သြဖိရမြို့မှရွှေများကိုတင်ဆောင်လာသော ဟိရံ၏သင်္ဘောစုသည် စန္ဒကူးသားနှင့်ကျောက် မျက်ရတနာမြောက်မြားစွာကိုလည်းယူ ဆောင်ခဲ့လေသည်။-
၂ ရာချုပ် 9:10 - Common Language Bible (သြဖိရမြို့မှရွှေကိုယူဆောင်လာသော ဟိရံမင်းနှင့်ရှောလမုန်မင်း၏လူတို့သည် ထင်းရှူးသားနှင့်ကျောက်မျက်ရတနာများ ကိုလည်းယူဆောင်လာကြ၏။- Garrad Bible သြ ဖိ ရ ပြည် မှ ရွှေ တင် ယူ သော ဟု ရံ မင်း၏ သင်္ဘော သား များ နှင့် ရှော လ မုန် မင်း၏ သင်္ဘော သား တို့ ဖြင့် နံ့ သာ သား၊ ကျောက် မျက် များ ကို လည်း တင် ဆောင် ခဲ့ သည် နှင့် အ ညီ Judson Bible ဩဖိရမြို့မှ ရွှေကိုဆောင်ခဲ့သော ဟိရံကျွန်နှင့် ရှောလမုန်ကျွန်တို့သည်၊ အာလဂုံသစ်သားများ၊ ကျောက်မြတ်များတို့ကိုလည်း ဆောင်ခဲ့ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် ဟုရံမင်းကြီး၏အမှုထမ်းများနှင့် ရှောလမုန်မင်းကြီး၏အမှုထမ်းများသည် ဩဖိရအရပ်မှ ရွှေများယူဆောင်လာသည့်အပြင် စန္ဒကူးသစ်သားများနှင့် အဖိုးတန်ကျောက်များကိုလည်း ယူဆောင်လာပေး၏။ |
သြဖိရမြို့မှရွှေများကိုတင်ဆောင်လာသော ဟိရံ၏သင်္ဘောစုသည် စန္ဒကူးသားနှင့်ကျောက် မျက်ရတနာမြောက်မြားစွာကိုလည်းယူ ဆောင်ခဲ့လေသည်။-
မင်းကြီးသည်ဟိရံ၏သင်္ဘောစုနှင့်အတူ ကူးသန်း သွားလာရန်ပင်လယ်ကူးသင်္ဘောများရှိလေသည်။ ထိုသင်္ဘောတို့သည်သုံးနှစ်လျှင်တစ်ကြိမ်ပြည်တော် သို့ပြန်လာ၍ ရွှေ၊ ငွေ၊ ဆင်စွယ်၊ လူဝံနှင့်မျောက်များ ကိုယူဆောင်လာတတ်ကြ၏။
အဆွေတော်၏သစ်ခုတ်သမားများသည် အဘယ်မျှကျွမ်းကျင်သည်ကိုကျွန်ုပ်သိပါ၏။ သို့ဖြစ်၍လေဗနုန်တောမှသစ်ကတိုး၊ ထင်း ရှူးနှင့်အာလဂုံသစ်များကိုပေးပို့စေလို ပါသည်။ ကျွန်ုပ်တည်ဆောက်ရန်ကြံရွယ်သည့် ဗိမာန်တော်သည်ကြီးကျယ်ခမ်းနားမည်ဖြစ် ၍သစ်သားအမြောက်အမြားကိုရွေးရာတွင် အဆွေတော်၏လူတို့အားဝိုင်းဝန်းကူညီ ရန်ကျွန်ုပ်၏လူတို့ကိုစေလွှတ်ပေးပါမည်။-
သူ၏ထံသို့ဟိရံမင်းသည်မိမိ၏ပင်လယ် သွားကျွမ်းကျင်သူများနှင့်အလုပ်ရည်ဝ သူသင်္ဘောသားများလိုက်ပါသည့်သင်္ဘော များကိုစေလွှတ်တော်မူ၏။ ထိုသူတို့သည် ရှောလမုန်၏ပင်လယ်သွားကျွမ်းကျင်သူ များနှင့်အတူသြဖိရမြို့သို့သင်္ဘောလွှင့် ကြပြီးလျှင်ရွှေတစ်ဆယ့်ခြောက်တန်နီး ပါးကိုရှောလမုန်ထံသို့ယူဆောင်ခဲ့ကြ ၏။
ရှောလမုန်သည်ထင်းရှူးသားကိုဗိမာန်တော်နှင့် မိမိ၏နန်းတော်လှေကားများပြုလုပ်ရာတွင် လည်းကောင်း၊ ဂီတဆရာများအတွက်စောင်း ကြီးစောင်းငယ်များပြုလုပ်ရာတွင်လည်း ကောင်းအသုံးပြုတော်မူ၏။ ထိုမျှကောင်း သောထင်းရှူးသားမျိုးကို ယခင်အဘယ်အခါ ကမျှယုဒပြည်တွင်မတွေ့မမြင်ဘူးကြ။)
ဘုရင်မသည်ရှောလမုန်မင်းအားရွှေချိန် ငါးတန်၊ နံ့သာမျိုးနှင့်ကျောက်မျက်ရတနာ အမြောက်အမြားကိုလက်ဆောင်အဖြစ်ပေး ဆက်တော်မူ၏။ ရှောလမုန်မင်းအားရှေဘ ပြည်ဘုရင်မပေးဆက်သည့်နံ့သာမျိုး ကဲ့သို့ကောင်းသည့်နံ့သာမျိုးကိုနောင် အဘယ်အခါ၌မျှမတွေ့ရတော့ချေ။