တောလည် 26:20 - Common Language Bible20 ရှေလ၏သားချင်းစု၊ ဖာရဇ်၏သားချင်းစု၊ ဇေရ၏သားချင်းစု၊- အခန်းကိုကြည့်ပါ။Garrad Bible20 အ ဆက် အ နွယ် အ လိုက် ရှေ လ မှ ဆင်း သက် သော ရှေ လ အ ဆက် အ နွယ်၊ ဖာ ရက် မှ ဆင်း သက် သော ဖာ ရက် အ ဆက် အ နွယ်၊ ဇေ ရ မှ ဆင်း သက် သော ဇေ ရ အ ဆက် အ နွယ် တို့ တည်း။ အခန်းကိုကြည့်ပါ။Judson Bible20 ဘိုးဘအဆွေအမျိုးအလိုက်၊ ရှေလမှဆင်းသက်သော ရှေလနိအဆွေအမျိုး၊ ဖာရဇ်မှဆင်းသက်သော ဖာရဇိအဆွေအမျိုး၊ ဇေရမှဆင်းသက်သော ဇေရဟိအဆွေအမျိုးတည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း20 မျိုးနွယ်စုအလိုက် ယုဒ၏အမျိုးအနွယ်များကား ရှေလမှဆင်းသက်သော ရှေလမျိုးနွယ်စု၊ ဖာရက်မှဆင်းသက်သော ဖာရက်မျိုးနွယ်စု၊ ဇေရမှဆင်းသက်သော ဇေရမျိုးနွယ်စု တို့ဖြစ်ကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါသူသည်မုဆိုးမအဝတ်တို့ကိုချွတ်၍ မျက်နှာကိုပုဝါဖြင့်ဖုံးလျက် တိမနတ်သို့သွား ရာလမ်းတွင်တည်ရှိသောဧနိမ်မြို့အဝင်ဝ၌ ထိုင်နေလေ၏။ သူသည်ယုဒ၏အငယ်ဆုံးသား ရှေလအရွယ်ရောက်ပြီဖြစ်သော်လည်းသူနှင့် ထိမ်းမြားပေးခြင်းမပြုဘဲထားသောကြောင့် ဤသို့ပြုမူရခြင်းဖြစ်သည်။
ထိုအခါယုဒသည်သူ၏ချွေးမတာမာ အား``ငါ့သားရှေလအရွယ်ရောက်သည်အထိ သင်သည်အဖအိမ်သို့ပြန်၍မုဆိုးမဘဝ နှင့်နေလော့'' ဟုဆိုလေ၏။ ထိုသို့ဆိုရခြင်းမှာ သားရှေလသည် သူ၏အစ်ကိုတို့ကဲ့သို့သေ မည်ကိုစိုးရိမ်သောကြောင့်ဖြစ်သည်။ သို့ဖြစ်၍ တာမာသည်သူ၏ဖခင်အိမ်သို့ပြန်၍နေထိုင် လေသည်။
ယုဒအနွယ်မှအိမ်ထောင်စုပေါင်းခြောက်ရာ ကိုးဆယ်တို့သည် ယေရုရှလင်မြို့တွင်နေ ထိုင်ကြ၏။ ယုဒ၏သားဖာရက်မှဆင်းသက်လာသူတို့ ၏ခေါင်းဆောင်မှာဥသဲဖြစ်၏။ သူသည်အမိ ဟုဒ်၏သား၊ သြမရိ၏မြေးတည်း။ သူ၏ အခြားဘိုးဘေးများတွင်ဣမရိနှင့် ဗာနိတို့ပါဝင်သည်။ ယုဒ၏သားရှေလမှဆင်းသက်လာသူတို့ ၏ခေါင်းဆောင်မှာအသာယဖြစ်၏။ သူသည် မိမိ၏အိမ်ထောင်ဦးစီးဖြစ်လေသည်။ ယုဒ၏သားဇေရမှဆင်းသက်လာသူ တို့၏ခေါင်းဆောင်မှာယွေလဖြစ်၏။