၂ ရာချုပ် 25:5 - Common Language Bible5 အာမဇိသည်ယုဒနှင့်ဗင်္ယာမိန်အနွယ်ဝင် အပေါင်းတို့အား မိမိတို့သားချင်းစုများ အလိုက်တပ်စုများဖွဲ့၍ လူတစ်ထောင်တပ်မှူး နှင့်လူတစ်ရာတပ်မှူးများကိုခန့်ထားတော် မူ၏။ ထိုတပ်သားများသည်အသက်နှစ်ဆယ် နှင့်အထက်ရှိသူများဖြစ်၍ စုစုပေါင်းသုံး သိန်းရှိလေသည်။ သူတို့သည်လှံနှင့်ဒိုင်းလွှား ကိုင်ဆောင်မှုတွင်ကျွမ်းကျင်၍စစ်ပွဲဝင်ရန် အသင့်ရှိသူလက်ရွေးစင်တပ်သားများ ဖြစ်ကြသတည်း။- အခန်းကိုကြည့်ပါ။Garrad Bible5 ၎င်း ပြင် အာ မ ဇိ မင်း သည်၊ ယု ဒ၊ ဗင်္ယာ မိန့် သူ ရဲ အ ပေါင်း တို့ ကို စု ရုံး လျက်၊ ထောင် တပ် မှူး၊ ရာ တပ် မှူး တို့ လက် အောက် တွင်၊ အိမ် ထောင် များ အ လိုက် ဖွဲ့ စည်း ကြည့် ရှု သော အ ခါ၊ လှံ နှင့် ဒိုင်း လွှား ကိုင်၊ စစ် ချီ နိုင် သူ၊ အ သက် နှစ် ကျော်၊ လက် ရွေး သူ ရဲ သုံး သိန်း တို့ ကို ရ၏။ အခန်းကိုကြည့်ပါ။Judson Bible5 အာမဇိမင်းသည် ယုဒလူတို့ကိုစုဝေးစေ၍ ယုဒလူနှင့် ဗင်္ယာမိန်လူတို့တွင်၊ အဆွေအမျိုးအလိုက် လူတစ်ထောင်အုပ်၊ တစ်ရာအုပ်တို့ကို ခန့်ထား၏။ အသက်နှစ်ဆယ်လွန်၍၊ လှံနှင့်ဒိုင်းကို ကိုင်တတ်သော စစ်သူရဲကောင်းတို့သည်၊ စာရင်းဝင်သည်အတိုင်း သုံးသိန်းရှိကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 အာမဇိမင်းကြီးသည် ယုဒလူမျိုးတို့ကို စုဝေးစေပြီး ယုဒလူမျိုးနှင့်ဗင်္ယာမိန်လူမျိုးအပေါင်းတို့တွင် ထောင်တပ်မှူး၊ ရာတပ်မှူးတို့ကို ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် နေရာချထား၏။ ထို့ပြင် အသက်နှစ်ဆယ်နှင့်အထက်ရှိသူတို့ကို စာရင်းကောက်ရာတွင် လှံနှင့်ဒိုင်းလွှားတို့ကို ကိုင်ဆောင်ပြီး စစ်မှုထမ်းနိုင်သူ လက်ရွေးစင်စစ်သည် သုံးသိန်းရှိ၏။ အခန်းကိုကြည့်ပါ။ |
ဘုရင်၏အမှုတော်ကိုထမ်းရွက်ရသူ ဣသရေလ အမျိုးသားအိမ်ထောင်ဦးစီးများ၊ သားချင်းစု ခေါင်းဆောင်များနှင့်နိုင်ငံတော်အုပ်ချုပ်ရေး အရာရှိများစာရင်းမှာအောက်ပါအတိုင်း ဖြစ်၏။ သူတို့သည်လူပေါင်းနှစ်သောင်းလေး ထောင်စီရှိသည့်အဖွဲ့များဖွဲ့၍တစ်လလျှင် တစ်ဖွဲ့တာဝန်ယူရကြ၏။ ထိုအဖွဲ့တိုင်းကို သက်ဆိုင်ရာတပ်မဟာမှူးတစ်ယောက်က ကွပ်ကဲအုပ်ချုပ်လေသည်။
မင်းကြီးကယုဒပြည်သူတို့အား``မြို့ရိုး များ၊ ပြအိုးများ၊ ကန့်လန့်ကျင်များတပ်ဆင် ထားသည့်မြို့တံခါးများနှင့်ပြည့်စုံသော မြို့များကိုတည်ဆောက်ကြကုန်အံ့။ ငါတို့ သည်ဘုရားသခင်အလိုတော်ကိုလိုက် လျှောက်သည်ဖြစ်၍ ပြည်တော်ကိုထိန်းသိမ်း အုပ်ချုပ်နိုင်ကြပေသည်။ ထာဝရဘုရား ကလည်းငါတို့အားကာကွယ်စောင့်ရှောက် ၍ ပတ်ဝန်းကျင်အရပ်ရပ်တွင်လုံခြုံမှုကို ပေးတော်မူပြီ'' ဟုမိန့်ဆိုသည့်အတိုင်းခံ တပ်မြို့များကိုတည်ဆောက်၍ထမြောက် အောင်မြင်ကြ၏။-