Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မြည်​တမ်း​စ​ကား 1:11 - Garrad Bible

11 မြို့ သူ မြို့ သား အ ပေါင်း တို့ သည် ညည်း တွား၍၊ အ စား အ သောက် ကို လိုက် ရှာ လျက်၊ အ သက် မွေး ရန် ရိ က္ခာ အ စား၊ ရ တ နာ များ ကို လဲ လှယ် ကြ သည့် အ တိုင်း၊ အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် သည်၊ မ ထီ လေး စား ဖွယ် ရာ ရောက် ပါ ပြီ။ ရှု ကြည့် မှတ် ယူ တော် မူ ပါ ဟု၊ တောင်း လျှောက် ကြ လေ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 သူ​၏​မြို့​သူ​မြို့​သား​တို့​သည်​အ​စား​အ​စာ ရှာ​ဖွေ​လျက် နေ​စဉ်​ညည်း​တွား​ကြ​၏။ သူ​တို့​သည်​အ​သက်​ဆက်​လက်​ရှင်​နိုင်​ရေး​အ​တွက် မိ​မိ​တို့​ဥစ္စာ​ဘဏ္ဍာ​များ​ကို​အ​စား​အ​စာ​နှင့် လဲ​လှယ်​ရ​ကြ​၏။ ထို​မြို့​က``အို ထာ​ဝ​ရ​ဘု​ရား​ကျွန်​တော်​မျိုး​ကို ကြည့်​ရှု​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​စိတ်​ဆင်း​ရဲ​ခြင်း​ခံ​နေ​ရ​သည်​ကို ကြည့်​ရှု​တော်​မူ​ပါ'' ဟု​အော်​ဟစ်​တောင်း​ပန်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 သူ၏​လူ​အ​ပေါင်း​တို့​သည် ညည်း​တွား​လျက်၊ မုန့်​ကို​ရှာ​လျက် နေ​ကြ၏။ သေ​ဘေး​နှင့် လွတ်​ခြင်း​ငှာ မိ​မိ​စည်း​စိမ်​ကို စား​စ​ရာ​ဖို့ စွန့်​ရ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ရှုတ်​ချ​ခြင်း​ကို ခံ​ရ​သော​ကြောင့် ကြည့်​ရှု​ဆင်​ခြင်​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 သူ့​လူ​အပေါင်း​တို့​သည် ညည်းတွား​လျက် စားစရာ​ကို​ရှာဖွေ​နေ​ကြ​ရ​ပြီ​။ သူ​တို့​သည် အသက်​ရှင်သန်​နိုင်​ရန် သူ​တို့​၏​အဖိုးတန်​ပစ္စည်း​များ​ကို စားစရာ​နှင့်​လဲလှယ်​ကြ​ရ​ပြီ​။ အို ထာဝရဘုရား​၊ အကျွန်ုပ် မထီမဲ့မြင်ပြု​ခြင်း​ခံရ​သည်​ကို ကြည့်​တော်မူ​ပါ​။ မြင်​တော်မူ​ပါ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




မြည်​တမ်း​စ​ကား 1:11
20 ပူးပေါင်းရင်းမြစ်များ  

စ တု တ္ထ လ၊ ကိုး ရက် နေ့ တိုင် ရောက် သော်၊ မြို့ သူ မြို့ သား တို့ အ စာ မဲ့ မွတ် သိပ်၍၊ မြို့ ရိုး လည်း ပေါက် သ ဖြင့်၊ ညဉ့် အ ခါ၊ ခါ လ ဒဲ စစ် တပ် ဝိုင်း ထား လျက် ပင်၊


အို အ ရှင် ဘု ရင် မင်း မြတ်၊ ဤ သူ တို့ သည် ပ ရော ဖက် ယေ ရ မိ ကို ရေ တွင်း သို့ ချ ၍ အ ဆိုး ပြု ကြ ပါ ပြီ။ မြို့ တော် တွင် ရိက္ခာ မ ရှိ သည့် အ တွက်၊ ထို တွင်း ၌၊ မွတ် သိပ် သေ ဆုံး တော့ မည် ဟု တင် လျှောက် သ ဖြင့်၊


မြို့ လမ်း များ တွင်၊ လုပ် ကြံ ခံ ရ သူ တို့ ကဲ့ သို့ မြော နေ ကြ သူ၊ မိ ခင် တို့ ရင် ခွင်၌ သေ အံ့ ဆဲ ထို သူ ငယ် တို့ က၊ အ စား အ သောက် မ ရှိ ပါ လော ဟု မေး ရှာ ကြ လေ စွ။


အို ထာ ဝ ရ ဘု ရား၊ မည် သူ၌ စီ ရင် တော် မူ သည် ကို ရှု ကြည့် မှတ် ယူ တော် မူ ပါ။ မိန်း မ တို့ သည် ချီ ပွေ့ သော ရင် သွေး သူ ငယ် တို့ ကို စား ကြ ရ မည် လော။ ပ ရော ဟိတ် နှင့် ပ ရော ဖက် တို့ သည်၊ အ ရှင် ဘု ရား ဘု ရား၏ သန့် ရှင်း ရာ ဌာ န တော်၌၊ လုပ် ကြံ ခံ ကြ ရ မည် လော။


ထ မီ ညစ် နွမ်း သော ထို မြို့ သည်၊ အ ကျိုး အ ပြစ် ကို မ မြော် မြင် သည် နှင့် အ ညီ၊ နှစ် သိမ့် စေ သူ မဲ့ လျက်၊ အံ့ ဖွယ် သ ရဲ လဲ ကျ သည့် အ လျောက်၊ အို ထာ ဝ ရ ဘု ရား၊ ရန် သူ မောက် ကြွား သည့် အ တွက် အ ကျွန်ုပ်၏ ဒု က္ခ ကို ရှု ကြည့် တော် မူ ပါ ဟု တောင်း လျှောက် လေ ၏။


၎င်း ပြင်၊ အ သက် အ န္တ ရာယ် ရှာ ကြံ သူ ရန် ဘက် တို့ သည်၊ ကျပ် တည်း ကျဉ်း မြောင်း စွာ ဝန်း ဝိုင်း ကြ သည့် ကာ လ၊ ကိုယ့် သား သ မီး နှင့် အ ပေါင်း အ ဖော် တို့ အ သား ကို၊ အ သီး အ သီး စား ရ ကြ သည့် တိုင် အောင်၊ ငါ စီ ရင် မည် ဟု မိန့် တော် မူ ကြောင်း ကြော် ငြာ လော့။


မြည်း ခေါင်း တစ် လုံး ကို ငွေ ရှစ် ဆယ် နှင့် လည်း ကောင်း၊ ချိုး ငှက် ချေး တစ် စ လယ် ကို ငွေ ငါး ကျပ် နှင့် လည်း ကောင်း၊ ဝယ် ရ မန်း တိုင် အောင် ထို မြို့ တွင် ကြီး စွာ သော မွတ် သိပ် ခြင်း ဖြစ် ၏။


သို့ နှင့် အ ညီ ထာ ဝ ရ ဘု ရား က၊ သင် ပြောင်း လဲ လျှင်၊ ရှေ့ တော် တွင် ခ စား ရ အံ့ သော ငှာ ပြန် လာ ခွင့် ကို လည်း‌ ကောင်း၊ ချော် ထဲ မှ ဘော် စင် ကို ထုတ် လျှင်၊ ငါ၏ သံ တော် ဆင့် ဖြစ် ခွင့် ကိုလည်း‌ ကောင်း ငါ ပေး မည်။ ထို လူ မျိုး ထံ သင် ပြန် ၍ မ သွား ရ။ သင့် ထံ လာ ကြ လိမ့် မည်။


ယေ ရု ရှ လင် မြို့ သည်၊ ပြစ် မှား လွန် ကျူး ပြီ ဖြစ် ၍၊ ညစ် ညူး ရာ ရောက် လေ ပြီ။ ရို သေ သူ အ ပေါင်း တို့ သည်၊ ရှက် ဖွယ် ရာ ကို မြင် လျက်၊ ညည်း တွား၍ ကျော ခိုင်း သော ထို မြို့ ကို၊ မ ထီ လေး စား ပြု ကြ သည် တ ကား။


အ ကျွန်ုပ် တို့ သည် ပြည် နီး ချင်း တို့ ကဲ့ ရဲ့ ရာ၊ ပတ် ဝန်း ကျင် ရှိ သူ တို့ ပြက် ရယ် ပြု၍ သ ရော် ရာ ဖြစ် ကြ ပါ ၏။


နို့ စို့ နို့ ညှာ သူ ငယ် တို့ သည်၊ မြို့ လမ်း များ၌ မြော နေ ကြ သော ကြောင့်၊ လူ မျိုး ချင်း သ တို့ သ မီး၏ အ နာ ကို ထောက်၍၊ ငါ သည် မျက် ရည် ကျ လျက် စ က္ခု ကွယ် ခြင်း၊ ဝမ်း နည်း ခြင်း၊ အ သည်း အ ဆုပ် အ ရည် ပျော် ဆင်း ခြင်း ခံ ရ ပြီ တ ကား။


အို ထာ ဝ ရ ဘု ရား။ အ ကျွန်ုပ် တို့၌ အ ဖြစ် အ ပျက် များ ကို သ တိ ရ လျက်။ ကဲ့ ရဲ့ ရာ အ ကြောင်း ကို လည်း။ ရှု ကြည့် မှတ် ယူ တော် မူ ပါ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ