သို့ဖြစ်၍အာဟပ်မင်းသည်နန်းတွင်းအရာရှိ တစ်ဦးကိုခေါ်ပြီးလျှင် မိက္ခာအားချက်ချင်း ခေါ်ဆောင်ခဲ့ရန်အမိန့်ပေးတော်မူ၏။
ဣ သ ရေ လ ဘု ရင် သည် အ မတ် တစ် ယောက် ကို ခေါ်၍၊ ဣ မ လ သား မိ က္ခာ ကို အ မြန် ခေါ် သွင်း လော့ ဟု မိန့် ဆို လေ ၏။
ထိုအခါ ဣသရေလရှင်ဘုရင်သည် အရာရှိတစ်ယောက်ကို ခေါ်၍၊ ဣမလသားမိက္ခာကို အလျင်အမြန်ခေါ်ခဲ့ဟု မိန့်တော်မူ၏။
ထိုအခါ အစ္စရေးဘုရင်သည် မှူးမတ်တစ်ဦးကို ခေါ်ပြီး “ဣမလ၏သားမိက္ခာယကို အမြန်ခေါ်ခဲ့ပါ”ဟု မိန့်ဆို၏။
အာဟပ်က``အခြားပရောဖက်တစ်ပါးရှိပါ သေးသည်။ ထိုသူသည်ဣမလ၏သားမိက္ခာ ဖြစ်ပါ၏။ သို့ရာတွင်သူသည်ကျွန်ုပ်အတွက် အဘယ်အခါမျှအကောင်းကိုမဟော၊ အဆိုး ကိုသာအစဉ်ဟောတတ်သဖြင့်သူ့ကိုကျွန်ုပ် မနှစ်သက်ပါ'' ဟုပြန်ပြောလေသည်။ ထိုအခါယောရှဖတ်က``ဤသို့မပြောသင့် ပါ'' ဟုဆို၏။-
သို့ဖြစ်၍အာဟပ်မင်းသည်နန်းတွင်းအရာရှိ တစ်ဦးကိုခေါ်ပြီးလျှင် မိက္ခာအားချက်ချင်း သွားခေါ်ခဲ့ရန်အမိန့်ပေးတော်မူ၏။
ဒါဝိဒ်သည်ဣသရေလအမျိုးသားအရာရှိ အပေါင်းတို့ကို ယေရုရှလင်မြို့တွင်စုရုံးစေ တော်မူ၏။ လူမျိုးနွယ်တို့ကိုအုပ်ချုပ်ရသူ အရာရှိအပေါင်းနှင့် နိုင်ငံအုပ်ချုပ်မှုတာဝန် ကိုထမ်းဆောင်ရသူအရာရှိအပေါင်းသည် လည်းကောင်း၊ သားချင်းစုခေါင်းဆောင်များ၊ ဘုရင်နှင့်သားတော်များ၏ဥစ္စာပစ္စည်း၊ မြည်း၊ နွားအစရှိသောတိရစ္ဆာန်များကိုကြီးကြပ် ထိန်းသိမ်းရကြသူတို့သည်လည်းကောင်း စုရုံးကြ၏။ တစ်နည်းအားဖြင့်နန်းတော် အရာရှိများ၊ ထင်ရှားသောစစ်သူရဲကြီး များနှင့်အရေးပါအရာရောက်သူရှိ သမျှတို့သည်ယေရုရှလင်မြို့တွင်စုရုံး ကြကုန်၏။
အာဟပ်က``အခြားပရောဖတ်တစ်ပါးရှိပါ သေးသည်။ ထိုသူသည်ဣမလ၏သားမိက္ခာ ဖြစ်ပါ၏။ သို့ရာတွင်သူသည်ကျွန်ုပ်အတွက် အဘယ်အခါမျှအကောင်းကိုမဟော။ အဆိုး ကိုသာလျှင်အစဉ်ဟောတတ်သဖြင့်သူ့ ကိုကျွန်ုပ်မုန်းပါ၏'' ဟုပြန်ပြောလေသည်။ ထိုအခါယောရှဖတ်က``အဆွေတော်ဤသို့ မပြောသင့်ပါ'' ဟုဆို၏။
ဘုရင်နှစ်ပါးတို့သည်မင်းမြောက်တန်ဆာများ ကိုဝတ်ဆင်ကာရှမာရိမြို့၊ မြို့တံခါးပြင် ကောက်နယ်တလင်း၌ရာဇပလ္လင်များပေါ် တွင်ထိုင်လျက်နေကြ၏။ သူတို့၏ရှေ့၌ ပရောဖက်အပေါင်းသည်ဟောလျက်နေ ကြ၏။-
အရှင့်သားမြေးအရင်းအချာအချို့တို့ သည်လည်းအဖမ်းခံရလျက် ဗာဗုလုန်ဘုရင် ၏နန်းတော်တွင်မိန်းမစိုးများအဖြစ်ဖြင့် အမှုထမ်းရကြလိမ့်မည်'' ဟုလျှောက်လေ သည်။
မင်းကြီးသည်ဣသရေလသုံ့ပန်းများတွင် မင်းမျိုးမင်းနွယ်နှင့်ဂုဏ်အသရေရှိအိမ်ထောင်စုများမှ၊ ရုပ်ရည်သန့်ပြန့်သူ၊ အသိပညာအတတ်ပညာရှိမှု၊ ပညာဉာဏ်ထက်မျက်မှု၊ ကိုယ်အင်္ဂါချို့ယွင်းခြင်းနှင့်ကင်းမှု အစရှိသည့်အရည်အချင်းများနှင့်ပြည့်စုံ၍ နန်းတွင်းအမှုထမ်းနိုင်မည့်လူငယ်လူရွယ်အချို့တို့ကိုရွေးချယ်ရန် မိန်းမစိုးအုပ်အာရှပေနတ်အားအမိန့်ပေးတော်မူ၏။ သူတို့အားဗာဗုလုန်ဘာသာကိုဖတ်တတ်ရေးတတ်အောင်သင်ကြားပေးရန်နှင့်၊-
သူသည်ဂျုံဆန်နှင့်စပျစ်သီးဆယ်ပုံတစ်ပုံ ကို မိမိ၏နန်းတွင်းအရာရှိများနှင့်အခြား အမှုထမ်းအရာထမ်းတို့အတွက်သိမ်းယူ လိမ့်မည်။-