အာဟပ်သည်နာဗုတ်၏စကားကြောင့်စိတ် မချမ်းမသာဖြစ်၏။ အမျက်ထွက်၍နန်းတော် သို့ပြန်တော်မူ၏။ သူသည်နံရံဘက်သို့လှည့်၍ အိပ်ရာပေါ်တွင်လှဲလျောင်းကာပွဲတော်မတည် ဘဲနေ၏။-
ဧသတာ 5:9 - Common Language Bible ညစာစားပွဲမှထွက်ခွာလာသောအခါ ဟာမန် သည်ဝမ်းမြောက်ပျော်ရွှင်လျက်နေ၏။ သို့ရာ တွင်သူသည်မော်ဒကဲကိုနန်းတော်အဝင်ဝ တွင်တွေ့ရှိရ၍ မော်ဒကဲကသူ့အားအရို အသေမပြုသောအခါ၌မူပြင်းစွာ အမျက်ထွက်လေသည်။- Garrad Bible ဟာ မန် သည်၊ ထို နေ့ ဝမ်း မြောက် ရွှင် လန်း စွာ ထွက် သွား ရာ၊ နန်း တော် တံ ခါး ဝ တွင်၊ တုန် လှုပ် ခြင်း ကင်း လျက်၊ မ ထ ဘဲ နေ မြဲ နေ သော မော် ဒ ကဲ ကို မြင် သ ဖြင့်၊ Judson Bible ထိုနေ့၌ ဟာမန်သည် ဝမ်းမြောက်ရွှင်လန်းသော စိတ်နှင့် ထွက်သွားသော်လည်း၊ နန်းတော်တံခါးဝမှာ မော်ဒကဲသည် ရိုသေစွာမထ၊ အလျှင်းမလှုပ်ဘဲနေသည်ကို မြင်သောအခါ၊ မော်ဒကဲကို အလွန်အမျက်ထွက်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့၌ ဟာမန်သည် စိတ်နှလုံးဝမ်းမြောက်ရွှင်မြူးလျက် ပြန်လာ၏။ သို့သော် ဘုရင့်နန်းတော်တံခါးသို့ရောက်လျှင် မော်ဒကဲသည် မတ်တတ်မရပ်၊ သူ့အား မကြောက်ရွံ့ မရိုသေသည်ကို မြင်သောအခါ ဟာမန်သည် မော်ဒကဲအား ပြင်းစွာအမျက်ထွက်လေ၏။ |
အာဟပ်သည်နာဗုတ်၏စကားကြောင့်စိတ် မချမ်းမသာဖြစ်၏။ အမျက်ထွက်၍နန်းတော် သို့ပြန်တော်မူ၏။ သူသည်နံရံဘက်သို့လှည့်၍ အိပ်ရာပေါ်တွင်လှဲလျောင်းကာပွဲတော်မတည် ဘဲနေ၏။-
မင်းကြီးက``ငါသည်နာဗုတ်အားသူ၏ဥယျာဉ် ကိုရောင်းချရန် အကယ်၍သူအလိုရှိပါလျှင် အခြားဥယျာဉ်နှင့်လဲလှယ်ရန်ပြောဆိုသော် လည်း၊ နာဗုတ်က`ဤဥယျာဉ်ကိုအရှင့်အားမ ဆက်သနိုင်ပါ' ဟုဆိုချေသည်။ ထို့ကြောင့်ငါ သည်စိတ်မချမ်းမသာဖြစ်နေသည်'' ဟုမိန့် တော်မူ၏။
ဤအချိန်အတောအတွင်း၌မင်းကြီး သည်မော်ဒကဲအား အုပ်ချုပ်ရေးရာထူး တစ်နေရာတွင်ခန့်ထားတော်မူ၏။-
မင်းကြီးသည်ဟာမန်အားဦးညွတ်ရှိခိုး ၍အရိုအသေပေးကြရန် အမှုတော်ထမ်း အရာရှိအပေါင်းတို့အားအမိန့်ထုတ်ပြန် တော်မူသည့်အတိုင်းလိုက်နာကြလေသည်။-
ဤသို့မော်ဒကဲဦးမညွှတ်ရှိမခိုးလို သည့်အကြောင်းကိုကြားသိရသောအခါ ဟာမန်သည်လွန်စွာအမျက်ထွက်လေသည်။-
သို့ရာတွင်နန်းတော်တံခါးဝတွင်ယုဒအမျိုး သားမော်ဒကဲထိုင်လျက်နေသည်ကို ငါတွေ့မြင် နေရသမျှကာလပတ်လုံး ယခုဖော်ပြသမျှ တို့သည်ငါ့အတွက်အဘယ်ကျေးဇူးရှိသနည်း'' ဟုဆို၏။
ဆိုးသောသူသည်ကြာမြင့်စွာကာလ မဝါကြွားရ ကြောင်းကို၎င်း၊ အဓမ္မလူသည် ခဏသာဝမ်းမြောက် ကြောင်းကို၎င်း မသိသလော။
ငါ့အိမ်သူအိမ်သားတို့က၊ အဘယ်သူသည် ငါတို့သခင်၏ အမဲသားကိုတောင့်တ၍ မဝဘဲနေရ သနည်းဟု မဆိုတတ်သလော။
သူသည်ဘုရားသခင်ပစ်ပယ်သူတို့ကို စက်ဆုပ်ရွံရှာ၍ ထာဝရဘုရား၏စကားကိုနားထောင် သူတို့အား ဂုဏ်ပြုချီးမြှင့်တတ်၏။ အဘယ်မျှပင်မိမိ၏အကျိုးထိခိုက်နစ်နာ စေကာမူ မိမိ၏ကတိများအတိုင်းအစဉ်ပြုတတ်၏။
စစ်တပ်တစ်တပ်လုံးပင်ငါ့ကိုဝိုင်းရံထားစေကာမူ ငါသည်ကြောက်လန့်လိမ့်မည်မဟုတ်။ အကယ်၍ငါ၏ရန်သူများကပင်လျှင် ငါ့ကိုတိုက်ခိုက်စေကာမူငါသည် ထာဝရဘုရားအားကိုးစားမည်။
ထိုအခါမင်းကြီးသည်ပြင်းစွာအမျက် ထွက်တော်မူသဖြင့် ထိုသူသုံးယောက်ကို အထံတော်သို့ခေါ်ဆောင်ခဲ့ရန်အမိန့် ပေးတော်မူ၏။-
ကိုယ်ခန္ဓာကိုဖျက်ဆီးနိုင်သော်လည်းဝိညာဉ်ကို မဖျက်ဆီးနိုင်သောသူများအားမကြောက်ကြ နှင့်။ ကိုယ်ခန္ဓာနှင့်ဝိညာဉ်ကိုငရဲတွင်ဖျက်ဆီး နိုင်သောဘုရားသခင်ကိုသာလျှင်ကြောက်ကြ လော့။-
ဟေရုဒ်မင်းသည်မိမိအားပညာရှိတို့လှည့်စား သွားကြကြောင်းကိုသိလျှင် ပြင်းစွာအမျက်ထွက် လေ၏။ သို့ဖြစ်၍ထိုသူတို့ထံမှစုံစမ်းသိရှိရ သည့်အတိုင်းကြယ်ပေါ်ထွန်းရာအချိန်ကာလ ကိုထောက်လျက် ဗက်လင်မြို့နှင့်အနီးပတ်ဝန်းကျင် ကျေးရွာများရှိနှစ်နှစ်အရွယ်နှင့်နှစ်နှစ်အောက် သူငယ်အပေါင်းတို့ကိုသတ်စေ၏။
``ယခုအခါဝစွာစားသောက်ရသူတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့ဆာငတ်ရမည့်အချိန်ရောက်လိမ့်မည်။ ယခုအခါရယ်မောကြသူတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့ပူဆွေးငိုယိုရမည့်အချိန်ရောက်လိမ့်မည်။
ဧကန်အမှန်သင်တို့အားငါဆိုသည်ကား သင်တို့သည်ငိုကြွေးမြည်တမ်းကြလိမ့်မည်။ လောကသားတို့မူကားဝမ်းမြောက်ကြလိမ့် မည်။ သင်တို့သည်ဝမ်းနည်းကြသော်လည်းထို ဝမ်းနည်းခြင်းသည် ဝမ်းမြောက်ခြင်းအဖြစ် သို့ပြောင်းလဲသွားလိမ့်မည်။-
ယုဒတရားလွှတ်တော်အဖွဲ့ဝင်တို့သည် ထိုစကားကိုကြားသောအခါ ဒေါသချောင်း ချောင်းထွက်၍အံသွားကြိတ်ခြင်းကိုပြုကြ၏။-
ဝမ်းနည်းကြေကွဲကြလော့။ ငိုကြွေးမြည်တမ်း ကြလော့။ သင်တို့၏ရယ်မောခြင်းကိုငိုကြွေး ခြင်းဖြစ်စေကြလော့။ သင်တို့၏ဝမ်းမြောက် ခြင်းကိုစိတ်ညှိုးငယ်စေခြင်းဖြစ်စေကြလော့။-