Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ​ချုပ် 27:16 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 အစ္စရေး​အမျိုးအနွယ်​တို့​ကို အုပ်ချုပ်​ရ​သူ​များ​မှာ ရုဗင်​အမျိုး​တွင် ဇိခရိ​၏​သား​ဧလျေဇာ​၊ ရှိမောင်​အမျိုး​တွင် မာခါ​၏​သား​ရှေဖတိ​၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16-22 ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​၏​အုပ်​ချုပ်​ရေး အ​ရာ​ရှိ​များ​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​၏။ အ​နွယ် အုပ်​ချုပ်​သူ ရု​ဗင် ဇိ​ခ​ရိ​၏​သား​ဧ​လျေ​ဇာ။ ရှိ​မောင် မာ​ခ​၏​သား​ရှေ​ဖ​တိ။ လေဝိ ကေ​မွေ​လ​၏​သား​ဟာ​ရှ​ဘိ။ အာ​ရုန် ဇာ​ဒုတ်။ ယု​ဒ ဒါ​ဝိဒ်​၏​အစ်​ကို​ဧ​လိ​ဟု။ ဣ​သ​ခါ မိက္ခေ​လ​၏​သား​သြ​မ​ရိ။ ဇာ​ဗု​လုန် သြ​ဗ​ဒိ​သား​ဣရှ​မာ​ယ။ န​ဿ​လိ အာ​ဇ​ရေ​လ​၏​သား ယေ​ရိ​မုတ်။ ဧ​ဖ​ရိမ် အာ​ဇ​ဇိ​၏​သား​ဟော​ရှေ။ အ​နောက်​ပိုင်း​မ​နာ​ရှေ ပေ​ဒါ​ယ​၏​သား​ယောလ။ အ​ရှေ့​ပိုင်း​မ​နာ​ရှေ ဇာ​ခ​ရိ​၏​သား​ဣ​ဒ္ဒေါ။ ဗင်္ယာ​မိန် အာ​ဗ​နာ​၏​သား​ယာ​သေ​လ။ ဒန် ယေ​ရော​ဟံ​၏​သား အာ​ဇ​ရေ​လ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 ဣ သ ရေ လ အ မျိုး အ နွယ် ဦး စီး ဦး ကိုင် များ ကား ရု ဗင့် အ နွယ် တွင် ဇိ ခ ရိ သား ဧ လျေ ဇာ၊ ရှိ မောင့် အ နွယ် တွင် မာ ခါ့ သား ရှေ ဖ တိ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 ဣ​သ​ရေ​လ​အ​မျိုး အ​သီး​အ​သီး​တို့​ကို အုပ်​သော​မင်း​ဟူ​မူ​ကား၊ ရု​ဗင်​အ​မျိုး​တွင် ဇိ​ခ​ရိ၏​သား​ဧ​လျေ​ဇာ၊ ရှိ​မောင်​အ​မျိုး​တွင် မာ​ခ၏​သား ရှေ​ဖ​တိ။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ​ချုပ် 27:16
10 ပူးပေါင်းရင်းမြစ်များ  

ရုမာ​အမည်​ရှိ​သော နာခေါ်​၏​မယားငယ်​သည်​လည်း တေဘ​၊ ဂါဟံ​၊ သဟာရှ​နှင့် မာခါ တို့​ကို​မွေးဖွား​လေ​၏​။


အစ္စရေး​သည် ထို​ပြည်​၌​နေထိုင်​စဉ် ရုဗင်​သည်​သွား​၍ မိမိ​ဖခင်​၏​မယားငယ်​ဗိလဟာ​နှင့်​အိပ်​လေ​၏​။ အစ္စရေး​သည် ထို​အကြောင်း​ကို ကြား​၏​။ ယာကုပ်​၌ သား​တစ်ဆယ့်​နှစ်​ယောက်​ရှိ​၏​။


လေအာ​၏​သား​များ​မှာ ရုဗင်​(​ယာကုပ်​၏​သားဦး​)​၊ ရှိမောင်​၊ လေဝိ​၊ ယုဒ​၊ ဣသခါ​၊ ဇာဗုလုန် တို့​ဖြစ်​ကြ​၏​။


ဒွါဒသမ​လ​တွင် တာဝန်​ထမ်းဆောင်​ရ​သော​ဒွါဒသမ​တပ်ဖွဲ့​၏​တပ်မှူး​မှာ ဩသံယေလ​အမျိုး​မှ နေတောဖ​မြို့သား ဟေလဒဲ​ဖြစ်​၏​။ သူ့​တပ်ဖွဲ့​တွင်​လည်း လူ​အယောက်​နှစ်​သောင်း​လေး​ထောင်​ပါ​၏​။


လေဝိ​အမျိုး​တွင် ကေမွေလ​၏​သား​ဟာရှဘိ​၊ အာရုန်​အမျိုး​တွင် ဇာဒုတ်​၊


ဒါဝိဒ်​မင်းကြီး​သည် အစ္စရေး​အကြီးအကဲ​များ​၊ မျိုးနွယ်စု​အကြီးအကဲ​များ​၊ မင်းမှုထမ်း​တပ်ဖွဲ့​အကြီးအကဲ​များ​၊ လူ​တစ်ထောင်​အုပ်​များ​နှင့် လူ​တစ်ရာ​အုပ်​များ​အားလုံး​၊ ရှင်ဘုရင်​နှင့်​သား​တော်​တို့​၏​ဥစ္စာပစ္စည်း​များ​၊ တိရစ္ဆာန်​များ​ကို​ကြီးကြပ်​ပေး​ရ​သူ​များ​အားလုံး​၊ နန်းတွင်း​အကြီးအကဲ​များ​၊ စစ်သူရဲ​များ​နှင့် ရဲစွမ်းသတ္တိ​ရှိ​သူ​အားလုံး​တို့​ကို ဂျေရုဆလင်​မြို့​တွင် စုဝေး​စေ​၏​။


အီဂျစ်​ပြည်​သို့​ရောက်လာ​ကြ​သော အစ္စရေး​၏​သား​တို့​အမည်​များ​ကား ဤသို့တည်း​။ ယာကုပ်​နှင့်အတူ မိသားစု​အလိုက် ရောက်လာ​သော​သူ​များ​မှာ


ထို​သူ​တို့​သည် လူထု​ထဲမှ ရွေးကောက်​ထား​သော​ဘိုးဘေး​တို့​၏​အမျိုးအနွယ်​ခေါင်းဆောင်​များ​ဖြစ်​ကြ​၏​။ အစ္စရေး​မျိုးနွယ်စု​တို့​၏​အကြီးအမှူး​များ​ဖြစ်​ကြ​၏​”​ဟု မိန့်​တော်မူ​၏​။


သင်​တို့​ကို​ကူညီ​မည့်​သူ​တို့​၏​အမည်​များ​ကား ရုဗင်​အမျိုး​မှ ရှေဒုရ​၏​သား ဧလိဇုရ​၊


မိဒျန်​အမျိုးသမီး​နှင့်အတူ အသေသတ်​ခံရ​သည့် အစ္စရေး​အမျိုးသား​၏​အမည်​မှာ ဇိမရိ​ဖြစ်၍ သူ​သည် ရှိမောင်​အမျိုး​၏​ဘိုးဘေး​အိမ်ထောင်စု​ခေါင်းဆောင်​ဖြစ်​သော သာလု​၏​သား​ဖြစ်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ