ငါသည်ကြိမ်လုံးကိုကိုင်၍သင်တို့ထံသို့ လာရမည်လော။ သို့တည်းမဟုတ်မေတ္တာနှင့် လည်းကောင်း၊ နူးညံ့သိမ်မွေ့သောစိတ်နှင့်လည်း ကောင်းလာရမည်လော။ သင်တို့အဘယ်သို့ အလိုရှိကြသနည်း။
၂ ကော 2:3 - Common Language Bible အကယ်၍ငါလာလျှင်ငါ့အားစိတ်ရွှင်လန်း စေမည့်သူများက ငါ့အားဝမ်းနည်းစေမည် စိုး၍ယခင်စာကိုငါရေးသားပေးပို့လိုက် ခြင်းဖြစ်၏။ ငါဝမ်းမြောက်လျှင်သင်တို့ အပေါင်းသည်လည်းဝမ်းမြောက်ကြမည် ကိုငါအမှန်ယုံကြည်၏။- Garrad Bible ငါ့ ၏ ရွှင် လန်း ခြင်း အ ကြောင်း သည် သင် တို့ ရှိ သ မျှ၏ ရွှင် လန်း ခြင်း အ ကြောင်း ဖြစ် သည် ဟု သင် တို့ ရှိ သ မျှ ကို ရည် လျက် ငါ စိတ် ချ သည့် အ လျောက် ငါ့ ကို ရွှင် လန်း စေ အပ် သော သင် တို့ ထံ မှာ ပူ ပန် မည် စိုး ၍ ငါ မ လာ ဖြစ် ဘဲ စာ ရေး လိုက် ၏။ Judson Bible ငါဝမ်းမြောက်ခြင်း၏ အကြောင်းသည် သင်တို့ရှိသမျှ၏ ဝမ်းမြောက်ခြင်းအကြောင်းဖြစ်သည်ကို ငါသဘောကျသည်ဖြစ်၍၊ ငါရောက်သောအခါ ငါ့ကို ဝမ်းမြောက်စေအပ်သောသူတို့သည် ဝမ်းနည်းခြင်း အကြောင်းကို မပြုစေခြင်းငှာ၊ အထက်စာကို ငါရေး၍ ပေးလိုက်၏။- မြန်မာ့စံမီသမ္မာကျမ်း ငါလာသောအခါ ငါ့ကိုဝမ်းမြောက်စေရမည့်သူများသည် ငါ့ကိုဝမ်းနည်းစေမည်စိုး၍ ဤအကြောင်းအရာကို ငါရေးလိုက်ခြင်းဖြစ်၏။ ငါ၏ဝမ်းမြောက်ခြင်းသည် သင်တို့ရှိသမျှ၏ဝမ်းမြောက်ခြင်းဖြစ်သည်ဟု သင်တို့အားလုံးနှင့်ပတ်သက်၍ ငါယုံကြည်စိတ်ချလျက်ရှိ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ကျွန်ုပ်ရောက်လာသောအခါ ကျွန်ုပ်ကို ဝမ်းမြောက်စေရမည့်သူများက ကျွန်ုပ်ကို ဝမ်းနည်းစေမည်စိုးသဖြင့် ယခင်စာကို ရေးပို့ခဲ့ခြင်းဖြစ်၏။ ကျွန်ုပ် ဝမ်းမြောက်လျှင် သင်တို့အားလုံးသည်လည်း ဝမ်းမြောက်ကြမည်ဟု ကျွန်ုပ်စိတ်ချယုံကြည်ပါ၏။ |
ငါသည်ကြိမ်လုံးကိုကိုင်၍သင်တို့ထံသို့ လာရမည်လော။ သို့တည်းမဟုတ်မေတ္တာနှင့် လည်းကောင်း၊ နူးညံ့သိမ်မွေ့သောစိတ်နှင့်လည်း ကောင်းလာရမည်လော။ သင်တို့အဘယ်သို့ အလိုရှိကြသနည်း။
ထိုသို့စိတ်ချခြင်းရှိသဖြင့် ငါသည်သင် တို့နှစ်ထပ်ကွမ်းကောင်းချီးမင်္ဂလာခံစား ရကြစေရန်၊-
ကောရိန္သုမြို့သို့မလာဘဲနေရန်ငါဆုံးဖြတ် ခဲ့ခြင်းမှာ သင်တို့ကိုသက်ညှာသောကြောင့်ဖြစ် ကြောင်းဘုရားသခင်သည်ငါ၏သက်သေ ဖြစ်တော်မူ၏။-
ငါသည်လူမိုက်ကဲ့သို့ပြုလေပြီ။ သို့ရာတွင် သင်တို့ကငါ့ကိုလူမိုက်ဖြစ်အောင်ပြုကြ၏။ သင်တို့သည်ငါ့ကိုထောက်ခံသင့်သူများ ဖြစ်ပေသည်။ ငါသည်မရေရာသောသူဖြစ် စေကာမူသင်တို့၏ထူးမြတ်သည့်တမန် တော်များထက်အဘယ်နည်းနှင့်မျှမညံ့။-
နောက်တစ်ဖန်သင်တို့ထံသို့လာသောအခါ ငါ၏ဘုရားသခင်သည် ငါ့အားသင်တို့ရှေ့ တွင်အရှက်ရစေတော်မူလိမ့်မည်လောဟူ၍ လည်းကောင်း၊ ယခင်ကအပြစ်ကူးခဲ့ကြ ပြီးနောက်ယခုတိုင်အောင်ပင်နောင်တမရဘဲ အကျင့်ပျက်ပြားလျက်သူတစ်ပါးအိမ်ရာ ကိုပြစ်မှား၍ကာမဂုဏ်လိုက်စားလျက်ရှိ နေကြသူများအတွက် ငါသည်မျက်ရည် ကျရလိမ့်မည်လောဟူ၍လည်းကောင်း စိုးရိမ်မိ၏။
သင်တို့နှင့်ဝေးကွာသည်ကာလဤစာကိုရေးရ ခြင်းမှာငါလာသောအခါ သခင်ဘုရားငါ့အား ပေးတော်မူသည့်အခွင့်အာဏာကိုပြင်းပြင်းထန် ထန်အသုံးမပြုရစေရန်ပင်ဖြစ်ပေသည်။ ထိုအခွင့် အာဏာသည်သင်တို့အားပြုစုပျိုးထောင်ပေးရန် အတွက်ဖြစ်၏။ ဖြိုဖျက်ပစ်ရန်အတွက်မဟုတ်။
ယခင်ကငါစာရေးခဲ့ရသည့်အကြောင်းမှာ သင်တို့သည်စုံစမ်းနှောင့်ယှက်ခြင်းကိုအဘယ် မျှခံနိုင်ရည်ရှိသည်ကိုလည်းကောင်း၊ ငါညွှန် ကြားချက်များကိုလိုက်နာရန်အစဉ်အသင့် ရှိမရှိကိုလည်းကောင်းသိရှိရန်ဖြစ်၏။-
သို့ဖြစ်၍ယခင်ကသင်တို့ထံသို့ငါစာရေးခဲ့ရ ခြင်းမှာပြစ်မှားသောသူ၏ကိစ္စကြောင့်မဟုတ်။ ပြစ် မှားခြင်းကိုခံရသူ၏ကိစ္စကြောင့်လည်းမဟုတ်။ ဘုရားသခင်၏ရှေ့တော်တွင်ငါတို့အားသင်တို့ အဘယ်မျှချစ်ခင်စွဲလန်းကြသည်ကိုကောင်း စွာသိသာထင်ရှားစေလို၍ရေးခဲ့ခြင်းဖြစ်၏။-
ငါသည်သင်တို့အပေါ်တွင်လုံးဝစိတ်ချ နိုင်သဖြင့်အလွန်ရွှင်လန်းဝမ်းမြောက်၏။
သို့ရာတွင်စိတ်ညှိုးငယ်သူကိုအားပေးတော်မူသော ဘုရားသခင်သည်ငါတို့ထံရောက်ရှိလာသောတိတု အားဖြင့် ငါတို့ကိုအားပေးတော်မူ၏။ တိတုရောက်ရှိ လာသည့်အတွက်ကြောင့်သာမက၊ တိတုအားသင် တို့ကအားပေးကြသည့်သတင်းကိုကြားသိရ သည့်အတွက်ကြောင့်လည်း ငါတို့သည်အားတက်ရ ကြပေသည်။-
အကယ်၍ငါ၏စာသည်သင်တို့အားစိတ်မချမ်း မသာဖြစ်စေခဲ့လျှင် ထိုစာကိုရေးမိသည့်အတွက် ယခုငါဝမ်းမနည်း။ ထိုစာကြောင့်ခေတ္တမျှသင် တို့စိတ်မချမ်းမသာဖြစ်ကြသည်ကိုတွေ့စဉ် အခါကငါဝမ်းနည်းမိခဲ့လျှင်လည်း၊-
သို့ဖြစ်၍ငါတို့သည်ထိုသူနှစ်ယောက်တို့နှင့် အတူ အခြားညီအစ်ကိုတစ်ယောက်ကိုလည်း စေလွှတ်လိုက်ကြသည်။ ထိုသူအားငါတို့အကြိမ် ကြိမ်အကဲခတ်ကြည့်ရာ သူသည်အစဉ်ကူညီ မစတတ်သူဖြစ်ကြောင်းတွေ့ရှိရပေသည်။ သူ သည်သင်တို့အပေါ်တွင်များစွာအယုံအကြည် ရှိသဖြင့် သူ၏စိတ်စေတနာသည်ပို၍ပင် ထက်သန်နေပေသည်။-
သို့ရာတွင်ငါသည်သင်တို့ကို ယနေ့တိုင်အောင် ယုံကြည်စိတ်ချခြင်းရှိ၏။ ငါနှင့်သင်တို့သည် သခင်ဘုရား၌တစ်လုံးတစ်ဝတည်းဖြစ်ကြ သဖြင့် သင်တို့သည်ကွဲလွဲသောအယူကို လက်ခံကြလိမ့်မည်မဟုတ်ဟု ငါယုံကြည် စိတ်ချ၏။ သို့ရာတွင်သင်တို့အားနှောင့်ယှက် သူမည်သူမဆို ဘုရားသခင်၏အပြစ်ဒဏ် ခတ်တော်မူခြင်းကိုခံရမည်။
သခင်ဘုရားသည်ငါတို့အားသင်တို့အပေါ် တွင်ယုံကြည်စိတ်ချစေတော်မူ၏။ သင်တို့သည် ငါတို့မှာကြားခဲ့သည့်အတိုင်းယခုအခါ ၌ပြုကျင့်လျက်ရှိကြသည်နည်းတူ နောင် အခါ၌လည်းဆက်လက်ပြုကျင့်ကြမည် ကိုငါတို့စိတ်ချယုံကြည်၏။
သင်သည်ငါမေတ္တာရပ်ခံသည့်အတိုင်းပြုလုပ် လိမ့်မည်ဟုစိတ်ချယုံကြည်လျက် ဤစာကိုရေး လိုက်၏။ အမှန်စင်စစ်ထိုထက်ပင်ပို၍ပြုလုပ် လိမ့်မည်ကိုငါသိပါ၏။-