၁ ရာချုပ် 11:6 - Common Language Bible6 ဒါဝိဒ်မင်းက``ယေဗုသိမြို့သားတစ်ယောက် ယောက်ကိုအဦးအဖျားလုပ်ကြံနိုင်သူ အားတပ်မှူးအရာကိုငါပေးမည်'' ဟု အမိန့်တော်ရှိသည့်အတိုင်းဇေရုယာ၏ သားယွာဘသည်ရှေ့ဆုံးမှနေ၍ တိုက်စစ် ဆင်သူဖြစ်သဖြင့်တပ်မှူးအရာကိုရ လေ၏။- အခန်းကိုကြည့်ပါ။Garrad Bible6 ဒါ ဝိဒ် မင်း က လည်း ယေ ဗု သိ လူ မျိုး တို့ ကို ဦး စွာ လုပ် ကြံ သူ သည် ဗိုလ် ချုပ် ဖြစ် စေ ဟု အ မိန့် ထုတ် ဆင့် သည့် အ တိုင်း ဇေ ရု ယာ့ သား ယွာ ဘ သည် တပ် ဦး တက် ဝင် သ ဖြင့် ဗိုလ် ချုပ် ရာ ထူး ကို ရ လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible6 ဒါဝိဒ်ကလည်း၊ ယေဗုသိလူတို့ကို အဦးလုပ်ကြံသောသူသည် ဗိုလ်ချုပ်ဖြစ်စေဟု အမိန့်တော်ရှိသည် အတိုင်း၊ ဇေရုယာသား ယွာဘသည် အဦးတက်၍ ဗိုလ်ချုပ်အရာကိုခံရ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 ထို့နောက် ဒါဝိဒ်မင်းကြီးက “ယေဗုသိလူမျိုးကို ဦးစွာတိုက်ခိုက်နိုင်သူအား ဗိုလ်ချုပ်ကြီးရာထူးပေးမည်”ဟု မိန့်ဆိုလျှင် ဇေရုယာ၏သားယွာဘသည် ဦးစွာသွားတိုက်၏။ ထို့ကြောင့် သူသည် ဗိုလ်ချုပ်ကြီး ဖြစ်လာလေ၏။ အခန်းကိုကြည့်ပါ။ |
``သူ့အားကြည့်ကြလော့။ သူကြိမ်းဝါးသည် ကိုလည်းနားထောင်ကြလော့။ ရှောလုမင်း သည်ထိုသူ့ကိုသတ်ဖြတ်နိုင်သူအားဆု တော်လာဘ်တော်ကိုပေးတော်မူမည်ဟုကတိ ပြုထား၏။ မင်းကြီးသည်ထိုသူအား သမီး တော်နှင့်လည်းထိမ်းမြားစုံဖက်တော်မူပါ လိမ့်မည်။ ထို့ပြင်သူ့ဖခင်၏အိမ်ထောင်စုကို အခွန်တော်များလွတ်ငြိမ်းခွင့်ပြုတော်မူ လိမ့်မည်'' ဟုအချင်းချင်းပြောဆိုနေ ကြ၏။