အာဟပ်သည်မိမိ၏မှူးမတ်တို့အား``ငါတို့သည် ဂိလဒ်ပြည်ရာမုတ်မြို့ကိုရှုရိဘုရင်ထံမှပြန် လည်ရရှိရန် အဘယ်ကြောင့်မည်သို့မျှမပြုဘဲ နေကြပါသနည်း။ ထိုမြို့ကိုငါတို့ပိုင်သည် မဟုတ်ပါလော'' ဟုမိန့်တော်မူ၏။-
၂ ရာချုပ် 22:5 - Common Language Bible သူသည်ထိုသူတို့၏အကြံပေးချက်ကို လိုက်လျှောက်ကာ ဣသရေလဘုရင်ယောရံ နှင့်ရှုရိဘုရင်ဟာဇေလတို့စစ်ဖြစ်ချိန်၌ ယောရံ၏ဘက်မှဝင်၍တိုက်၏။ ဂိလဒ်ပြည် ရာမုတ်မြို့တိုက်ပွဲတွင်ယောရံသည်ဒဏ်ရာ များရရှိသဖြင့်၊- Garrad Bible အာ ခ ဇိ မင်း သည်၊ ပေး ကြ သော အ ကြံ အ တိုင်း အာ ဟပ် မင်း သား တော်၊ ဣ သ ရေ လ ဘု ရင် ယော ဟံ မင်း နှင့် အ တူ၊ ဂိ လဒ် နယ်၊ ရာ မုတ် မြို့ သို့ ချီ၍၊ ရှု ရိ ဘု ရင် ဟာ ဇေ လ မင်း ကို စစ် တိုက် ကြ ရာ၊ ရှု ရိ သူ ရဲ တို့ က၊ ယော ရံ မင်း ကို ထိ မှန် အောင် ပစ် ခတ် ကြ ၏။ Judson Bible အာခဇိသည် သူတို့စကားကိုနားထောင်သဖြင့်၊ ဣသရေလရှင် ဘုရင်အာဟပ်သား ယောရံနှင့်ဝိုင်းလျက်၊ ဂိလဒ်ပြည်ရာမုတ်မြို့သို့စစ်ချီ၍၊ ရှုရိရှင်ဘုရင် ဟာဇေလကို တိုက်ရာတွင်၊ ရှုရိလူတို့သည်ယောရံကို ထိခိုက်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သူသည် ထိုသူတို့ပေးသောအကြံအတိုင်းလိုက်၍ အာဟပ်မင်းကြီး၏သားတော် အစ္စရေးဘုရင်ယဟောရံမင်းကြီးနှင့်အတူ ရာမုတ်ဂိလဒ်မြို့သို့ စစ်ချီပြီး ဆီးရီးယားဘုရင်ဟာဇေလမင်းကြီးကို တိုက်ခိုက်ရာ ဆီးရီးယားလူမျိုးတို့လက်ချက်ဖြင့် ယောရံမင်းကြီး ဒဏ်ရာရသွား၏။ |
အာဟပ်သည်မိမိ၏မှူးမတ်တို့အား``ငါတို့သည် ဂိလဒ်ပြည်ရာမုတ်မြို့ကိုရှုရိဘုရင်ထံမှပြန် လည်ရရှိရန် အဘယ်ကြောင့်မည်သို့မျှမပြုဘဲ နေကြပါသနည်း။ ထိုမြို့ကိုငါတို့ပိုင်သည် မဟုတ်ပါလော'' ဟုမိန့်တော်မူ၏။-
ဗင်ဂေဗာ မနာရှေ၏သား၊ယာဣရ၏သားချင်းစု ပိုင်သည့်မြို့များဖြစ်သောဂိလဒ်ပြည်ရှိရာမုတ်မြို့ နှင့်ရွာများ၊ဗာရှန်ပြည်၊အာဂေါဘဒေသ၊မြို့ရိုးနှင့် ကြေးဝါတံခါးကျင်များဆောက်လုပ်တပ်ဆင် ထားသည့်မြို့ကြီးပေါင်းခြောက်ဆယ်၊
ယုဒပြည်ဘုရင်ယောရှဖတ်၏နန်းစံတစ်ဆယ့် ရှစ်နှစ်မြောက်၌ အာဟပ်၏သားတော်ယောရံသည် ဣသရေလပြည်ဘုရင်အဖြစ်နန်းတက်၍ ရှမာရိမြို့တွင်တစ်ဆယ့်နှစ်နှစ်စိုးစံရ၏။-
ထို့ကြောင့်ဟာဇေလသည်ဒမာသက်မြို့မှ ထွက်သော အဖိုးတန်ပစ္စည်းတို့ကိုကုလား အုတ်လေးဆယ်ဖြင့်တင်၍ ဧလိရှဲထံသို့ သွားပြီးနောက်``အရှင်၏အစေခံဗင်္ဟာဒဒ် မင်းက မိမိပြန်လည်ကျန်းမာလာမည် မလာမည်ကိုအရှင့်ထံစုံစမ်းမေးမြန်းရန် အကျွန်ုပ်အားစေလွှတ်လိုက်ပါသည်'' ဟု လျှောက်၏။
ဤအတောအတွင်း၌ပရောဖက်ဧလိရှဲ သည် လူငယ်ပရောဖက်တစ်ပါးကိုခေါ်၍``သင် သည်ရာမုတ်မြို့သို့သွားရန်အသင့်ပြင်လော့။ ဤသံလွင်ဆီဘူးကိုလည်းယူသွားလော့။ ထို မြို့သို့ရောက်သောအခါ၊-
သူက``အဆွေတော်သည်ရာမုတ်မြို့ကိုတိုက် ခိုက်ရန်ကျွန်ုပ်နှင့်အတူလိုက်မည်လော'' ဟု မေး၏။ ယောရှဖတ်က``အဆွေတော်အဆင်သင့်ရှိ ချိန်၌ကျွန်ုပ်လည်းအဆင်သင့်ရှိပါ၏။ ကျွန်ုပ်၏တပ်မတော်သည်လည်းထိုနည်းတူ ပင်ဖြစ်ပါ၏။ ကျွန်ုပ်တို့သည်သင်နှင့်အတူ လိုက်ပါမည်'' ဟုပြန်ပြောတော်မူ၏။-
ထိုကြောင့်သူတို့သည်ယောရှဖတ်မင်းကိုမြင် သောအခါ ဣသရေလဘုရင်ဟုထင်မှတ်ကာ ပြန်လှည့်၍တိုက်ခိုက်ကြ၏။ သို့ရာတွင်ယောရှ ဖတ်ဟစ်အော်လိုက်သောအခါဘုရားသခင် ထာဝရဘုရားသည်သူ့ကိုကယ်ဆယ်၍ ရန်သူ တို့သည်အခြားတစ်ဖက်သို့လှည့်၍တိုက်ခိုက် ကြ၏။-
ဟာနန်၏သားပရောဖက်ယေဟုသည်မင်းကြီး ထံသို့သွား၍``ဘုရင်မင်းသည်သူယုတ်မာတို့ကို ကူညီမစအပ်ပါသလော။ ထာဝရဘုရားကို မုန်းသူတို့နှင့်မိတ်ဆွေဖွဲ့အပ်ပါသလော။ ယင်း အမှုတို့ကြောင့်ထာဝရဘုရား၏အမျက်တော် သည် ဘုရင်မင်း၏အပေါ်သို့သက်ရောက်လေ ပြီ။-
ကုသရန်ယေဇရေလမြို့သို့ပြန်လေ၏။ ထိုအခါအာခဇိသည်လည်းသူ့ကိုကြည့်ရှု ရန်ထိုမြို့သို့သွား၏။
သူယုတ်မာတို့၏အကြံဉာဏ်ကိုလက်မခံ၊ အပြစ်ကူးသူတို့၏စံနမူနာကိုမလိုက်၊ ထာဝရဘုရားကိုပစ်ပယ်သူတို့နှင့်လည်း မပေါင်းမဖော်သောသူတို့သည်မင်္ဂလာရှိကြ၏။
သူ၏သားတော်ဖြစ်သူအရှင်သည်လည်း ထိုအမှုအရာအလုံးစုံတို့ကိုသိရှိပါ သော်လည်းမိမိကိုယ်ကိုနှိမ့်ချတော်မ မူဘဲ၊-
သင်တို့သည်သြမရိဘုရင်နှင့်သူ၏သား အာဟပ်မင်းတို့၏ ဆိုးညစ်သည့်စရိုက်ကို လိုက်၍ကျင့်ကြသဖြင့် ထိုပျက်စီးဆုံးရှုံး ခြင်းနှင့်တွေ့ကြုံရလိမ့်မည်။ လူတိုင်းက သင်တို့ကိုကဲ့ရဲ့ကြလိမ့်မည်။ လူမျိုး တကာတို့သည်သင်တို့ကိုသရော်ကြ လိမ့်မည်။''