သူတို့၏လက်အောက်တွင်မင်းကြီး၏ရန်သူ များကို ရဲစွမ်းသတ္တိနှင့်တိုက်ခိုက်နိုင်သော တပ်သားသုံးသိန်းခုနစ်ထောင့်ငါးရာရှိ၏။-
ရန် သူ တော် တို့ ကို ခွန် အား ဗ လ နှင့် စစ် တိုက် သော သူ ရဲ ကောင်း သုံး သိန်း ခု နစ် ထောင့် ငါး ရာ တည်း။
ထိုသို့ အကြီးအကဲလုပ်သောသူ၊ ရန်သူတစ်ဖက်၌ ရှင်ဘုရင်ကို ထောက်မခြင်းငှာ၊ ကြီးသောခွန်အားနှင့် စစ်တိုက်သောသူရဲပေါင်းကား၊ သုံးသိန်းခုနစ်ထောင်ငါးရာတည်း။
သူတို့လက်အောက်၌ ရှင်ဘုရင်ကိုကူညီပြီး ရန်သူကိုတိုက်ခိုက်ရာတွင် စစ်ရေးလေ့ကျင့်ထား၍ ရဲစွမ်းသတ္တိရှိသောစစ်သည်ဦးရေ သုံးသိန်းခုနစ်ထောင့်ငါးရာ ရှိ၏။
ရောဗောင်မင်းသည်ယေရုရှလင်မြို့သို့ပြန် ရောက်လာသောအခါ ဗင်္ယာမိန်နှင့်ယုဒအနွယ် ဝင်လက်ရွေးစင်တပ်သားတစ်သိန်းရှစ်သောင်း ကိုစုရုံးစေတော်မူ၏။ မင်းကြီးသည်ဣသရေလ ပြည်မြောက်ပိုင်းနယ်မြေများကို ပြန်လည်သိမ်း ပိုက်နိုင်ရန်စစ်ဆင်မည်အကြံရှိတော်မူ၏။-
ရောဗောင်သည်မိမိ၏ရာဇအာဏာတည်မြဲ အောင်ဆောင်ရွက်ပြီးသောအခါ သူနှင့်သူ ၏ပြည်သူအပေါင်းတို့သည်ထာဝရ ဘုရား၏တရားတော်ကိုစွန့်ပယ်၍၊-
အဘိယနှင့်ယေရောဗောင်တို့သည်စစ်ဖြစ်ကြ သဖြင့် အဘိယသည်စစ်သည်လေးသိန်းရှိသော တပ်မတော်ဖြင့်တိုက်ခိုက်ရာ ယေရောဗောင်က စစ်သည်ရှစ်သိန်းရှိသောတပ်မတော်ဖြင့်ပြန် လည်ခုခံလေသည်။
မင်းကြီးကယုဒပြည်သူတို့အား``မြို့ရိုး များ၊ ပြအိုးများ၊ ကန့်လန့်ကျင်များတပ်ဆင် ထားသည့်မြို့တံခါးများနှင့်ပြည့်စုံသော မြို့များကိုတည်ဆောက်ကြကုန်အံ့။ ငါတို့ သည်ဘုရားသခင်အလိုတော်ကိုလိုက် လျှောက်သည်ဖြစ်၍ ပြည်တော်ကိုထိန်းသိမ်း အုပ်ချုပ်နိုင်ကြပေသည်။ ထာဝရဘုရား ကလည်းငါတို့အားကာကွယ်စောင့်ရှောက် ၍ ပတ်ဝန်းကျင်အရပ်ရပ်တွင်လုံခြုံမှုကို ပေးတော်မူပြီ'' ဟုမိန့်ဆိုသည့်အတိုင်းခံ တပ်မြို့များကိုတည်ဆောက်၍ထမြောက် အောင်မြင်ကြ၏။-
အာသမင်းတွင်ဒိုင်းလွှားလှံတံကိုင်ဆောင်သူ ယုဒစစ်သည်သုံးသိန်းနှင့် ဗင်္ယာမိန်စစ်သည်နှစ် သိန်းရှစ်သောင်းပါဝင်သည့်တပ်မတော်ရှိလေ သည်။ ထိုသူအပေါင်းတို့သည်ရဲစွမ်းသတ္တိရှိ၍ ကောင်းစွာလေ့ကျင့်ထားသူများဖြစ်ကြ၏။
အာမဇိသည်ယုဒနှင့်ဗင်္ယာမိန်အနွယ်ဝင် အပေါင်းတို့အား မိမိတို့သားချင်းစုများ အလိုက်တပ်စုများဖွဲ့၍ လူတစ်ထောင်တပ်မှူး နှင့်လူတစ်ရာတပ်မှူးများကိုခန့်ထားတော် မူ၏။ ထိုတပ်သားများသည်အသက်နှစ်ဆယ် နှင့်အထက်ရှိသူများဖြစ်၍ စုစုပေါင်းသုံး သိန်းရှိလေသည်။ သူတို့သည်လှံနှင့်ဒိုင်းလွှား ကိုင်ဆောင်မှုတွင်ကျွမ်းကျင်၍စစ်ပွဲဝင်ရန် အသင့်ရှိသူလက်ရွေးစင်တပ်သားများ ဖြစ်ကြသတည်း။-
တပ်မတော်တွင်တပ်မှူးနှစ်ထောင့်ခြောက်ရာ ရှိ၍၊-
သြဇိသည်တပ်မတော်အား ဒိုင်းလွှား၊ လှံ၊ သံ ခမောက်၊ သံချပ်အင်္ကျီ၊ လေး၊ မြားနှင့်လောက်လွှဲ ပစ်ရန်ကျောက်ခဲများကိုပေးအပ်တော်မူ၏။-