၂ ရာချုပ် 30:14 - Common Language Bible14 သူတို့သည်ယေရုရှလင်မြို့ရှိယဇ်များပူ ဇော်ရာနှင့် နံ့သာပေါင်းမီးရှို့ရာယဇ်ပလ္လင်ရှိ သမျှကိုယူ၍ကေဒြုန်ချိုင့်ဝှမ်းထဲသို့ပစ် ချလိုက်ကြ၏။ လဆန်းတစ်ဆယ့်လေးရက် နေ့၌သူတို့သည် ပသခါယဇ်ပူဇော်ရန် အတွက်သိုးများကိုသတ်ကြလေသည်။- အခန်းကိုကြည့်ပါ။Garrad Bible14 ထို သူ တို့ သည်၊ ယေ ရု ရှ လင် မြို့ ရှိ ယဇ် ပ လ္လင် များ နှင့်၊ နံ သာ ပေါင်း တင် ရှို့ ရာ ပ လ္လင် များ ကို ပယ် ရှား၍၊ ကေ ဒြုန် ချိုင့် ထဲ သို့ ပစ် ချ ပြီး လျှင်၊ အခန်းကိုကြည့်ပါ။Judson Bible14 သူတို့သည်ထ၍၊ ယေရုရှလင်မြို့၌ရှိသော ယဇ်ပလ္လင်တို့ကိုလည်းကောင်း၊ နံ့သာပေါင်းမီးရှို့ရာ ယဇ်ပလ္လင် ရှိသမျှတို့ကိုလည်းကောင်း ပယ်ရှင်း၍၊ ကေဒြုန်ချောင်းထဲသို့ ပစ်ချကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 သူတို့သည် ထ၍ဂျေရုဆလင်မြို့ရှိ ယဇ်ပလ္လင်များနှင့် နံ့သာပေါင်းယဇ်ပလ္လင်ရှိသမျှကို ဖြိုချပြီး ကေဒြုန်ချိုင့်ဝှမ်းထဲသို့ ပစ်ချကြ၏။ အခန်းကိုကြည့်ပါ။ |
သူသည်ဆက်လက်၍``သင်က`ငါတို့သည် ငါတို့ ၏ဘုရားသခင်ထာဝရဘုရားကိုအားကိုး ပါသည်' ဟုပြောဆိုကြမည်လော။ မြင့်သော အရပ်ဌာနများနှင့်ယဇ်ပလ္လင်များကိုဟေဇကိ ဖျက်ဆီး၍ ယုဒပြည်သူတို့အားယေရုရှလင် မြို့ရှိယဇ်ပလ္လင်၌သာ ဝတ်ပြုကိုးကွယ်ကြရန် အမိန့်ထုတ်သည်မဟုတ်ပါလော။-
အာသမင်းသည်မိမိ၏အဘွားတော်မာခါ ၏ထံတော်မှ မယ်တော်ဘုရင်မရာထူးကိုနှုတ် သိမ်းတော်မူ၏။ အဘယ်ကြောင့်ဆိုသော်မာခါ သည်မြေသြဇာဖွံ့ဖြိုးမှုဆိုင်ရာအာရှရ ဘုရားမအားကိုးကွယ်ရန် အတွက်ရှုမကောင်း မြင်မကောင်းသောရုပ်တုကိုပြုလုပ်ထားသော ကြောင့်ဖြစ်၏။ အာသသည်ထိုရုပ်တုကို အပိုင်းပိုင်းခုတ်ဖြတ်ကာ ကေဒြုန်ချိုင့်ဝှမ်း တွင်မီးရှို့စေတော်မူ၏။-
ယောရှိသည်နန်းစံရှစ်နှစ်မြောက်၌အသက် အရွယ်အလွန်နုနယ်လျက်ပင်ရှိနေသေးစဉ် အခါ မိမိ၏ဘေးတော်ဒါဝိဒ်မင်း၏ဘုရားသခင်ကိုစတင်ဆည်းကပ်လေသည်။ နောက် လေးနှစ်မျှကြာသောအခါသူသည်ရုပ်တု ကိုးကွယ်ရာဌာနများ၊ အာရှရဘုရားမ ၏တံခွန်တိုင်များနှင့်အခြားရုပ်တုရှိ သမျှတို့ကိုဖျက်ဆီးလေသည်။-
ထို့နောက်သူသည်ဆက်လက်၍``သင်တို့က`ငါ တို့သည် မိမိတို့ဘုရားသခင်ထာဝရ ဘုရားကို အားကိုးပါသည်' ဟုငါ့အား ပြောဆိုကြပါမည်လော။ ဟေဇကိသည် ထာဝရဘုရားအားဝတ်ပြုရာဌာနများ နှင့် ယဇ်ပလ္လင်များကိုဖြိုဖျက်ပစ်ပြီးနောက် ယုဒပြည်သူများနှင့်ယေရုရှလင်မြို့ သားတို့အား ယေရုရှလင်မြို့ရှိယဇ်ပလ္လင် ၌သာလျှင် ဝတ်ပြုကိုးကွယ်ကြစေရန် မှာကြားခဲ့ပေသည်။-