ယုဒနှင့်သူ၏သားများဖြစ်ကြသောရှေလ၊ ဖာရက်၊ ဇာရ (ယုဒ၏အခြားသားများဖြစ် ကြသောဧရနှင့်သြနန်တို့သည်ခါနာန်ပြည် ၌သေဆုံးကြ၏။) ဖာရက်၏သားများဖြစ် ကြသောဟေဇရုံနှင့်ဟာမုလ။-
၁ ရာချုပ် 2:3 - Common Language Bible ယုဒတွင်စုစုပေါင်းသားငါးယောက်ရှိ၏။ သူ၏ ဇနီး၊ ခါနာန်အမျိုးသမီးဖြစ်သူ ရှုအာနှင့်ရ သောသားသုံးယောက်တို့ကားဧရ၊ သြနန်နှင့် ရှေလတို့ဖြစ်၏။ သူ၏သားအကြီးဆုံးဧရ သည်အလွန်ဆိုးညစ်သူဖြစ်သဖြင့် ထာဝရ ဘုရား၏ကွပ်မျက်တော်မူခြင်းကိုခံရ၏။- Garrad Bible ယု ဒ သည် ခါ နာန် အ မျိုး ရှု အာ့ သ မီး တွင် ရ သော သား များ ကား ဧ ရ၊ သြ နန်၊ ရှေ လ၊ သုံး ယောက် တို့ တည်း။ ယုဒ ၏ သား ဦး ဧ ရ သည် ထာ ဝ ရ ဘု ရား မျက် မှောက် တော်၌ ဆိုး သွမ်း သူ ဖြစ်၍ ကွပ် မျက် တော် မူ ၏။ Judson Bible ယုဒသည် ခါနာန်အမျိုးဖြစ်သော ရှုအာသမီးတွင်မြင်သောသားကား ဧရ၊ ဩနန်၊ ရှေလတည်း။ ယုဒသားကြီးဧရသည် ထာဝရဘုရားရှေ့တော်၌ဆိုးသောသူဖြစ်၍ ကွပ်မျက်တော်မူခြင်းကို ခံရ၏။ မြန်မာ့စံမီသမ္မာကျမ်း ယုဒ၏သားများမှာ ဧရ၊ ဩနန်နှင့်ရှေလ တို့ဖြစ်ကြပြီး ခါနာန်အမျိုးသမီး ဗာသရှုအာသည် ထိုသားသုံးဦးကို မွေးဖွား၏။ ယုဒ၏သားဦးဧရသည် ထာဝရဘုရားရှေ့တော်၌ မကောင်းမှုကိုပြုသဖြင့် သူ့ကိုကွပ်မျက်တော်မူ၏။ |
ယုဒနှင့်သူ၏သားများဖြစ်ကြသောရှေလ၊ ဖာရက်၊ ဇာရ (ယုဒ၏အခြားသားများဖြစ် ကြသောဧရနှင့်သြနန်တို့သည်ခါနာန်ပြည် ၌သေဆုံးကြ၏။) ဖာရက်၏သားများဖြစ် ကြသောဟေဇရုံနှင့်ဟာမုလ။-
ဒန်၊ ယောသပ်၊ င်္ဗယာမိန်၊ နဿာလိ၊ ဂဒ်၊ အာရှာဟူ၍ သားတစ်ဆယ့်နှစ်ယောက်ရှိ၏။
ရှေလသည်ယုဒ၏သားတစ်ယောက်ဖြစ်၏။ သူ၏သားမြေးများတွင်လေကမြို့ကိုတည် ထောင်သူ ဧရနှင့်မရေရှမြို့ကိုတည်ထောင် သူလာဒသည်လည်းကောင်း၊ ဗေသရှေဘ မြို့တွင်နေထိုင်ကြသော ပိတ်ချောထည်ယက် သည့်သားချင်းစုသည်လည်းကောင်း၊-
ယုဒအနွယ်မှသားချင်းစုများမှာ (ယုဒ ၏သားနှစ်ယောက်ဖြစ်သောဧရနှင့်သြနန် တို့သည်ခါနာန်ပြည်တွင်သေဆုံးခဲ့ကြ၏။-)