစ်နေသည်ကိုမြင်သဖြင့် သူ့ကိုစက်ဆုပ်ရွံရှာကြလေပြီ။ သူသည်လည်း ညည်းတွားလျက် လှည့်ထွက်သွားလေပြီ။ |
ထို သူ နှစ် ဦး တို့ သည် မျက် စိ ပွင့် လင်း ၍ အ၀တ် အ ချည်း စည်း ရှိ သည် ကို သိ မြင် သည် နှင့် သ ဖန်း ရွက် များ ကို တွယ် စပ်၍ ၀တ် စည်း ရန် လုပ် ကြ ၏။
သင့် တို့ ဖြစ် စေ၊ သား မြေး တို့ ဖြစ် စေ၊ ငါ စီ ရင် ခဲ့ သော မိန့် မှာ ထုံး ဖွဲ့ ချက် များ ကို မ စောင့် ရှောက် ဘဲ နောက်တော် မှ တွန့် ဆုတ် လျက် အ ခြား ဘု ရား များ နောက် လိုက် သွား ဝတ် ပြု ရှိ ခိုး ကြ လျှင် မူ ကား၊
ဣ သ ရေ လ လူ မျိုး ကို ပေး ထား သော ပြည် မှ ပယ် ရှား လျက် ငါ့ နာ မ အ ဖို့ သီး သန့် ထား ခဲ့ သော ဤ ဗိ မာန် ကို လည်း မျက် မှောက် မှ စွန့် ပယ် မည် ဖြစ် ၍ ဣ သ ရေ လ လူ မျိုး သည် လူ အ မျိုး မျိုး တို့ တွင် ပုံ ခိုင်း ရာ ပြောင် လှောင် ရာ ဖြစ် ကြ လိမ့် မည်။
ဘိုး ဘေး တို့ အား အိ ဂျစ် ပြည် မှ ထုတ် ဆောင် တော် မူ ခဲ့ သော ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို သူ တို့ စွန့် ၍ အ ခြား ဘု ရား များ ထံ မှီ ဝဲ ရှိ ခိုး ဝတ် ပြု ကြ သော ကြောင့်၊ ထို ဘေး ဆိုး အ လုံး စုံ ကို ထာ ဝ ရ ဘု ရား သင့် ရောက် စေ တော် မူ ကြောင်း ပြော ကြ လ တ္တံ့ ဟု မိန့် တော် မူ၏။
သင် သည် အ ဝတ် အ ချည်း စည်း နေ ရ ၍ ကဲ့ ရဲ့ ဖွယ် အ ကြောင်း ထင် ရှား လိမ့် မည်။ ငါ သည် မည် သူ့ ကို မျှ မ ညှာ တာ ဘဲ လက် စား ချေ လိမ့် မည်။
ထို အ မှု အ ရေး များ သည် မည် သည့် အ ကြောင်း ကြောင့် သင့် ရောက် ခဲ့ သ နည်း ဟု အောက် မေ့ လျှင်၊ ဒု စ ရိုက် များ ပြား သည့် အ တွက် ထ မီ လှစ် ခြင်း၊ ခြေ ချုပ် ထား ခြင်း ကို ခံ ရ သည် တ ကား။
လွင် ပြင် ရှိ ကုန်း ပေါ် တွင်၊ သင်၏ မှား ယွင်း ခြင်း၊ ဟီ ခြင်း၊ ယုတ် မာ စွာ ပြည် တန် ဆာ လုပ် ခြင်း တည်း ဟူ သော စက် ဆုပ် ဖွယ် အ မှု များ ကို၊ ငါ သိ မြင် သည် နှင့် အ ညီ၊ သင့် မျက် နှာ ပေါ် ၌၊ အ ရှက် ထင် ရှား သည့် တိုင် အောင် ထ မီ ကို လှစ် မည်။ အို ယေ ရု ရှ လင် မြို့၊ သင် သည် အ မင်္ဂ လာ ရှိ လေ စွ။ သန့် ရာ မ ရောက် လျက် နေ သည် မှာ၊ မည် မျှ ကြာ အံ့ နည်း။
ငါ နှင် ထုတ် မည့်၊ မြေ ပေါ် ရှိ တိုင်း နိုင် ငံ အ ရပ် ရပ် တွင်၊ မ ကောင်း စား စေ ဘဲ၊ ထိတ် လန့် ရာ၊ ကဲ့ ရဲ့ ရာ၊ ပုံ ခိုင်း ရာ၊ ပြောင် လှောင် ရာ၊ ကျိန် ဆဲ ရာ ဖြစ် စေ လျက်၊
ဝင် ရောက် ပိုင် ယူ သော် လည်း၊ ဗျာ ဒိတ် တော် သံ ကို မ နာ မ ခံ၊ ပ ညတ် တ ရား တော် အ တိုင်း မ လိုက် မ လျှောက်၊ မိန့် မှာ တော် မူ ရာ မည် သည် ကို မျှ မ ပြု မ ကျင့် ကြ သော ကြောင့်၊ ထို သူ တို့ အ ပေါ် သို့ ဤ ဘေး အ လုံး စုံ ကို သင့် စေ တော် မူ သည့် အ တိုင်း၊
သို့ ဖြစ် ၍ ငါ ထာ ဝ ရ ဘု ရား က၊ သင် တို့ သည် အ ပေါင်း အ ဖော် ချင်း၊ ဆွေ မျိုး သား ချင်း တို့ အား၊ လွတ် သွား ခွင့် ကြော် ငြာ ရန် ဗျာ ဒိတ် တော် ကို နား မ ထောင် ကြ သည့် အ တွက် ငါ လည်း သင် တို့ ကို သ တ္တ န္တ ရ ကပ်၊ ရော ဂ န္တ ရ ကပ်၊ ဒု ဗ္ဘိ က္ခ န္တ ရ ကပ် များ အ တွင်း သို့၊ လွတ် သွား ခွင့် ကြော် ငြာ သည့် အ လျောက်၊ မြေ ပေါ် ရှိ တိုင်း နိုင် ငံ အ ရပ် ရပ် တွင် ထိတ် လန့် ဖွယ် ထား မည်။
သား ဦး ဖွား မြင် ခြင်း ဝေ ဒ နာ ခံ စား ရ သော မိန်း မ၏ အော် ဟစ် သံ သ ဖွယ်၊ အ ကျိုး နည်း လေ စွ။ လူ သတ် တို့ ကြောင့် ကျွန် မ သွေး တက် ပါ ပြီ ဟု၊ မော ဟိုက်၍ လက် တုန် သော သ တို့ သ မီး ဇိ အုန် အော် ဟစ် သံ ကို ငါ ကြား ရ လေ စွ။
ထို သူ အ ပေါင်း တို့ သည် ခက် ထန် ခဲ ယဉ်း သူ၊ လှည့် လည် ကုန်း ချော သူ၊ ဖောက် ပြန် သူ ဖြစ် သည့် အ လျောက်၊ ကြေး၊ သံ မျှ သာ တည်း။
မြို့ သူ မြို့ သား အ ပေါင်း တို့ သည် ညည်း တွား၍၊ အ စား အ သောက် ကို လိုက် ရှာ လျက်၊ အ သက် မွေး ရန် ရိ က္ခာ အ စား၊ ရ တ နာ များ ကို လဲ လှယ် ကြ သည့် အ တိုင်း၊ အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် သည်၊ မ ထီ လေး စား ဖွယ် ရာ ရောက် ပါ ပြီ။ ရှု ကြည့် မှတ် ယူ တော် မူ ပါ ဟု၊ တောင်း လျှောက် ကြ လေ ပြီ။
ဇိ အုန် မြို့ သည် လက် အုပ် ချီ သော် လည်း၊ နှစ် သိမ့် စေ သူ မ ရှိ ချေ။ ယာ ကုပ် လူ မျိုး ကို ရည် လျက်၊ ထာ ဝ ရ ဘုရား သည် ပတ် ဝန်း ကျင် ရှိ လူ မျိုး တို့ ရန် မူ ကြ စေ ခြင်း ငှာ၊ မိန့် တော် မူ သည့် အ တိုင်း၊ ယေ ရု ရှ လင် မြို့ ကို ညစ် ညူး ဖွယ် ထင် မှတ် ကြ ၏။
ဦး ခေါင်း ထက် မြေ မှုန့် ကို ကြဲ၍၊ လျှော် တေ ဝတ် ဆင် သော သ တို့ သ မီး ဇိ အုန်၏ လူ ကြီး တို့ သည်၊ မြေ ပေါ် တွင် ဆိတ် ဆိတ် ထိုင် လျက်၊ ယေ ရု ရှ လင် မြို့ သူ အ ပျို တို့ လည်း၊ မြေ သို့ ဦး စိုက် လျက် နေ ကြ ၏။
ဥ ဇ ပြည်၌ နေ ထိုင် သော အို သ တို့ သ မီး ဧ ဒုံ၊ အား ရ ရွှင် လန်း လော့။ သင် လည်း၊ ဖ လား တော် ရောက် သ ဖြင့် ယစ် မူး လျက်၊ အ ဝတ် အ ချည်း စည်း နေ ရ လိမ့် မည်။
သူ တို့ သည် မုန်း စိတ် နှင့် စီ ရင် လျက်၊ ချွေး နဲ စာ ရှိ သ မျှ ကို လု ယူ၍၊ အ ဝတ် အ ချည်း စည်း ထား သ ဖြင့်၊ သင့် ရှက် ဖွယ် ရာ ကာ မ ဂုဏ် လိုက် စား မှု နှင့် ပြည့် တန် ဆာ လုပ် မှု များ ထင် ရှား လိမ့် မည်။
ငါ အ ရှင် ထာ ဝ ရ ဘု ရား က၊ ငါ သည် ပ ရိ သတ် ကို ခေါ်၍၊ ထိတ် လန့် ခံ၊ လု ယက် ခံ ထား သော ထို သူ တို့ ကို၊
ဣ သ ရေ လ အ မျိုး သား တို့ သည်၊ ကိုယ့် ဒု စ ရိုက် ကြောင့် သိမ်း သွား ခံ ရ ကြောင်း၊ သ စ္စာ တော် ကို ဖောက် ကျော် သည့် အ တွက် မျက် နှာ တော် လွှဲ သော ငါ သည်၊ ဓား ဘေး ဖြင့် ကျ ဆုံး ကြ သည့် တိုင် အောင်၊ ရန် သူ တို့ လက် တွင်း သို့ အပ် ပေး ခဲ့ ကြောင်း၊ မ သန့် ရာ ရောက်၍၊ သ စ္စာ တော် ဖောက် ကျော် မှု နှင့် အ မျှ၊ ငါ စီ ရင် လျက် မျက် နှာ တော် လွှဲ ခဲ့ ကြောင်း များ ကို၊ လူ မျိုး ခြား တို့ သိ ရ ကြ လ တ္တံ့။
လက် တော် တွင်း မှ ကယ် နုတ် နိုင် သူ ကင်း သော ထို မိန်း မ၏ ယုတ် မာ ခြင်း ကို၊ ခင် မင် သူ တို့ ရှေ့ တွင် ဖော် ပြ သည့် ပြင်၊
မ ပယ် ခဲ့ မူ၊ ငါ သည် သူ့ အ ဝတ် ကို ချွတ်၍ ဖွား မြင် ရာ နေ့ ကဲ့ သို့ ထား သည့် ပြင်၊ သွေ့ ခြောက် ရာ တော အ ရပ် သ ဖွယ် ဖြစ် စေ လျက်၊ ရေ ငတ်၍ သေ စေ မည်။
ကြွယ် ဝ ခြင်း ငှါ မီး ဖြင့် ချွတ် ပြီး ရွှေ ကို လည်း ကောင်း၊ ခြုံ ရာ မဲ့၍ ရှက် ဖွယ် ရာ မ ပေါ် စေ ခြင်း ငှာ ဆင် ရန် ဝတ် လုံ ဖြူ ကို လည်း ကောင်း၊ မျက် စိ မြင် ခြင်း ငှါ ခတ် ရန် မျက် စဉ်း ကိုလည်း ကောင်း၊ ငါ့ ထံ မှ ဝယ် ယူ သင့် ကြောင်း အ ကြံ ပေး ၏။
သို့ ဖြစ်၍ သင့် ဘိုး ဘေး မှ စ သော သား စဉ် မြေး ဆက် တို့ သည် ငါ ရှေ့ တွင် အ မြဲ သွား လာ ရ မည် ဟု မိန့် ခဲ့ သော် လည်း ငါ့ ကို ရို သေ သော သူ တို့ အ ပေါ် တွင် ဂုဏ် ရှိ စေ မည်။ ငါ့ ကို မ ထီ မဲ့ မြင် ပြု သူ တို့ ကား အ သ ရေ ကင်း လိမ့် မည် ဖြစ် သော ကြောင့် မိန့် ခဲ့ ရင်း အ ချက် ငါ နှင့် ကင်း ဝေး စေ သ တည်း ဟု ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား မိန့် ဆို ပြန် ၏။