နာခေါ်၌ရုမာဟုနာမည်တွင်သောမယားငယ် ရှိ၏။ ရုမာသည်သားများဖြစ်ကြသောတေဘ၊ ဂါဟံ၊ သဟာရှနှင့်မာခါတို့ကိုဖွားမြင်လေ သည်။
၁ ရာချုပ် 27:16 - Common Language Bible ဣသရေလအမျိုးအနွယ်၏အုပ်ချုပ်ရေး အရာရှိများမှာအောက်ပါအတိုင်းဖြစ်၏။ အနွယ် အုပ်ချုပ်သူ ရုဗင် ဇိခရိ၏သားဧလျေဇာ။ ရှိမောင် မာခ၏သားရှေဖတိ။ လေဝိ ကေမွေလ၏သားဟာရှဘိ။ အာရုန် ဇာဒုတ်။ ယုဒ ဒါဝိဒ်၏အစ်ကိုဧလိဟု။ ဣသခါ မိက္ခေလ၏သားသြမရိ။ ဇာဗုလုန် သြဗဒိသားဣရှမာယ။ နဿလိ အာဇရေလ၏သား ယေရိမုတ်။ ဧဖရိမ် အာဇဇိ၏သားဟောရှေ။ အနောက်ပိုင်းမနာရှေ ပေဒါယ၏သားယောလ။ အရှေ့ပိုင်းမနာရှေ ဇာခရိ၏သားဣဒ္ဒေါ။ ဗင်္ယာမိန် အာဗနာ၏သားယာသေလ။ ဒန် ယေရောဟံ၏သား အာဇရေလ။ Garrad Bible ဣ သ ရေ လ အ မျိုး အ နွယ် ဦး စီး ဦး ကိုင် များ ကား ရု ဗင့် အ နွယ် တွင် ဇိ ခ ရိ သား ဧ လျေ ဇာ၊ ရှိ မောင့် အ နွယ် တွင် မာ ခါ့ သား ရှေ ဖ တိ၊ Judson Bible ဣသရေလအမျိုး အသီးအသီးတို့ကို အုပ်သောမင်းဟူမူကား၊ ရုဗင်အမျိုးတွင် ဇိခရိ၏သားဧလျေဇာ၊ ရှိမောင်အမျိုးတွင် မာခ၏သား ရှေဖတိ။ မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးအမျိုးအနွယ်တို့ကို အုပ်ချုပ်ရသူများမှာ ရုဗင်အမျိုးတွင် ဇိခရိ၏သားဧလျေဇာ၊ ရှိမောင်အမျိုးတွင် မာခါ၏သားရှေဖတိ၊ |
နာခေါ်၌ရုမာဟုနာမည်တွင်သောမယားငယ် ရှိ၏။ ရုမာသည်သားများဖြစ်ကြသောတေဘ၊ ဂါဟံ၊ သဟာရှနှင့်မာခါတို့ကိုဖွားမြင်လေ သည်။
ယာကုပ်သည်ထိုအရပ်တွင်နေထိုင်စဉ်ရုဗင် သည် ဖခင်၏မယားငယ်ဗိလဟာနှင့်ဖောက် ပြန်မှားယွင်းလေ၏။ ယာကုပ်သည်ထိုအကြောင်း ကိုကြားသိလေသည်။ ယာကုပ်တွင်သားတစ်ဆယ့်နှစ်ယောက်ရှိ၏။-
လေအာမှဖွားမြင်သောသားများမှာရုဗင် (ယာကုပ်၏သားဦး) ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါနှင့်ဇာဗုလုန်တို့ဖြစ်သည်။
ဒါဝိဒ်သည်ဣသရေလအမျိုးသားအရာရှိ အပေါင်းတို့ကို ယေရုရှလင်မြို့တွင်စုရုံးစေ တော်မူ၏။ လူမျိုးနွယ်တို့ကိုအုပ်ချုပ်ရသူ အရာရှိအပေါင်းနှင့် နိုင်ငံအုပ်ချုပ်မှုတာဝန် ကိုထမ်းဆောင်ရသူအရာရှိအပေါင်းသည် လည်းကောင်း၊ သားချင်းစုခေါင်းဆောင်များ၊ ဘုရင်နှင့်သားတော်များ၏ဥစ္စာပစ္စည်း၊ မြည်း၊ နွားအစရှိသောတိရစ္ဆာန်များကိုကြီးကြပ် ထိန်းသိမ်းရကြသူတို့သည်လည်းကောင်း စုရုံးကြ၏။ တစ်နည်းအားဖြင့်နန်းတော် အရာရှိများ၊ ထင်ရှားသောစစ်သူရဲကြီး များနှင့်အရေးပါအရာရောက်သူရှိ သမျှတို့သည်ယေရုရှလင်မြို့တွင်စုရုံး ကြကုန်၏။
သင်တို့နှင့်အတူကူညီ၍ အမှုကိုဆောင်ရသောသူဟူမူကား၊ အနွယ် သားချင်းစုအကြီးအကဲ ရုဗင် ရှေဒုရ၏သားဧလိဇုရ ရှိမောင် ဇုရိရှဒ္ဒဲ၏သားရှေလုမျေလ ယုဒ အမိနဒပ်၏သားနာရှုန် ဣသခါ ဇုအာ၏သားနာသနေလ ဇာဗုလုန် ဟေလုန်၏သားဧလျာဘ ဧဖရိမ် အမိဟုဒ်၏သားဧလိရှမာ မနာရှေ ပေဒါဇုရ၏သားဂါမလျေလ ဗင်္ယာမိန် ဂိဒေါနိ၏သားအဘိဒန် ဒန် အမိရှဒ္ဒဲ၏သားအဟေဇာ အာရှာ သြကရန်၏သားပါဂျေလ ဂဒ် ဒွေလ၏သားဧလျာသပ် နဿလိ ဧနန်၏သားအဟိရ
မိဒျန်အမျိုးသမီးနှင့်အတူအသတ်ခံရ သော ဣသရေလအမျိုးသားနာမည်သည်ကား ရှိမောင်အနွယ်ဝင်မိသားစု၏အကြီး အကဲဖြစ်သူသာလု၏သားဇိမရိဖြစ် သတည်း။-