Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ​ချုပ် 18:9 - Common Language Bible

9 ဘု​ရင်​နှစ်​ပါး​တို့​သည်​မင်း​မြောက်​တန်​ဆာ​များ ကို​ဝတ်​ဆင်​ကာ​ရှ​မာ​ရိ​မြို့၊ မြို့​တံ​ခါး​ပြင် ကောက်​နယ်​တ​လင်း​၌​ရာ​ဇ​ပလ္လင်​များ​ပေါ် တွင်​ထိုင်​လျက်​နေ​ကြ​၏။ သူ​တို့​၏​ရှေ့​၌ ပ​ရော​ဖက်​အ​ပေါင်း​သည်​ဟော​လျက်​နေ ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 ထို အ ခါ၊ ယု ဒ ဘု ရင် ယော ရှ ဖတ် မင်း နှင့်၊ ဣ သ ရေ လ ဘု ရင် တို့ သည်၊ ရှ မာ ရိ မြို့ တံ ခါး ရှေ့ တ လင်း ပြင် ၌၊ ကိုယ် စီ ရာ ဇ ပလ္လင် ထက်၊ မင်း မြောက် တန် ဆာ ဆင် ယင် စံ နေ ကြ စဉ်၊ ရှေ့ တော် တွင် ပ ရော ဖက် အ ပေါင်း တို့ ဟော ပြော ကြ ရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​နှင့် ယု​ဒ​ရှင်​ဘု​ရင် ယော​ရှ​ဖတ်​တို့​သည် မင်း​မြောက်​တန်​ဆာ​ကို ဝတ်​ဆင်​လျက်၊ ရှ​မာ​ရိ​မြို့​တံ​ခါး​ဝ​ရှေ့၊ ဟင်း​လင်း​သော​အ​ရပ်၌ ရာ​ဇ​ပ​လ္လင်​တို့​အ​ပေါ်​မှာ ထိုင်၍၊ ပ​ရော​ဖက်​အ​ပေါင်း​တို့​သည် ရှေ့​တော်၌ ဟော​ပြော​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 အစ္စရေး​ဘုရင်​နှင့် ယုဒ​ဘုရင်​ယောရှဖတ်​မင်းကြီး​တို့​သည် မင်းဝတ်တန်ဆာ​ဝတ်ဆင်​လျက် ရှမာရိ​မြို့​တံခါး​နားရှိ ကောက်နယ်တလင်း​၌ အသီးသီး​ပလ္လင်​ပေါ်တွင် စံမြန်း​နေ​ကြ​၏​။ ပရောဖက်​အပေါင်း​တို့​သည်​လည်း သူ​တို့​ရှေ့​တွင် ပရောဖက်ပြု​နေ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 18:9
12 ပူးပေါင်းရင်းမြစ်များ  

ပ​ရော​ဖက်​တစ်​ပါး​ဖြစ်​သူ၊ ခေ​နာ​နာ​၏​သား ဇေ​ဒ​ကိ​သည်​သံ​ဦး​ချို​များ​ကို​ပြု​လုပ်​ပြီး လျှင်​အာ​ဟပ်​အား``ထာ​ဝရ​ဘု​ရား​က`သင်​သည် ဤ​ဦး​ချို​များ​ဖြင့်​ရှု​ရိ​တပ်​အား​ချေ​မှုန်း လိမ့်​မည်' ဟု​မိန့်​တော်​မူ​ပါ​သည်'' ဟု​လျှောက်​၏။-


အာ​ဟပ်​က​ယော​ရှ​ဖတ်​အား``စစ်​ပွဲ​သို့​ဝင်​ရောက် သော​အ​ခါ​ကျွန်ုပ်​သည်​ကိုယ်​ကို​ရုပ်​ဖျက်​၍​သွား ပါ​မည်။ အ​ဆွေ​တော်​မူ​ကား​မင်း​မြောက်​တန်​ဆာ ကို​ဝတ်​ဆင်​လျက်​သွား​ပါ​လော့'' ဟု​ဆို​လေ​သည်။ ဤ​သို့​ဆို​ပြီး​နောက်​ဣ​သ​ရေ​လ​ဘု​ရင်​သည် ရုပ်​ဖျက်​၍​တိုက်​ပွဲ​ဝင်​လေ​၏။


သို့​ဖြစ်​၍​အာ​ဟပ်​မင်း​သည်​နန်း​တွင်း​အ​ရာ​ရှိ တစ်​ဦး​ကို​ခေါ်​ပြီး​လျှင် မိက္ခာ​အား​ချက်​ချင်း ခေါ်​ဆောင်​ခဲ့​ရန်​အ​မိန့်​ပေး​တော်​မူ​၏။


``မ​ရ​ဏ​နိုင်​ငံ​သည် ဗာ​ဗု​လုန်​ဘု​ရင်​အား​ကြို ဆို​လက်​ခံ​ရန်​အ​သင့်​ပြင်​ဆင်​လျက်​နေ​၏။ ကမ္ဘာ မြေ​ကြီး​ပေါ်​တွင်​ရှိ​စဉ်​အ​ခါ​က​တန်​ခိုး​ကြီး မား​ခဲ့​သူ​တို့​၏​နာမ်​ဝိ​ညာဉ်​များ​သည် လှုပ်​ရှား သွား​လာ​လျက်​နေ​ကြ​၏။ ဘု​ရင်​တို့​၏​ဝိ​ညာဉ် များ​သည်​လည်း မိ​မိ​တို့​ရာ​ဇ​ပလ္လင်​များ​မှ တက်​ကြွ​လျက်​နေ​ကြ​၏။-


ပင်​လယ်​ရေ​ကြောင်း​ခ​ရီး​သွား​လာ​သော နိုင်​ငံ​တို့​၏​ဘုရင်​အ​ပေါင်း​သည်​ရာ​ဇ​ပလ္လင် များ​ပေါ်​မှ​ဆင်း​ကြ​ကာ မိ​မိ​တို့​၏​ဝတ်​လုံ များ​နှင့်​ပန်း​ထိုး​ထည်​များ​ကို​ချွတ်​၍ မြေ ပေါ်​တွင်​တုန်​လှုပ်​လျက်​ထိုင်​ကြ​လိမ့်​မည်။ သင် တွေ့​ကြုံ​ရ​သည့်​ကံ​ကြမ္မာ​ကို​မြင်​၍ သူ​တို့ သည်​အံ့​အား​သင့်​လျက်​အ​ဆက်​မ​ပြတ် တုန်​လှုပ်​နေ​ကြ​လိမ့်​မည်။


ငါ​သည်​ကြည့်​ရှု​နေ​စဉ်​ရာ​ဇ​ပလ္လင်​များ​ကို​တည်​ထား​သည်​ကို​လည်း​ကောင်း၊ တစ်​ခု​သော​ပလ္လင်​ပေါ်​တွင်​ထာ​ဝ​စဉ်​အ​သက်​ရှင်​တော်​မူ​သော​အ​ရှင် ထိုင်​လျက်​နေ​တော်​မူ​သည်​ကို​လည်း​ကောင်း​မြင်​ရ​၏။ ထို​အ​ရှင်​၏​အ​ဝတ်​တို့​သည်​မိုး​ပွင့်​ကဲ့​သို့​ဖြူ​၍​ဆံ​တော်​သည်​လည်း​သိုး​မွေး​စစ်​နှင့်​တူ​၏။ ရဲ​ရဲ​တောက်​နေ​သော​ဘီး​များ​တပ်​ဆင်​ထား​သည့်​ကိုယ်​တော်​၏​ပလ္လင်​တော်​သည်​မီး​လျှံ​ထ​လျက်​နေ​၏။-


ထို​သို့​မ​ဟုတ်​ပါ​မူ​အ​ဘယ်​ကြောင့်​နည်း။ ဝတ် ကောင်း​စား​လှ​ဝတ်​ဆင်​ထား​သူ​ကို​ကြည့်​ရှု​ကြ ရန်​လော။ ဝတ်​ကောင်း​စား​လှ​ဝတ်​ဆင်​ထား​သူ​များ ကား​မင်း​အိမ်​စိုး​အိမ်​များ​တွင်​နေ​ထိုင်​ကြ​၏။-


သ​ခင်​ယေ​ရှု​က ``ငါ​အ​မှန်​အ​ကန်​ဆို​သည် ကား​အ​သစ်​ပြု​ပြင်​ရာ​ကာ​လ​တွင်​လူ​သား​သည် ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သည့်​ပလ္လင်​တော်​မှာ ထိုင်​တော်​မူ​သော​အ​ခါ ငါ​၏​တ​ပည့်​ဖြစ်​သူ သင်​တို့​သည်​လည်း​ပလ္လင်​တစ်​ဆယ့်​နှစ်​ခု​ပေါ်​မှာ ထိုင်​၍ ဣ​သ​ရေ​လ​အ​နွယ်​တစ်​ဆယ့်​နှစ်​ပါး​ကို တ​ရား​စီ​ရင်​ရ​ကြ​လတ္တံ့။-


သို့​ရာ​တွင်​အ​လွန်​ချမ်း​သာ​ကြွယ်​ဝ​သည့်​ရှော​လ​မုန် မင်း​ကြီး​ပင်​လျှင်​ထို​ပန်း​ပင်​တစ်​ပင်​ကဲ့​သို့​လှ​ပ အောင်​မ​ဝတ်​မ​ဆင်​နိုင်​ဟု​သင်​တို့​အား​ငါ​ဆို​၏။-


ဗော​ဇ​သည်​မြို့​တံ​ခါး​ဝ​ရှိ​တ​ရား​စီ​ရင်​ရာ ဌာ​န​သို့ သွား​၍​ထိုင်​လျက်​နေ​၏။ ထို​အ​ခါ ဧ​လိ​မ​လက်​၏​အ​ရင်း​အ​ချာ​ဆုံး​သော​ဆွေ မျိုး​သား​ချင်း​ဖြစ်​သူ​သည် ရောက်​ရှိ​လာ​လေ သည်။ ထို​သူ​ကား​ယ​ခင်​က​ဗော​ဇ​ဖော်​ပြ​ခဲ့ သူ​ပင်​ဖြစ်​၏။ ဗော​ဇ​က​သူ့​အား``မိတ်​ဆွေ၊ ဤ နေ​ရာ​သို့​လာ​၍​ထိုင်​ပါ​လော့'' ဟု​ဆို​သ​ဖြင့် သူ​သည်​လာ​၍​ထိုင်​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ