Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 3:21 - Common Language Bible

21 လူ​အ​ချို့​တို့​က ``ကိုယ်​တော်​သည်​စိတ်​ဖောက်​ပြန် သွား​ပြီ'' ဟု​ပြော​ဆို​နေ​ကြ​၏။ ဤ​အ​ကြောင်း​ကို ကိုယ်​တော်​၏​မိ​သား​စု​တို့​ကြား​ကြ​လျှင် ကိုယ်​တော် ကို​စောင့်​ရှောက်​ရန်​အ​ထံ​တော်​သို့​လိုက်​လာ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 ရူး သွပ် ပြီ ဟု ဆို လျက် ကိုယ် တော် ကို ဖမ်း ဆီး ရန် ထွက် လာ ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 ကိုယ်​တော်၏ အ​ဆွေ​အ​မျိုး​တို့​သည်​ကြား​လျှင်၊ သူ​သည် အ​ရူး​ဖြစ်၏​ဟု​ဆို၍ ကိုယ်​တော်​ကို ဖမ်း​ဆီး​ခြင်း​ငှာ ထွက်​သွား​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 ကိုယ်တော်​၏​ဆွေမျိုးသားချင်း​တို့​သည်​ကြား​လျှင် ကိုယ်တော်​ကို​ထိန်းချုပ်​ရန် ထွက်လာ​ကြ​၏။ အကြောင်းမှာ “သူ​သည် စိတ်​ဖောက်ပြန်​နေ​ပြီ”​ဟု လူ​တို့​ပြောဆို​နေ​ကြ​သောကြောင့်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

21 ကိုယ်တော်​၏ မိသားစုဝင်တို့​သည် ဖြစ်ပျက်သမျှ​ကို ကြား​လျှင် ကိုယ်တော်​ကို ထိန်းချုပ်​ရန် ရောက်လာကြ၏။ သူတို့​က “သူ​သည် စိတ်ဖောက်ပြန်နေပြီ” ဟု ဆိုကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

21 ကိုယ်​တော်၏ အ​ဆွေ​အ​မျိုး​တို့​သည်​ကြား​လျှင်၊ သူ​သည် အ​ရူး​ဖြစ်၏​ဟု​ဆို၍ ကိုယ်​တော်​ကို ဖမ်း​ဆီး​ခြင်း​ငှာ ထွက်​သွား​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 3:21
8 ပူးပေါင်းရင်းမြစ်များ  

ယေ​ဟု​သည်​မိ​မိ​၏​အ​ဖော်​တပ်​မှူး​များ​ထံ သို့​ပြန်​လာ​သော​အ​ခါ ထို​သူ​တို့​က``အ​စ​စ အ​ရာ​ရာ​အ​ဆင်​ပြေ​ပါ​၏​လော။ ထို​သူ​ရူး သည်​အ​ဘယ်​ကိစ္စ​နှင့်​သင့်​ထံ​သို့​လာ​ပါ သ​နည်း'' ဟု​မေး​ကြ​၏။ ယေ​ဟု​က``သူ​၏​ကိစ္စ​ကို​သင်​တို့​သိ​ပါ​၏'' ဟု ဖြေ​၏။


``ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား​ယော​ယ​ဒ နေ​ရာ​တွင် ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ခန့်​ထား​သည် ဖြစ်​၍ ယ​ခု​သင်​သည်​ဗိ​မာန်​တော်​အုပ်​ချုပ်​ရေး မှူး​ဖြစ်​၍​လာ​လေ​ပြီ။ ပ​ရော​ဖက်​ဟန်​ဆောင် သည့်​သူ​ရူး​မှန်​သ​မျှ​ကို သံ​ပတ်​တပ်​၍​သံ​ကြိုး နှင့်​ချည်​နှောင်​ထား​ရန်​အ​လုပ်​မှာ​သင်​၏​တာ​ဝန် ပင်​ဖြစ်​ပေ​သည်။-


ထိုက်​သင့်​သော​အ​ပြစ်​ဒဏ်​ကို​သူ​တို့​ခံ​ရ မည့်​အ​ချိန်​ရောက်​လာ​ပြီ။ ထို​အ​ချိန်​ရောက် လာ​သော​အ​ခါ ဣ​သ​ရေ​လ​ပြည်​သား​တို့ သိ​ကြ​လိမ့်​မည်။ သင်​တို့​က``ဤ​ပ​ရော​ဖက် သည်​သူ​ရူး​ဖြစ်​၏။ ဝိ​ညာဉ်​တော်​သက်​ရောက် သူ​သည်​စိတ်​မ​နှံ့​သူ​ဖြစ်​၏'' ဟု​ဆို​ကြ​၏။ သင်​တို့​သည်​ကြီး​လေး​သော​အ​ပြစ်​ကို ကူး​လွန်​သော​ကြောင့်​ငါ့​ကို​အ​လွန်​မုန်း တီး​ကြ​၏။-


ကိုယ်​တော်​၏​မယ်​တော်​နှင့်​ညီ​တော်​တို့​သည်​ရောက် လာ​ကြ​၏။ အိမ်​ပြင်​တွင်​ရပ်​၍​ကိုယ်​တော်​ကို အ​ခေါ်​ခိုင်း​ကြ​၏။-


လူ​အ​ချို့​တို့​က ``ဤ​သူ​သည်​နတ်​မိစ္ဆာ​စွဲ​ကပ် သော​သူ​ရူး​ဖြစ်​၏။ အ​ဘယ်​ကြောင့်​သူ့​စ​ကား ကို​သင်​တို့​နား​ထောင်​ကြ​သ​နည်း'' ဟု​ဆို​ကြ ၏။


ဤ​သို့​လျှောက်​လျက်​နေ​စဉ်​ဖေတ္တု​က ``ပေါ​လု၊ သင်​သည်​ရူး​သွပ်​လေ​ပြီ။ အ​တတ်​လွန်​ကဲ​၍ သူ​ရူး​ဖြစ်​လေ​ပြီ​တ​ကား'' ဟု​အော်​၍​ပြော ၏။


ငါ​တို့​သည်​ရူး​သွပ်​လေ​ပြီ​လော။ ရူး​သွပ်​လျှင် ဘု​ရား​သ​ခင်​အ​ဖို့​ဖြစ်​၏။ အ​ကယ်​၍​မ​ရူး မ​သွပ်​လျှင်​လည်း​သင်​တို့​အ​ဖို့​ဖြစ်​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ