ယေရုရှလင်မြို့၌လေးဆယ့်တစ်နှစ်နန်းစံ လေသည်။ သူ၏အဖွားမှာအဗရှလုံ၏ သမီးမာခါဖြစ်၏။-
၂ ရာချုပ် 15:16 - Common Language Bible အာသမင်းသည်မိမိ၏အဘွားတော်မာခါ ၏ထံတော်မှ မယ်တော်ဘုရင်မရာထူးကိုနှုတ် သိမ်းတော်မူ၏။ အဘယ်ကြောင့်ဆိုသော်မာခါ သည်မြေသြဇာဖွံ့ဖြိုးမှုဆိုင်ရာအာရှရ ဘုရားမအားကိုးကွယ်ရန် အတွက်ရှုမကောင်း မြင်မကောင်းသောရုပ်တုကိုပြုလုပ်ထားသော ကြောင့်ဖြစ်၏။ အာသသည်ထိုရုပ်တုကို အပိုင်းပိုင်းခုတ်ဖြတ်ကာ ကေဒြုန်ချိုင့်ဝှမ်း တွင်မီးရှို့စေတော်မူ၏။- Garrad Bible အာ သ မင်း သည်၊ စက် ဆုပ် ဖွယ် သော အ ရှဲ ရာ ရုပ် ပွား လုပ် ခဲ့ သော ဖွား တော် မာ ခါ ကို၊ အိမ် နိမ့် သို့ ချ ထား ပြီး လျှင်၊ ဆို ခဲ့ သော ရုပ် ပွား ကို ဖြို လှဲ ချေ မွှ လျက်၊ ကေ ဒြုန် ချိုင့် တွင် မီး တိုက် လေ၏။ Judson Bible အာသမင်းကြီး၏ အဖွားတော်မာခါသည်၊ အာရှရပင်အောက်မှာ ရုပ်တုကိုလုပ်သောကြောင့်၊ မိဖုရားအရာကိုနုတ်၍၊ ရုပ်တုကို ဖျက်ဆီးကျော်နင်းပြီးလျှင်၊ ကေဒြုန်ချောင်းနားမှာ မီးရှို့တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း အာသမင်းကြီးသည် အာရှရနတ်ဘုရားမရုပ်တုကို ပြုလုပ်ကိုးကွယ်သော မိမိ၏အဘွားတော်မာခါကိုလည်း မယ်တော်မိဖုရားအရာမှနုတ်ပယ်ပစ်ပြီး ထိုရုပ်တုကိုခုတ်လှဲဖျက်ဆီးကာ ကေဒြုန်ချိုင့်ဝှမ်းတွင် မီးရှို့ပစ်လေ၏။ |
ယေရုရှလင်မြို့၌လေးဆယ့်တစ်နှစ်နန်းစံ လေသည်။ သူ၏အဖွားမှာအဗရှလုံ၏ သမီးမာခါဖြစ်၏။-
ယေရုရှလင်မြို့၌သုံးနှစ်နန်းစံတော်မူ၏။ သူ၏မယ်တော်မှာအဗရှလုံ၏သမီးမာခါ ဖြစ်၏။-
အာခတ်မင်းစံခဲ့သည့်အဆောင်တော်အထက် ရှိနန်းတော်အမိုးပေါ်တွင်ယုဒဘုရင်တို့ တည်ဆောက်ထားသည့်ယဇ်ပလ္လင်များကိုလည်း ကောင်း၊ ဗိမာန်တော်ဝင်းနှစ်ခုအတွင်းမနာရှေ မင်းဆောက်လုပ်ခဲ့သော ယဇ်ပလ္လင်များကိုလည်း ကောင်းယောရှိမင်းသည်ဖြိုဖျက်၍ကြေမွ အောင်ဖျက်ဆီးပြီးလျှင် ကေဒြုန်ချိုင့်ဝှမ်း ထဲသို့ပစ်ချလိုက်လေသည်။-
သူသည်ဣသရေလအမျိုးသားတို့အားအပြစ် ကူးလွန်ရန် ရှေ့ဆောင်လမ်းပြသူ၊ နေဗတ်၏သား ယေရောဗောင်မင်းတည်ဆောက်ခဲ့သည့်ဗေသလ ဝတ်ပြုကိုးကွယ်ရာဌာနကိုလည်းဖြိုဖျက်လေ သည်။ ယောရှိသည်ယဇ်ပလ္လင်ကိုဖြိုချပြီးလျှင် အာရှရဘုရားမအားဆက်ကပ်ထားသော တံခွန်တိုင်ကိုမီးရှို့၏။-
ထိုနောက်ယောရှိသည် ယဇ်ပုရောဟိတ်မင်း ဟိလခိ၊ သူ၏လက်ထောက်ယဇ်ပုရောဟိတ် များနှင့် ဗိမာန်တော်အဝင်ဝတွင်တာဝန်ကျ သည့်အစောင့်တပ်သားများအားဗာလဘုရား၊ အာရှရဘုရားမနှင့်ကြယ်နက္ခတ်တို့ကို ကိုးကွယ်ရာ၌အသုံးပြုသည့်ပစ္စည်းအသုံး အဆောင်တို့ကို ဗိမာန်တော်ထဲမှထုတ်ဆောင် လာရန်အမိန့်ပေးတော်မူ၏။ မင်းကြီးသည် ဤပစ္စည်းအသုံးအဆောင်ရှိသမျှကို မြို့ ပြင်ရှိကိဒြုန်ချိုင့်ဝှမ်းအနီးတွင်မီးရှို့ပြီး လျှင် ပြာကိုဗေသလမြို့သို့ယူဆောင်သွား စေ၏။-
သူသည်အာရှရဘုရားမအားဆက်ကပ်ထား သည့်တံခွန်တိုင်ကိုလည်း ဗိမာန်တော်ထဲမှဖယ် ရှားကာ မြို့ပြင်ရှိကိဒြုန်ချိုင့်ဝှမ်းသို့ထုတ်ပြီး လျှင်မီးရှို့လေသည်။ ထိုနောက်ပြာကိုညက်အောင် ထောင်း၍ အများပြည်သူတို့၏သင်္ချိုင်းမြေပေါ် တွင်ကြဲဖြန့်လေသည်။-
ရုပ်တုကိုးကွယ်ရာဌာနရှိသမျှကိုမဖျက် ဆီးသော်လည်း အာသသည်တစ်သက်လုံး ထာဝရဘုရားကိုသစ္စာစောင့်တော်မူလေ သည်။-
ယဇ်ပုရောဟိတ်တို့သည်သန့်စင်မှုကို ဆောင်ရွက်ရန် ဗိမာန်တော်သို့ဝင်၍ဘာသာ ရေးထုံးနည်းအရ မသန့်စင်သည့်အရာ ဟူသမျှကိုတံတိုင်းတော်သို့ထုတ်လာ သောအခါ ထိုအရာများကိုလေဝိအနွယ် ဝင်တို့ကမြို့ပြင်ကေဒြုန်ချိုင့်ဝှမ်းသို့ သယ်ပို့ကြလေသည်။
သူတို့သည်ယေရုရှလင်မြို့ရှိယဇ်များပူ ဇော်ရာနှင့် နံ့သာပေါင်းမီးရှို့ရာယဇ်ပလ္လင်ရှိ သမျှကိုယူ၍ကေဒြုန်ချိုင့်ဝှမ်းထဲသို့ပစ် ချလိုက်ကြ၏။ လဆန်းတစ်ဆယ့်လေးရက် နေ့၌သူတို့သည် ပသခါယဇ်ပူဇော်ရန် အတွက်သိုးများကိုသတ်ကြလေသည်။-
မြောက်ဘက်နိုင်ငံတစ်လျှောက်လုံး၌ယဇ်ပလ္လင် များနှင့်တံခွန်တိုင်များကိုဖြိုဖျက်တော် မူ၏။ ရုပ်တုများကိုညက်ညက်ချေ၍နံ့သာ ပေါင်းမီးရှို့ရာယဇ်များကိုလည်းအပိုင်း ပိုင်းချိုးဖဲ့ပြီးမှယေရုရှလင်မြို့သို့ပြန် တော်မူ၏။
သူသည်သူတို့လုပ်သောနွားရုပ်ကိုအရည် ကျို၍၊ အမှုန့်ထောင်းပြီးလျှင်၊ အမှုန့်ကိုရေ ပေါ်၌ဖြူးလေ၏။ ထိုနောက်ဣသရေလ အမျိုးသားတို့အားထိုရေကိုသောက်စေ၏။-
သင်တို့သည်သူတို့၏ယဇ်ပလ္လင်များကိုဖြို ဖျက်ရမည်။ သူတို့၏ဘုရားကျောက်တိုင်များ ကိုဖျက်ဆီးရမည်။ သူတို့၏အာရှရဘုရား မသစ်တိုင်များကိုခုတ်လှဲရမည်။
ငါသည်တောင်ကုန်းများပေါ်တွင်ရှိသောသင် တို့ဝတ်ပြုကိုးကွယ်ရာဌာနများကိုဖျက်ဆီး ၍ နံ့သာပေါင်းပူဇော်ရာပလ္လင်ကိုဖြိုဖျက်မည်။ သင်တို့၏အလောင်းများကိုပြိုကျသောရုပ်တု များအပေါ်တွင်ပစ်ချမည်။ ငါသည်သင်တို့ ကိုစက်ဆုပ်ရွံရှာသဖြင့်၊-
ထိုနောက်ထာဝရဘုရားသခင်၏ဗျာဒိတ် တော်ကို ဆင့်ဆိုသူရှိနေသေးပါမူသူ၏ မိဘများသည် သူ့အား`သင်သည်ထာဝရ ဘုရား၏ဗျာဒိတ်တော်ကိုပြန်ကြားပါ သည်ဟုဆိုသော်လည်း မုသားစကားများ ကိုသာလျှင်အသုံးပြုသဖြင့်သေဒဏ် ခံရပေမည်' ဟုဆိုကာထိုသူဟောပြော နေချိန်၌ပင် သူ၏မိဘများသည်သူ့ အားဋ္ဌားနှင့်ထိုး၍သတ်ကြလိမ့်မည်။-
လူအချို့တို့က ``ကိုယ်တော်သည်စိတ်ဖောက်ပြန် သွားပြီ'' ဟုပြောဆိုနေကြ၏။ ဤအကြောင်းကို ကိုယ်တော်၏မိသားစုတို့ကြားကြလျှင် ကိုယ်တော် ကိုစောင့်ရှောက်ရန်အထံတော်သို့လိုက်လာကြ၏။
ဤသို့ဆုတောင်းတော်မူပြီးနောက်ကိုယ်တော် သည်တပည့်တော်တို့နှင့်အတူကြွတော်မူ၍ ကေဒြုန်ချောင်းကိုကူးတော်မူ၏။ ထိုအရပ် တွင်ဥယျာဉ်တစ်ခုရှိ၏။ သခင်ယေရှုနှင့် တပည့်တော်တို့သည် ထိုဥယျာဉ်ထဲသို့ဝင် ကြ၏။-
သို့ဖြစ်၍ငါတို့သည်ယခုမှစ၍အဘယ်သူ ကိုမျှလူတို့စံနှုန်းအရအကဲမဖြတ်ကြ တော့ပေ။ ယခင်အခါကခရစ်တော်အားလူ တို့စံနှုန်းအရ ငါတို့အကဲဖြတ်ခဲ့ကြသော် လည်းယခုအခါ၌ထိုသို့မပြုတော့ပြီ။-
သူတို့သည်မိမိတို့၏မိဘညီအစ်ကို၊ သားသမီးတို့ကို ချစ်ခင်မြတ်နိုးသည်ထက်၊ကိုယ်တော်ကို ပို၍ချစ်ခင်မြတ်နိုးကြပါ၏။ သူတို့သည်ကိုယ်တော်၏ပညတ်တော်များကို လိုက်နာ၍ကိုယ်တော်၏ပဋိညာဉ်ကို စောင့်ထိန်းကြပါ၏။
ထို့ကြောင့်သူတို့၏ယဇ်ပလ္လင်များကိုဖြိုချ ရမည်။ သူတို့၏ဘုရားကျောက်တိုင်များကို ချိုးပစ်ရမည်။ အာရှရဘုရားမ၏တိုင်များ ကိုခုတ်လှဲရမည်။ သူတို့၏ရုပ်တုများကို မီးရှို့ဖျက်ဆီးရမည်။-
ငါသည်သင်တို့အားအပြစ်ရောက်စေသည့် နွားရုပ်တုကို မီးထဲသို့ပစ်ချလိုက်၏။ ထို့ နောက်နွားရုပ်တုကိုအမှုန့်ဖြစ်အောင်ထု ထောင်း၍ အမှုန့်ကိုတောင်ကျချောင်းထဲသို့ သွန်းချခဲ့၏။''