Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဆာ​လံ 15:4 - Common Language Bible

4 သူ​သည်​ဘု​ရား​သ​ခင်​ပစ်​ပယ်​သူ​တို့​ကို စက်​ဆုပ်​ရွံ​ရှာ​၍ ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​ကို​နား​ထောင် သူ​တို့​အား ဂုဏ်​ပြု​ချီး​မြှင့်​တတ်​၏။ အ​ဘယ်​မျှ​ပင်​မိ​မိ​၏​အ​ကျိုး​ထိ​ခိုက်​နစ်​နာ စေ​ကာ​မူ မိ​မိ​၏​က​တိ​များ​အ​တိုင်း​အ​စဉ်​ပြု​တတ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 ဆိုး ယုတ် သော သူ့ ကို အ ရေး မ ယူ ဘဲ၊ ထာ ဝ ရ ဘု ရား အား ခန့် ညား သူ တို့ ကို ဂုဏ် တင် သူ၊ ကိုယ့် အ ကျိုး ပျက် အောင် သ စ္စာ မူ မိ သော် လည်း အ တည် ပြု သူ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 ဆိုး​ယုတ်​သော​သူ​ကို အ​ယုတ်​ဟူ၍ ထင်​မှတ်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​အား​ကြောက်​ရွံ့​သော​သူ​ကို ရို​သေ​ထ​သော၊ ကိုယ်​အ​ကျိုး​ပျက်​ရ​သော်​လည်း ကိုယ်​ကျိန်​ဆို​သော သ​စ္စာ​က​တိ​ကို​မ​ဖျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ဆိုးယုတ်​သော​သူ​ကို အယုတ်​ဟု​မြင်​သော​သူ​၊ ထာဝရဘုရား​ကို​ကြောက်ရွံ့​သော​သူ​အား ရိုသေလေးမြတ်​သော​သူ​၊ မိမိ​အကျိုး​ထိခိုက်​လျှင်ပင် ကျိန်ဆို​ထား​သော​ကတိ​ကို​မ​ဖျက်​သော​သူ​၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 15:4
20 ပူးပေါင်းရင်းမြစ်များ  

ယေ​ဖ​သ​သည်​သူ့​ကို​မြင်​သော​အ​ခါ​စိတ် မ​ချမ်း​မ​သာ​ဖြစ်​လျက် မိ​မိ​အ​ဝတ်​ကို​ဆွဲ ဆုတ်​ကာ``အို ငါ့​သမီး၊ သင်​သည်​ငါ​၏​စိတ်​နှ​လုံး ကို​ကြေ​ကွဲ​စေ​လေ​ပြီ။ ငါ့​အား​စိတ်​ဝေ​ဒ​နာ ခံ​စား​စေ​သူ​မှာ​အ​ဘယ်​ကြောင့်​သင်​ဖြစ်​ရ ပါ​သ​နည်း။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အား ကြီး​လေး​သည့်​သစ္စာ​က​တိ​ကို​ပြန်​လည်​ရုတ် သိမ်း​၍​မ​ရ​တော့​ပါ'' ဟု​ပြော​၏။


``ထို့​အ​ပြင်`သင်​သည်​သစ္စာ​က​တိ​ကို​မ​ဖျက်​ရ။ ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင်​သင်​ထား​ရှိ​သည့် သစ္စာ​က​တိ​အ​တိုင်း​ဆောင်​ရွက်​ရ​မည်' ဟူ​သော ပညတ်​ကို​သင်​တို့​ကြား​သိ​ရ​လေ​ပြီ။-


ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​သစ္စာ​စောင့်​သူ​တို့​ကို နှစ်​သက်​ပါ​မည်။ သူ​တို့​အား​ငါ​၏​နန်း​တော်​တွင်​နေ​ခွင့်​ပြု​ပါ​မည်။ လိမ်​လည်​ကောက်​ကျစ်​မှု​ကင်း​ရှင်း​သူ​တို့​အား ငါ​၏​အ​မှု​တို့​ကို​ထမ်း​ဆောင်​စေ​ပါ​မည်။


ငါ​တို့​သည်​မိ​မိ​တို့​၏​ညီ​အစ်​ကို​များ​ကို​ချစ် သည့်​အ​တွက်​ကြောင့် သေ​ခြင်း​မှ​အ​သက်​ရှင်​ခြင်း သို့​ကူး​မြောက်​ခဲ့​ရ​ကြ​ကြောင်း​ကို​ငါ​တို့​သိ ကြ​၏။ မိ​မိ​၏​ညီ​အစ်​ကို​ကို​မ​ချစ်​သော​သူ သည်​သူ​သေ​ဘ​ဝ​၌​ပင်​ရှိ​နေ​သေး​၏။-


ငါ​သည်​လိမ်​လည်​ကောက်​ကျစ်​မည်​မ​ဟုတ်​ပါ။ မ​ကောင်း​မှု​ပြု​သူ​တို့​နှင့်​ပေါင်း​ဖော်​မည်​မဟုတ်​ပါ။


ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​အ​စေ​ကို ခံ​သူ​အ​ပေါင်း​နှင့် ဥ​ပ​ဒေ​သ​တော်​တို့​ကို​ကင့်​သုံး​စောင့်​ထိန်း​သူ အ​ပေါင်း​တို့​၏​မိတ်​ဆွေ​ဖြစ်​ပါ​၏။


ထာ​ဝ​ရ​ဘု​ရား​ကို​သစ္စာ​စောင့်​သော​လူ​စု တော်​သည် ထူး​မြတ်​လှ​ပါ​သည်​တ​ကား။ ငါ​၏​အ​နှစ်​သက်​ဆုံး​အ​ရာ​သည်​ထို​သူ​တို့ နှင့်​အ​တူ နေ​ထိုင်​ခွင့်​ပင်​ဖြစ်​ပါ​၏။


သူ​တို့​သည်​ကျွန်ုပ်​တို့​အား​လက်​ဆောင်​များ​ပေး ကြ​၏။ ကျွန်ုပ်​တို့​ထွက်​ခွာ​မည်​ပြု​သော​အ​ခါ​၌ လည်း​လို​အပ်​သည့်​စား​နပ်​ရိက္ခာ​များ​ကို သင်္ဘော​ပေါ်​သို့​ပို့​ပေး​ကြ​၏။


မင်း​ကြီး​သည်​ဟာ​မန်​အား​ဦး​ညွတ်​ရှိ​ခိုး ၍​အ​ရို​အ​သေ​ပေး​ကြ​ရန် အ​မှု​တော်​ထမ်း အ​ရာ​ရှိ​အ​ပေါင်း​တို့​အား​အ​မိန့်​ထုတ်​ပြန် တော်​မူ​သည့်​အ​တိုင်း​လိုက်​နာ​ကြ​လေ​သည်။-


သို့​ရာ​တွင်​ပေါ​လု​သည်​ကောင်း​မြတ်​ခြင်း အ​ကြောင်း​နှင့် ကာ​မ​ဂုဏ်​ချုပ်​တည်း​ခြင်း အ​ကြောင်း​ကို​လည်း​ကောင်း၊ သက်​ရောက်​လတ္တံ့ သော​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​ရက် အ​ကြောင်း​ကို​လည်း​ကောင်း ဟော​ပြော​သော အ​ခါ​ဖေ​လဇ်​သည်​ကြောက်​လန့်​သ​ဖြင့် ``ယ​ခု သင်​သွား​နိုင်​ပြီ။ နောင်​အ​ခွင့်​ကြုံ​သည့်​အ​ခါ သင့်​ကို​ငါ​ခေါ်​ဦး​မည်'' ဟု​ဆို​၏။-


ဇေ​ဒ​ကိ​သည်​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကို​ပုန်​ကန် လေ​၏။ နေ​ဗု​ခဒ်​နေ​ဇာ​သည်​မိ​မိ​၏​ကျေး​ဇူး သစ္စာ​တော်​ကို​စောင့်​ထိန်း​ရန် သူ့​အား​အ​တင်း အ​ကြပ်​ဘု​ရား​သ​ခင်​၏​နာ​မ​တော်​ကို​တိုင် တည်​ကျိန်​ဆို​စေ​တော်​မူ​ခဲ့​၏။ ဇေ​ဒ​ကိ​သည် ခေါင်း​မာ​၍​နောင်​တ​မ​ရ။ ဣသ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​ပြန်​မ​လာ​ဘဲ​နေ​လေ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ