Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဆာ​လံ 68:31 - Common Language Bible

31 အီ​ဂျစ်​ပြည်​မှ​သံ​တ​မန်​များ​သည်​အ​ထံ တော်​သို့ လာ​ကြ​ပါ​လိမ့်​မည်။ ဆူ​ဒန်​ပြည်​သား​တို့​သည်​လက်​အုပ်​ချီ​၍ ဘု​ရား​သ​ခင်​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထနာ ပြု​ကြ​ပါ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

31 အိ ဂျစ် မှူး မတ် တို့ တိုး ဝင် လျက်၊ ကု ရှ ပြည် သည်၊ ဘု ရား သ ခင့် ထံ လက် အုပ် ချီ ရ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

31 အဲ​ဂု​တ္တု​ပြည်​မှ သံ​တ​မန်​တို့​သည် လာ​ကြ​ပါ​စေ​သော။ ကု​ရှ​ပြည်​သည် မိ​မိ​လက်​တို့​ကို ဘု​ရား​သ​ခင်​ထံ​တော်​သို့ အ​လျင်​အ​မြန် ဆန့်​ရ​ပါ​စေ​သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

31 သံတမန်​တို့​သည် အီဂျစ်​ပြည်​မှ​ရောက်လာ​ကြ​လိမ့်မည်​။ အီသီယိုးပီးယား​ပြည်​သည် ဘုရားသခင်​ထံသို့ မိမိ​လက်​ကို​ဆန့်​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 68:31
11 ပူးပေါင်းရင်းမြစ်များ  

ထို့​နောက်​လူ​တို့​၏​ရှေ့​မှောက်​တွင်​ရှော​လ​မုန်​သည် ယဇ်​ပလ္လင်​ရှေ့​သို့​သွား​ရပ်​တော်​မူ​၏။ မင်း​ကြီး သည်​လက်​များ​ကို​မြှောက်​ချီ​လျက်၊-


ကျွန်​တော်​မျိုး​သည်​လက်​အုပ်​ချီ​၍​ကိုယ်​တော်​ရှင်​၏ ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​၏။ ရေ​ငတ်​သော​မြေ​ကဲ့​သို့​ကျွန်​တော်​မျိုး​၏ ဝိညာဉ်​သည် ကိုယ်​တော်​ရှင်​ကို​တောင့်​တ​ပါ​၏။


အ​ကယ်​၍​ကျွန်​တော်​မျိုး​တို့​သည်​မိ​မိ​တို့​၏ ဘု​ရား​အား​ဝတ်​မ​ပြု​ရှိ​မ​ခိုး​ဘဲ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​၏​ဘု​ရား​ထံ​သို့ ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​ပါ​မူ


ကျွန်​တော်​မျိုး​ခံ​ရ​သော​ဒုက္ခ​ကြောင့်​မျက်​စိ​များ​သည် ပြာ​ဝေ​လျက်​ရှိ​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​နေ့​စဉ်​နေ့​တိုင်း​ကိုယ်​တော်​ရှင် အား​ခေါ်​ပါ​၏။ လက်​အုပ်​ချီ​၍​ကိုယ်​တော်​ထံ​ဆု​တောင်း​ပတ္ထနာ​ပြု​ပါ​၏။


ထာ​ဝ​ရ​ဘု​ရား​က​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား မိန့်​တော်​မူ​သည်​မှာ ``အီ​ဂျစ်​ပြည်​နှင့်​ဆူ​ဒန်​ပြည်​တို့​၏​စည်း​စိမ် ဥစ္စာ​များ​ကို​သင်​တို့​ရ​ရှိ​ကြ​လိမ့်​မည်။ ထွား​ကြိုင်း​သည့်​သေ​ဘ​ပြည်​သား​တို့​သည် သင်​တို့​ထံ​တွင်​ကျွန်​ခံ​ရကြ​လိမ့်​မည်။ သူ​တို့​သည်​သံ​ကြိုး​အ​နှောင်​အ​ဖွဲ့​နှင့် သင်​တို့​နောက်​မှ​လိုက်​ရကြ​လိမ့်​မည်။ သူ​တို့​သည်​သင်​တို့​၏​ရှေ့​တွင်​ဦး​ညွှတ်​လျက် `ဘု​ရား​သ​ခင်​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​တော် မူ​ပြီ။ ကိုယ်​တော်​တစ်​ပါး​တည်း​သာ​လျှင်​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ပါ​၏။


ငါ​သည်​သူ​တို့​အား​ငါ​၏​ဂုဏ်​သ​တင်း​ကို မ​ကြား​ဘူး၊ ငါ​၏​ကြီး​မြတ်​သည့်​တန်​ခိုး တော်​ကို​မ​မြင်​ဘူး​သည့်​ရပ်​ဝေး​နိုင်​ငံ​များ ဖြစ်​သော တာ​ရှု​ပြည်​လိ​ဗိ​ယ​ပြည်​နှင့်​ကျွမ်း ကျင်​သူ​လေး​သည်​တော်​များ​ရှိ​ရာ​လု​ဒ ပြည်​သို့​လည်း​ကောင်း၊ တု​ဗ​လ​ပြည်​နှင့် ဂ​ရိတ်​ပြည်​သို့​လည်း​ကောင်း​ငါ​စေ​လွှတ်​မည်။ သူ​တို့​သည်​ထို​ပြည်​များ​မှ​လူ​တို့​အား ငါ​၏​ဘုန်း​တော်​အ​ကြောင်း​ကို​ပြော​ကြား ရ​လိမ့်​မည်။-


ပျံ့​လွင့်​နေ​သော​ငါ​၏​လူ​မျိုး​တော်​သည် ဝေး​လံ​သော​ဆူ​ဒန်​ပြည်​မှ​ပင်​လျှင်​ငါ့​ထံ သို့​ပူ​ဇော်​သ​ကာ​များ​ကို​ယူ​ဆောင်​လာ ကြ​လိမ့်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ