ဆာလံ 27:3 - Common Language Bible3 စစ်တပ်တစ်တပ်လုံးပင်ငါ့ကိုဝိုင်းရံထားစေကာမူ ငါသည်ကြောက်လန့်လိမ့်မည်မဟုတ်။ အကယ်၍ငါ၏ရန်သူများကပင်လျှင် ငါ့ကိုတိုက်ခိုက်စေကာမူငါသည် ထာဝရဘုရားအားကိုးစားမည်။ အခန်းကိုကြည့်ပါ။Garrad Bible3 ငါ့ တစ် ဘက်၌ ဗိုလ် ခြေ တပ် ချ သော် လည်း၊ ကြောက် ရွံ့ မည် မ ဟုတ်။ စစ် ရေး ဖြစ် ပွား လျက် ပင်၊ စိတ် ချ လျက် နေ မည်။ အခန်းကိုကြည့်ပါ။Judson Bible3 ငါ့တစ်ဖက်၌ တပ်ချကြသော်လည်း၊ ငါ့နှလုံးမကြောက်တတ်။ စစ်ချီ၍လာကြသော်လည်း၊ ထိုအမှုတွင်ပင် တည်ကြည်သော စိတ်ရှိလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 တပ်တစ်တပ်သည် ငါ့တစ်ဖက်၌စခန်းချထားလျှင်လည်း ငါ့စိတ်နှလုံးသည်ကြောက်လိမ့်မည်မဟုတ်။ ငါ့ကိုတိုက်ခိုက်သည့်စစ်ပွဲဖြစ်ပွားလျှင်လည်း ထိုစစ်ပွဲတွင် ငါရဲရင့်တည်ကြည်လိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သင်တို့သည်ရန်သူများကိုမကြောက်ကြနှင့်။ အခါခပ်သိမ်းရဲရင့်ကြလော့။ ဤသည်ပင်လျှင် ရန်သူတို့ရှုံးနိမ့်မည်ဖြစ်ကြောင်းနှင့်သင်တို့ အောင်မြင်မည်ဖြစ်ကြောင်းကိုရန်သူများအား သက်သေပြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင်တို့အားအောင်ပွဲခံစေတော်မူသောအရှင် ကား ဘုရားသခင်ပင်ဖြစ်တော်မူသောကြောင့် တည်း။-
ယဟာဇေလက``အရှင်မင်းကြီးနှင့်တကွ ယုဒပြည်သူများ၊ ယေရုရှလင်မြို့သား အပေါင်းတို့၊ သင်တို့သည်စိတ်မပျက်အား မလျော့ကြနှင့်။ ဤကြီးမားသည့်တပ်မတော် ကိုရင်ဆိုင်ရန်မကြောက်ကြနှင့်ဟုထာဝရ ဘုရားမိန့်တော်မူပါ၏။ တိုက်ပွဲသည်သင် တို့၏အပေါ်တွင်မတည်။ ဘုရားသခင် ၏အပေါ်တွင်တည်ပေသည်။-