ယောယဒ၏သားဗေနာယမှာခေရသိနှင့် ပေလသိအမျိုးသားများဖြစ်ကြသော ကိုယ်ရံတော်အစောင့်တပ်သားတို့ကိုအုပ် ချုပ်ရသူဖြစ်၏။ ဒါဝိဒ်၏သားတော်များ ကားယဇ်ပုရောဟိတ်များဖြစ်ကြသတည်း။
၁ ရာချုပ် 27:34 - Common Language Bible အဟိသောဖေလသေလွန်ပြီးနောက်အဗျာသာ နှင့်ဗေနာယ၏သားယောယဒတို့သည်အတိုင် ပင်ခံများဖြစ်လာကြ၏။ ယွာဘကားဘုရင့် တပ်မတော်၏ဗိုလ်ချုပ်ဖြစ်သတည်း။ Garrad Bible ယွာ ဘ သည် ဗိုလ် ချုပ်၊ အ ဗျာ သာ နှင့် ဗေ နာ ယ သား ယော ယ ဒ တို့ သည် အ ဟိ သော ဖေ လ ရာ ထူး ကို ဆက် ခံ သူ ဖြစ် ကြ သ တည်း။ Judson Bible အဟိသောဖေလနောက်မှာ အဗျာသာနှင့် ဗေနာယသားယောယဒသည် နေရာကျ၏။ ယွာဘသည် တပ်တော်ဗိုလ်ချုပ်မင်းဖြစ်၏။ မြန်မာ့စံမီသမ္မာကျမ်း အဟိသောဖေလ မရှိတော့သည့်နောက်တွင် ဗေနာယ၏သားယောယဒနှင့် အဗျာသာတို့သည် အတိုင်ပင်ခံအမတ်များဖြစ်လာကြ၏။ ယွာဘသည်လည်း ဘုရင့်တပ်တော်၏ဗိုလ်ချုပ်ဖြစ်၏။ |
ယောယဒ၏သားဗေနာယမှာခေရသိနှင့် ပေလသိအမျိုးသားများဖြစ်ကြသော ကိုယ်ရံတော်အစောင့်တပ်သားတို့ကိုအုပ် ချုပ်ရသူဖြစ်၏။ ဒါဝိဒ်၏သားတော်များ ကားယဇ်ပုရောဟိတ်များဖြစ်ကြသတည်း။
သူသည်ဇေရုယာ၏သားယွာဘနှင့်ယဇ်ပုရော ဟိတ်အဗျာသာတို့နှင့်တိုင်ပင်ရာ ထိုသူတို့က သူ့အားကူညီရန်သဘောတူကြ၏။-
ဒါဝိဒ်မင်းက``ယေဗုသိမြို့သားတစ်ယောက် ယောက်ကိုအဦးအဖျားလုပ်ကြံနိုင်သူ အားတပ်မှူးအရာကိုငါပေးမည်'' ဟု အမိန့်တော်ရှိသည့်အတိုင်းဇေရုယာ၏ သားယွာဘသည်ရှေ့ဆုံးမှနေ၍ တိုက်စစ် ဆင်သူဖြစ်သဖြင့်တပ်မှူးအရာကိုရ လေ၏။-
ဇေရုယာ၏ညီယွာဘသည်တပ်မတော် ဗိုလ်ချုပ်ဖြစ်၍ အဟိလုဒ်၏သားယောရှဖတ် သည်မှတ်တမ်းထိမ်းမှူးဖြစ်၏။-