၂ ရာချုပ် 22:6 - Common Language Bible6 ကုသရန်ယေဇရေလမြို့သို့ပြန်လေ၏။ ထိုအခါအာခဇိသည်လည်းသူ့ကိုကြည့်ရှု ရန်ထိုမြို့သို့သွား၏။ အခန်းကိုကြည့်ပါ။Garrad Bible6 ထို မြို့၌ ရှု ရိ ဘု ရင် ဟာ ဇေ လ မင်း နှင့် စစ် တိုက်၍ ပစ် ခတ် ခံ ရ သော အ နာ ကို ကု သ ရန်၊ ယေ ဇ ရေ လ မြို့ သို့ ယော ရံ မင်း ဆုတ် ပြန် ခဲ့ ရာ၊ ယာ ဟော ရံ မင်း သား တော်၊ ယု ဒ ဘု ရင် အာ ခ ဇိ မင်း လည်း၊ ယေ ဇ ရေ လ မြို့၌ မ ကျန်း ခန့် သော ထို မင်း ကို သွား ရောက် ကြည့် ရှု လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible6 ထိုသို့ရာမုတ်မြို့၌ ရှုရိရှင်ဘုရင်ဟာဇေလကိုတိုက်၍၊ ရှုရိလူထိခိုက်သော အနာပျောက်စေခြင်းငှာ၊ ယောရံသည် ယေဇရေလမြို့သို့ ပြန်သွား၍ နာလျက်နေစဉ်တွင်၊ ယုဒရှင်ဘုရင် ယဟောရံသား အာခဇိသည်လည်း၊ အာဟပ်သားယောရံကို ကြည့်ရှုခြင်းငှာ ထိုမြို့သို့ ဆင်းသွားလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 ထိုသို့ ယောရံမင်းကြီးသည် ရာမမြို့တွင် ဆီးရီးယားဘုရင်ဟာဇေလမင်းကြီးနှင့်တိုက်ခိုက်ရာမှရသွားသောဒဏ်ရာကို ကုသရန်အတွက် ယေဇရေလမြို့သို့ပြန်သွား၏။ ယဟောရံမင်းကြီး၏သားတော် ယုဒဘုရင်အာဇရိမင်းကြီးသည်လည်း အာဟပ်မင်းကြီး၏သားတော်ယဟောရံမင်းကြီး ဒဏ်ရာရသည်ကိုကြည့်ရှုရန် ယေဇရေလမြို့သို့ လိုက်သွားလေ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားပြဋ္ဌာန်းတော်မူသည်နှင့်အညီ ယင်းသို့သွားရောက်ခြင်းအားဖြင့် အာခဇိ အသက်ဆုံးရှုံးရလေသည်။ အာခဇိသည် ထိုမြို့၌ယောရံနှင့်အတူရှိနေစဉ်အာဟပ် ၏မင်းရိုးပျက်သုဉ်းမှုအတွက်ဆောင်ရွက်ရန် ထာဝရဘုရားရွေးချယ်ထားသူ၊ နိမ်ရှိ၏ သားယေဟုနှင့်တွေ့ဆုံရလေသည်။-