Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ရာ​ချုပ် 30:15 - Common Language Bible

15 ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​မှု​ကို​မ​ပြု ခဲ့​သူ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင် တို့​သည် လွန်​စွာ​အ​ရှက်​ရ​၍ မိ​မိ​တို့​ကိုယ်​ကို ထာ​ဝရ​ဘု​ရား​အား​ဆက်​ကပ်​ကြ​သ​ဖြင့် ယ​ခု အ​ခါ​ဗိ​မာန်​တော်​တွင်​မီး​ရှို့​ရာ​ယဇ်​များ​ကို ပူ​ဇော်​နိုင်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 ဒု တိ ယ လ၊ ဆယ့် လေး ရက် တွင်၊ ပ သ ခါ သိုး သား ငယ် ကို စီ ရင် ကြ သည့် အ တွက်၊ ပ ရော ဟိတ် နှင့် လေ ဝိ ဂိုဏ်း သား တို့ အ ရှက် ရ သ ဖြင့်၊ ကိုယ် ကို သန့် ရှင်း စေ ပြီး မှ၊ မီး ရှို့ ရာ သ က္ကာ များ ကို ဗိ မာန် တော် သို့ ဆက် သွင်း ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 ဒု​တိ​ယ​လ တစ်​ဆယ်​လေး​ရက်​နေ့​တွင်၊ ပ​သ​ခါ​သိုး​သ​ငယ်​ကို သတ်​ကြ၏။ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​တို့​သည် သ​တိ​ရ၍ ကိုယ်​ကို​သန့်​ရှင်း​စေ​လျက်၊ မီး​ရှို့​ရာ​ယဇ်​တို့​ကို ဗိ​မာန်​တော်​ထဲ​သို့ သွင်း​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ဒုတိယ​လ​၊ တစ်ဆယ့်​လေး​ရက်​နေ့​တွင် ပသခါသိုးသငယ်​ကို သတ်​ကြ​၏​။ ယဇ်ပုရောဟိတ်​များ​နှင့် လေဝိ​အမျိုး​တို့​သည် အရှက်ရ​၍ သန့်ရှင်း​ခြင်း​ဝတ်​ကို​ပြု​ကြ​၏​။ ထို့နောက် မီးရှို့ရာယဇ်​များ​ကို ထာဝရဘုရား​၏​အိမ်​တော်​သို့ ယူဆောင်​သွား​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 30:15
16 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​တို့​သည်​လေ​ဝိ​အ​နွယ်​ဝင်​အ​ချင်း ချင်း​တို့​အား​စု​ဝေး​စေ​ပြီး​လျှင် ဘာ​သာ ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​မှု​ကို​ပြု​စေ ကြ​၏။ ထို​နောက်​သူ​တို့​သည်​မင်း​ကြီး​မိန့် မှာ​တော်​မူ​ခဲ့​သည့်​အ​တိုင်း ထာ​ဝရ​ဘု​ရား ၏​တ​ရား​နှင့်​အ​ညီ​ဗိ​မာန်​တော်​ကို သန့်​စင်​စေ​ကြ​၏။-


သူ​တို့​သည်​နွား​ကောင်​ရေ​ခု​နစ်​ဆယ်၊ သိုး ကောင်​ရေ​တစ်​ရာ​နှင့်​သိုး​ငယ်​ကောင်​ရေ​နှစ် ရာ​တို့​ကို​ထာ​ဝရ​ဘု​ရား​အား မီး​ရှို့​ရာ ပူ​ဇော်​သကာ​အ​ဖြစ်​ယူ​ဆောင်​လာ​ပြီး​လျှင်၊-


ဤ​တိ​ရစ္ဆာန်​များ​ကို​သတ်​ရန်​ယဇ်​ပု​ရော​ဟိတ် မ​လုံ​လောက်​သ​ဖြင့် မိ​မိ​တို့​ကိုယ်​ကို​သန့်​စင် မှု​ပြု​ပြီး​သူ၊ ယဇ်​ပု​ရော​ဟိတ်​များ​ကို​မ​ရ ရှိ​မီ​အ​တွင်း​ဆောင်​ရွက်​စ​ရာ​များ​ပြီး​ဆုံး ချိန်​အ​ထိ လေ​ဝိ​အ​နွယ်​ဝင်​တို့​က​ကူ​ညီ ရ​ကြ​၏။ (ယဇ်​ပု​ရော​ဟိတ်​များ​ထက် လေ​ဝိ​အ​နွယ်​ဝင်​များ​က​ဘာ​သာ​ရေး ထုံး​နည်း​အ​ရ သန့်​စင်​မှု​ကို​ပို​၍​တိ​ကျ စွာ​ပြု​တတ်​ကြ​သည်။-)


ဒု​တိ​ယ​လ​၌​များ​စွာ​သော​လူ​တို့​သည် တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​ကျင်း​ပ​ရန်​အ​တွက် ယေ​ရု​ရှ​လင်​မြို့​တွင်​စု​ဝေး​ကြ​၏။-


ဟေ​ဇ​ကိ​မင်း​သည်​လူ​တို့​စား​ရန်​အ​တွက် နွား ကောင်​ရေ​တစ်​ထောင်​နှင့်​သိုး​ကောင်​ရေ​ခု​နစ်​ထောင် ကို​ပေး​လှူ​တော်​မူ​၏။ မှူး​မတ်​များ​က​လည်း နွား​ကောင်​ရေ​တစ်​ထောင်​နှင့်​သိုး​ကောင်​ရေ​တစ် သောင်း​ကို​ပေး​လှူ​ကြ​လေ​သည်။ ယဇ်​ပု​ရော ဟိတ်​အ​မြောက်​အ​မြား​ပင်​ဘာ​သာ​ရေး ထုံး​နည်း​အ​ရ​သန့်​စင်​မှု​ကို​ပြု​ကြ​ကုန်​၏။-


ထို​သူ​အ​ပေါင်း​တို့​သည်​မိ​မိ​တို့​အ​တွက် သီး​သန့်​ထား​သော​တာ​ဝန်​ဝတ္တ​ရား​များ​ကို အ​ချိန်​မ​ရွေး​ထမ်း​ဆောင်​ရန်​အ​သင့်​ရှိ​အပ် သည်​ဖြစ်​၍ သား​မ​ယား​များ​နှင့်​တ​ကွ အ​ခြား​မှီ​ခို​သူ​များ​နှင့်​အ​တူ​မှတ်​ပုံ တင်​ထား​ရ​ကြ​လေ​သည်။-


သင်​တို့​သည်​ပ​သ​ခါ​သိုး​များ၊ ဆိတ်​များ ကို​သတ်​ရ​မည်။ ယ​ခု​မိ​မိ​တို့​ကိုယ်​ကို ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​မှု​ရှိ အောင်​ပြု​၍ မော​ရှေ​အား​ဖြင့်​ထာ​ဝရ​ဘု​ရား ပေး​တော်​မူ​သော​ညွှန်​ကြား​ချက်​များ​ကို အ​မျိုး​သား​ချင်း​တို့​လိုက်​နာ​ကျင့်​သုံး​နိုင် ကြ​စေ​ရန် ယဇ်​ပူ​ဇော်​မှု​ကို​ပြင်​ဆင်​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။


ယဇ်​ပု​ရော​ဟိတ်​အ​ပေါင်း​တို့​သည်​မည်​သည့် အ​ဖွဲ့​တွင်​ပါ​ဝင်​သည်​မ​ဆို မိ​မိ​တို့​ကိုယ် ကို​ဆက်​ကပ်​ပြီး​ဖြစ်​ကြ​၏။ လေ​ဝိ​အ​နွယ် ဝင်​ဂီ​တ​ဆ​ရာ​များ​ဖြစ်​ကြ​သော​အာ​သပ်၊ ဟေ​မန်၊ ယေ​ဒု​သုန်​နှင့်​သူ​တို့​၏​တပည့်​အ​ပေါင်း တို့​သည်​ပိတ်​ချော​ထည်​ကို​ဝတ်​ဆင်​၍​လင်း ကွင်း​များ၊ စောင်း​များ​ကို​ကိုင်​လျက်​တံ​ပိုး ခရာ​မှုတ်​သူ​ယဇ်​ပု​ရော​ဟိတ်​ပေါင်း​တစ်​ရာ့ နှစ်​ဆယ်​တို့​သည်​သူ​တို့​နှင့်​အ​တူ​ယဇ်​ပလ္လင် ၏​အ​ရှေ့​ဘက်​တွင်​ရပ်​နေ​ကြ​လေ​သည်။ သီ ဆို​သူ​တို့​သည်​တံ​ပိုး​ခ​ရာ​သံ၊ လင်း​ကွင်း သံ​နှင့်​အ​ခြား​တူ​ရိ​ယာ​သံ​များ​နှင့်​စည်း လိုက်​ဝါး​လိုက်​ညီ​ညာ​စွာ​ထာ​ဝ​ရ​ဘု​ရား အား​သီ​ဆို​ထော​မ​နာ​ပြု​ကြ​ကုန်​၏။ သူ​တို့​က ``ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ်​တော်​မူ သည်​ဖြစ်​၍​ကိုယ်​တော်​အား​ထော​မ​နာ​ပြု ကြ​လော့။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ်​တည် သ​တည်း'' ဟု​သီ​ဆို​ကြ​လေ​သည်။ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ဗိ​မာန်​တော်​မှ​ထွက်​လာ စဉ်​ဗိ​မာန်​တော်​သည်​ရုတ်​တ​ရက်​မိုး​တိမ်​ဖြင့် ပြည့်​လာ​ပြီး​လျှင် ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ ရေ​တော်​ထွန်း​တောက်​သည်​ဖြစ်​၍​သူ​တို့​သည်​ဝတ် ပြု​ကိုး​ကွယ်​ခြင်း​ကို​ဆက်​လက်​၍​မ​ပြု​နိုင်​ကြ ချေ။


ယဇ်​ပု​ရော​ဟိတ်​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​အ​ပေါင်း​တို့​သည် မိ​မိ​တို့​ကိုယ်​ကို​သန့်​ရှင်း​စေ​သ​ဖြင့် ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​လျက်​ရှိ​ကြ​၏။ လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​မိ​မိ​တို့​ပြည်​သို့​ပြန်​လာ​ကြ​သူ​များ၊ ယဇ်​ပု​ရော​ဟိတ်​များ​နှင့် မိ​မိ​တို့​ကိုယ်​တိုင်​တို့​အ​တွက်​ပ​သ​ခါ​ယဇ်​ကောင်​များ​ကို​သတ်​ကြ​၏။-


ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``လူ​အ​ပေါင်း တို့​အား ထာ​ဝ​ရ​ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ် ရန်​ပြင်​ဆင်​သည့်​အ​နေ​ဖြင့် ယ​နေ့​နှင့်​နက်​ဖြန် နေ့​တွင်​မိ​မိ​တို့​ကိုယ်​ကို​သန့်​စင်​စေ​ရန်​ပြော လော့။ သူ​တို့​သည်​မိ​မိ​တို့​အ​ဝတ်​များ​ကို ဖွပ်​လျှော်​၍၊-


ငါ့​အ​နီး​သို့​ချဉ်း​ကပ်​လာ​သော​ယဇ်​ပု​ရော ဟိတ်​များ​ပင်​လျှင် မိ​မိ​တို့​ကိုယ်​ကို​သန့်​စင် စေ​ရ​မည်။ ထို​သို့​မ​ပြု​လျှင်​ငါ​သည်​သူ​တို့ အား​ဒဏ်​ခတ်​မည်'' ဟု​မိန့်​တော်​မူ​၏။


တစ်​လ​စောင့်​ဆိုင်း​၍​ဒု​တိ​ယ​လ၊ တစ်​ဆယ့်​လေး​ရက်​နေ့​ည​နေ​တွင်​ပွဲ​ခံ​နိုင်​ခွင့်​ရှိ​သည်။ သူ​သည်​သိုး​သား​ကို​တ​ဆေး​မဲ့​မုန့်၊ ခါး​သော​ဟင်း​သီး​ဟင်း​ရွက်​တို့​နှင့်​စား​၍​ပ​သ​ခါ​ပွဲ​ခံ​ရ​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ