Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ​ချုပ် 21:13 - Common Language Bible

13 အာ​ဟပ်​နှင့်​သူ​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​ကြ သူ​များ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဘု​ရား​သ​ခင်​ကို​သစ္စာ​ဖောက်​ရန် ရှေ့​ဆောင်​လမ်း ပြ​ခဲ့​ကြ​သည့်​နည်း​တူ​သင်​သည်​ယု​ဒ​ပြည်​သူ များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​သား​များ​ကို​သစ္စာ ဖောက်​ရန်​ရှေ့​ဆောင်​လမ်း​ပြ​ခဲ့​ပေ​သည်။ သင် သည်​မိ​မိ​ထက်​ကောင်း​မြတ်​သော​ညီ​များ အား​လည်း​သတ်​ခဲ့​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 ဣ သ ရေ လ ဘု ရင် တို့ နည်း လမ်း ကို၊ အာ ဟပ် မင်း မျိုး ကဲ့ သို့ လိုက် လျက်၊ ယု ဒ ပြည် သူ ယေ ရု ရှ လင် မြို့ သား တို့ ပါ၊ မှား ယွင်း စေ သည့် အ ပြင်၊ သင့် ထက် ကောင်း မြတ် သော သား ချင်း တို့ ကို ကွပ် မျက် သည့် အ တွက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​တို့ လမ်း​သို့ လိုက်​သော​ကြောင့်​လည်း​ကောင်း၊ အာ​ဟပ်​အ​မျိုး မှား​ယွင်း​သည်​နည်း​တူ ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည်၊ တစ်​ပါး​အ​မျိုး​သား​တို့၏​ဘု​ရား​နှင့် မှား​ယွင်း​ရ​မည် အ​ကြောင်း ပြု​သော​ကြောင့်​လည်း​ကောင်း၊ ကိုယ်​ထက်​သာ၍​ကောင်း​သော ညီ​ရင်း​တို့​ကို သတ်​သော​ကြောင့်​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 အစ္စရေး​ဘုရင်​တို့​လျှောက်​သော​လမ်း​အတိုင်း​လိုက်လျှောက်​ပြီး အာဟပ်​မင်းမျိုးမင်းနွယ်​တို့ ဖောက်ပြန်မှားယွင်း​သကဲ့သို့ ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​တို့​ကို ဖောက်ပြန်မှားယွင်း​စေ​၏​။ သင့်​ခမည်းတော်​၏​အိမ်သား​များ​ဖြစ်​သော သင့်​ထက်​ကောင်း​သော​သင့်​ညီအစ်ကို​များ​ကို​ပင် သင်​သတ်​ပစ်​ခဲ့​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 21:13
18 ပူးပေါင်းရင်းမြစ်များ  

သြ​မ​ရိ​သည် မိ​မိ​၏​နောင်​တော့်​နောင်​တော် ဘု​ရင်​အ​ပေါင်း​တို့​ထက်​ပင် ပို​မို​ဆိုး​ရွား​စွာ ထာ​ဝရ​ဘုရား​အား​ပြစ်​မှား​လေ​သည်။-


ယော​ရံ​က``သင်​သည်​ငြိမ်း​ချမ်း​စွာ​လာ သ​လော'' ဟု​မေး​တော်​မူ​၏။ ယေ​ဟု​က``သင်​၏​မိ​ခင်​ယေ​ဇ​ဗေ​လ​စ​တင် ကျင့်​သုံး​ခဲ့​သည့် စုန်း​အ​တတ်​နှင့်​ရုပ်​တု​ကိုး ကွယ်​မှု​ရှိ​နေ​သ​မျှ​ကာ​လ​ပတ်​လုံး အ​ဘယ် မှာ​ငြိမ်း​ချမ်း​မှု​ရှိ​နိုင်​ပါ​မည်​နည်း'' ဟု​ဆို​၏။


သူ​သည်​ယု​ဒ​ကုန်း​မြင့်​ဒေ​သ​များ​၌​ရုပ်​တု ကိုး​ကွယ်​ဝတ်​ပြု​ရာ​ဌာ​န​များ​ကို​ပင်​တည် ဆောက်​၍ ယု​ဒ​ပြည်​သူ​များ​နှင့်​ယေ​ရု​ရှ​လင် မြို့​သား​များ​အား​ထာ​ဝရ​ဘု​ရား​ကို​ပြစ် မှား​စေ​ရန်​ရှေ့​ဆောင်​လမ်း​ပြ​ပေး​၏။


သို့​ဖြစ်​၍​ထာ​ဝရ​ဘု​ရား​သည်​သင်​၏​ပြည်​သူ များ၊ သား​သ​မီး​များ​နှင့်​မိ​ဖု​ရား​များ​ကို ပြင်း​ထန်​စွာ​ဒဏ်​စီ​ရင်​၍ သင်​ပိုင်​ဆိုင်​သ​မျှ ကို​လည်း​ပျက်​စီး​စေ​တော်​မူ​လိမ့်​မည်။-


နိုင်​ငံ​တော်​ကို​ပိုင်​နိုင်​စွာ​အုပ်​စိုး​နိုင်​သော​အ​ခါ ယ​ဟော​ရံ​သည်​ညီ​တော်​အ​ပေါင်း​နှင့်​ဣ​သ ရေ​လ​မှူး​မတ်​အ​ချို့​တို့​ကို​ကွပ်​မျက်​လေ​သည်။


သူ​သည်​အာ​ဟပ်​၏​သ​မီး​တော်​တစ်​ပါး​နှင့် စုံ​ဖက်​မိ​သ​ဖြင့် အာ​ဟပ်​မင်း​နှင့်​အ​ခြား ဣ​သ​ရေ​လ​ဘု​ရင်​တို့​၏​ဆိုး​ညစ်​ယုတ်​မာ သော​လမ်း​စဉ်​ကို​လိုက်​၍​ထာ​ဝရ​ဘု​ရား​ကို ပြစ်​မှား​လေ​သည်။-


ပြည်​သူ​တို့​သည်​ဗိ​မာန်​တော်​တွင်​ဘိုး​ဘေး များ​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဝတ် ပြု​ကိုး​ကွယ်​မှု​ကို​စွန့်​လျက် ရုပ်​တု​များ​နှင့် အာ​ရှ​ရ​ဘု​ရား​မ​၏​တံ​ခွန်​တိုင်​များ​ကို ဝတ်​ပြု​ရှိ​ခိုး​ကြ​လေ​သည်။ ဤ​သို့​သူ​တို့ ကူး​လွန်​သည့်​အ​ပြစ်​အ​တွက် ထာ​ဝ​ရ ဘု​ရား​၏​အ​မျက်​တော်​သည်​ယု​ဒ​ပြည် နှင့်​ယေ​ရု​ရှ​လင်​မြို့​အ​ပေါ်​သို့​သက် ရောက်​တော်​မူ​၏။-


သင်​တို့​သည်​ထို​ပြည်​သား​တို့​နှင့်​မ​ဟာ​မိတ် မ​ဖွဲ့​ရ။ အ​ဘယ်​ကြောင့်​ဆို​သော်၊ သူ​တို့​သည် သူ​တို့​၏​ဘု​ရား​များ​အား​ရှိ​ခိုး​ပူ​ဇော်​သော အ​ခါ သင်​တို့​ဖိတ်​ခေါ်​သ​ဖြင့်၊ သူ​တို့​၏​ဘု​ရား များ​အား​ပူ​ဇော်​သည့်​အ​စား​အ​စာ​ကို​သင် တို့​စား​မိ​ကြ​လိမ့်​မည်​ဖြစ်​သော​ကြောင့်​တည်း။-


ထာ​ဝ​ရ​ဘု​ရား​သည်​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့ အား​အ​ပြစ်​ဒဏ်​ခတ်​ရန်​ကြွ​လာ​တော်​မူ​လိမ့် မည်။ ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​လျှို့​ဝှက်​ကူး​လွန် ထား​သည့်​လူ​သတ်​မှု​များ​သည်​ပေါ်​လွင်​ထင် ရှား​၍​လာ​လိမ့်​မည်။ အ​သတ်​ခံ​ရ​သူ​တို့​အား မြေ​ကြီး​သည်​ဖုံး​ကွယ်​ထား​တော့​မည်​မ​ဟုတ်။


သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည်​% ရာ​ဇ​ဝတ်​မှု​အ​ပေါ်​တွင် အုတ်​မြစ်​ချ​၍​လူ​% သတ်​မှု​ဖြင့်​မြို့​ကို​တည်​ထောင်​ခဲ့​ကြ​၏။-%


ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​တိမ်​တိုင်​ထဲ​က မော​ရှေ​အား``သင်​သည်​မ​ကြာ​မီ​စု​တေ​ရ​မည်။ သင်​အ​နိစ္စ​ရောက်​ပြီး​နောက်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် သစ္စာ​ဖောက်​၍​သူ​တို့​နှင့်​ငါ​ပြု ထား​သော​ပ​ဋိ​ညာဉ်​ကို​ချိုး​ဖောက်​ကြ​လိမ့်​မည်။ သူ​တို့​သည်​ငါ့​ကို​စွန့်​ပယ်​၍ သူ​တို့​ဝင်​ရောက် မည့်​ပြည်​ရှိ​အ​ခြား​သော​ဘုရား​များ​ကို ကိုး​ကွယ်​ကြ​လိမ့်​မည်။-


မာရ်​နတ်​၏​ဘက်​သား​ဖြစ်​၍​မိ​မိ​၏​ညီ​အာ​ဗေ​လ ကို​သတ်​သူ​ကာ​ဣ​န​ကဲ့​သို့ ငါ​တို့​မ​ဖြစ်​စေ​ကြ နှင့်။ ကာ​ဣ​န​သည်​မိ​မိ​၏​ညီ​ကို​အ​ဘယ်​ကြောင့် သတ်​သ​နည်း။ သူ​၏​အ​ကျင့်​သည်​ဆိုး​ယုတ်​၍ သူ့ ညီ​၏​အ​ကျင့်​မူ​ကား​ဖြောင့်​မှန်​သော​ကြောင့် ဖြစ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ