ကာဣနသည်ညီအာဗေလအား``လမ်းလျှောက် ထွက်ကြမည်'' ဟုခေါ်၍လယ်ထဲသို့ရောက်ရှိ ကြလျှင် ညီအာဗေလကိုရန်ဘက်ပြုကာ သတ်လေ၏။
၂ ရာချုပ် 21:4 - Common Language Bible နိုင်ငံတော်ကိုပိုင်နိုင်စွာအုပ်စိုးနိုင်သောအခါ ယဟောရံသည်ညီတော်အပေါင်းနှင့်ဣသ ရေလမှူးမတ်အချို့တို့ကိုကွပ်မျက်လေသည်။ Garrad Bible ယ ဟော ရံ မင်း သည်၊ ခ မည်း တော့် နိုင် ငံ ကို ဆက် ခံ ၍ အား ဗ လ ရှိ သော အ ခါ၊ ညီ တော် အ ပေါင်း တို့ နှင့် ဣ သ ရေ လ မှူး မတ် အ ချို့ တို့ ကို၊ ဓား ဖြင့် ကွပ် မျက် လေ ၏။ Judson Bible ယဟောရံသည် ခမည်းတော်နိုင်ငံ၌ တည်သောအခါ၊ ကိုယ်ကိုခိုင်ခံ့စေ၍၊ ညီတော်အပေါင်းတို့ကိုလည်းကောင်း၊ ဣသရေလမှူးတော် မတ်တော်တချို့တို့ကိုလည်းကောင်း၊ ဓားနှင့်သတ်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း ယဟောရံသည် ခမည်းတော်၏ထီးနန်းကို ဆက်ခံ၍ အင်အားခိုင်မာလာသောအခါ ညီအစ်ကိုအားလုံးနှင့် အစ္စရေးအကြီးအကဲအချို့တို့ကို ဓားနှင့်ကွပ်မျက်လေ၏။ |
ကာဣနသည်ညီအာဗေလအား``လမ်းလျှောက် ထွက်ကြမည်'' ဟုခေါ်၍လယ်ထဲသို့ရောက်ရှိ ကြလျှင် ညီအာဗေလကိုရန်ဘက်ပြုကာ သတ်လေ၏။
သင်သည်သင့်အသက်နှင့်သားတော်ရှောလမုန် ၏အသက်ကိုကယ်လိုလျှင် သင့်အားအကျွန်ုပ် အကြံပေးပါမည်။-
အာဟပ်နှင့်သူ၏အရိုက်အရာကိုဆက်ခံကြ သူများသည် ဣသရေလအမျိုးသားတို့အား ဘုရားသခင်ကိုသစ္စာဖောက်ရန် ရှေ့ဆောင်လမ်း ပြခဲ့ကြသည့်နည်းတူသင်သည်ယုဒပြည်သူ များနှင့်ယေရုရှလင်မြို့သားများကိုသစ္စာ ဖောက်ရန်ရှေ့ဆောင်လမ်းပြခဲ့ပေသည်။ သင် သည်မိမိထက်ကောင်းမြတ်သောညီများ အားလည်းသတ်ခဲ့၏။-
သူတို့သည်ယုဒပြည်သို့ချင်းနင်းဝင် ရောက်ကာနန်းတော်ကိုလုယက်ကြ၏။ ထို နောက်သားတော်အငယ်ဆုံးဖြစ်သူအာခဇိ မှတစ်ပါးအခြားသားတော်များနှင့်မိ ဖုရားများကိုသုံ့ပန်းအဖြစ်ဖြင့်ဖမ်း ဆီးသွားလေသည်။
အာခဇိ၏မယ်တော်အာသလိသည်သား တော်လုပ်ကြံခံရကြောင်းကိုကြားသည်နှင့် တစ်ပြိုင်နက် ယုဒပြည်ရှိမင်းမျိုးမင်းနွယ် ရှိသမျှကိုသုတ်သင်လေ၏။-
ယေဟုသည်အာဟပ်မင်းရိုးအပေါ်တွင် ထာဝရဘုရားချမှတ်တော်မူသောစီရင် ချက်ကိုလိုက်နာဆောင်ရွက်လျက်နေစဉ် အာခဇိနှင့်အတူလိုက်ပါလာကြသည့် ယုဒအမျိုးသားခေါင်းဆောင်များနှင့် အာခဇိ၏တူတော်တို့ကိုတွေ့မြင်လေ ၏။-
သူသည်အာဏာတည်မြဲမှုရရှိလာသည်နှင့် တစ်ပြိုင်နက် မိမိ၏ခမည်းတော်ကိုသတ်ကြ သည့်မှူးမတ်တို့ကိုကွပ်မျက်လေ၏။-
မာရ်နတ်၏ဘက်သားဖြစ်၍မိမိ၏ညီအာဗေလ ကိုသတ်သူကာဣနကဲ့သို့ ငါတို့မဖြစ်စေကြ နှင့်။ ကာဣနသည်မိမိ၏ညီကိုအဘယ်ကြောင့် သတ်သနည်း။ သူ၏အကျင့်သည်ဆိုးယုတ်၍ သူ့ ညီ၏အကျင့်မူကားဖြောင့်မှန်သောကြောင့် ဖြစ်၏။
သြဖရမြို့ရှိဖခင်၏အိမ်သို့သွား၍ဂိဒေါင် ၏သားများဖြစ်ကြသော မိမိ၏ညီအစ်ကို ခုနစ်ဆယ်တို့ကိုကျောက်တုံးတစ်ခုတည်း ပေါ်၌သတ်လေသည်။ သို့ရာတွင်ဂိဒေါင်၏ သားထွေးယောသံသည် ပုန်းရှောင်နေသော ကြောင့်အသက်ဘေးမှလွတ်မြောက်သွား၏။-