ထိုနောက်လူတို့၏မျက်မှောက်တွင်ရှောလမုန် သည်ယဇ်ပလ္လင်ရှေ့သို့သွား၍ရပ်တော်မူပြီး လျှင် လက်အုပ်ချီ၍ဆုတောင်းပတ္ထနာပြုတော် မူ၏။-
ထို အ ခါ ရှော လ မုန် မင်း သည် အ လျား အ နံ ငါး တောင် စီ၊ အ မြင့် သုံး ထောင် ရှိ တံ တိုင်း အ လယ် တွင် လုပ် ထား ခဲ့ သော ကြေး ခုံ ပေါ် သို့ တက်၍ ဒူး ထောက် လျက် ဣ သ ရေ လ လူ မျိုး ပ ရိ သတ် ဥဿုံ မျက် မှောက် တွင် ထာ ဝ ရ ဘု ရား၏ ပူ ဇော် ရာ ပ လ္လင် တော် ရှေ့၊ လက် အုပ် ချီ၍ ပ ဌ နာ ပြု သည် မှာ
ထိုအခါ ရှောလမုန်သည် အလျားငါးတောင်၊ အနံငါးတောင်၊
ထို့နောက် ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏ယဇ်ပလ္လင်တော်ရှေ့၊ အစ္စရေးလူထုအပေါင်းတို့ရှေ့တွင်ရပ်လျက် လက်ကိုဖြန့်တော်မူ၏။
ဗိမာန်တော်အဝင်ဝရှိတိုင်အနီး၌ ယုဒ မင်းတို့ဋ္ဌလေ့ထုံးစံရှိသည့်အတိုင်းရပ် လျက်နေသောဘုရင်သစ်ကိုလည်းကောင်း၊ တပ်မှူးများနှင့်တံပိုးခရာမှုတ်သူများ သည် မင်းကြီးကိုခြံရံလျက်လူအပေါင်း တို့ကလည်း ဝမ်းမြောက်ရွှင်လန်းစွာကြွေး ကြော်လျက် တံပိုးခရာများကိုမှုတ်လျက် နေကြသည်ကိုလည်းကောင်းမြင်လျှင် မိမိ၏အဝတ်ကိုဆုတ်လျက်``ပုန်ကန်မှု ပါတကား၊ ပုန်ကန်မှုပါတကား'' ဟု အော်ဟစ်၏။
သူသည်ဘုရင့်ကျောက်တိုင်အနီးတွင်ရပ် လျက်``အကျွန်ုပ်သည်ကိုယ်တော်၏စကားတော် ကိုနားထောင်ပါမည်။ ကိုယ်တော်၏တရားတော် နှင့်ပညတ်တော်တို့ကို ကိုယ်စွမ်းစိတ်စွမ်းရှိ သမျှနှင့်စောင့်ထိန်းပါမည်'' ဟုထာဝရ ဘုရားနှင့်ပဋိညာဉ်ပြုတော်မူ၏။
ငါသည်ဣသရေလအမျိုးသားတို့နှင့်ထာဝရ ဘုရားပြုတော်မူသော ပဋိညာဉ်တော်ဆိုင်ရာ ကျောက်ပြားများပါရှိသည့်ပဋိညာဉ်သေတ္တာ တော်ကိုလည်းဗိမာန်တော်တွင်ထားရှိပြီး လေပြီ'' ဟုပြည်သူတို့အားမိန့်တော်မူ၏။
(ရှောလမုန်သည်အလျားရှစ်ပေ၊ အနံရှစ်ပေ၊ အမြင့်ငါးပေရှိသောကြေးနီပလ္လင်စင်မြင့် ကိုတည်ဆောက်ပြီးတံတိုင်းအလယ်တွင်ထား တော်မူခဲ့၏။ မင်းကြီးသည်ထိုပလ္လင်စင်မြင့်ပေါ် သို့တက်၍လူအပေါင်းမြင်သာသည့်နေရာ တွင်ဒူးထောက်ကာလက်အုပ်ချီလျက်၊-)
သင်သည် စိတ်နှလုံးကို ပြင်ဆင်၍ လက်တို့ကို ဘုရားသခင်ထံတော်သို့ ဆန့်လျှင်၎င်း၊
ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကိုမီးရှို့ ပူဇော်ရာ နံ့သာပေါင်းကဲ့သို့လည်းကောင်း၊ ကျွန်တော်မျိုးလက်အုပ်ချီခြင်းကိုညဥ့်ဦး ပူဇော်ရာ ယဇ်ကဲ့သို့လည်းကောင်းလက်ခံတော်မူပါ။
ကျွန်တော်မျိုးသည်လက်အုပ်ချီ၍ကိုယ်တော်ရှင်၏ ထံတော်သို့ဆုတောင်းပတ္ထနာပြုပါ၏။ ရေငတ်သောမြေကဲ့သို့ကျွန်တော်မျိုး၏ ဝိညာဉ်သည် ကိုယ်တော်ရှင်ကိုတောင့်တပါ၏။
ကိုယ်တော်ရှင်၏သန့်ရှင်းမြင့်မြတ်သောဗိမာန် တော်သို့ လက်အုပ်ချီလျက်``ကူမတော်မူပါ'' ဟု ကျွန်တော်မျိုးဟစ်အော်သောအခါ နားထောင်တော်မူပါ။
ကျွန်တော်မျိုးသည်အသက်ရှင်သမျှကာလ ပတ်လုံး ကိုယ်တော်ရှင်၏ကျေးဇူးတော်ကိုချီးမွမ်း ပါမည်။ လက်အုပ်ချီ၍ကိုယ်တော်ရှင်၏ထံတော်သို့ ဆုတောင်းပတ္ထနာပြုပါမည်။
အီဂျစ်ပြည်မှသံတမန်များသည်အထံ တော်သို့ လာကြပါလိမ့်မည်။ ဆူဒန်ပြည်သားတို့သည်လက်အုပ်ချီ၍ ဘုရားသခင်ထံတော်သို့ဆုတောင်းပတ္ထနာ ပြုကြပါလိမ့်မည်။
မောရှေသည်ဘုရင်ထံမှထွက်၍ မြို့ပြင်သို့ သွားပြီးလျှင်လက်များကိုမြှောက်၍ ထာဝရ ဘုရားထံဆုတောင်းသဖြင့်မိုးကြိုးသံနှင့် မိုးသီးများစဲလေ၏။ မိုးလည်းရပ်စဲသွား၏။-
ထာဝရဘုရားအားကြောက်ရွံ့ရိုသေ၍၊ ကိုယ်တော်အစေခံ၏စကားကိုနားထောင်သူ အပေါင်းတို့၊ သင်တို့လျှောက်ရသည့်လမ်းသည်မှောင်လျက် နေကောင်းနေလိမ့်မည်။ သို့ရာတွင်သင်တို့သည်ထာဝရဘုရားကို ယုံကြည်ကိုးစားကြလော့။ သင်တို့၏ဘုရားသခင်ကိုမှီခိုအားကိုးကြလော့။
ကိုးကွယ်ဝတ်ပြုရန်စုဝေးသည့်အခါတိုင်း ၌အမျိုးသားတို့အားဆုတောင်းပတ္ထနာပြု စေလို၏။ သူတို့သည်ဘုရားသခင်အား ဆက်ကပ်ထားသူများဖြစ်ပြီးလျှင်အမျက် ထွက်ခြင်း၊ ငြင်းခုံခြင်းသဘောမရှိဘဲ လက်အုပ်ချီ၍ဆုတောင်းပတ္ထနာပြုရ ကြမည်။-