မင်းကြီးသည်ထိုဖလားတို့ကိုရွှေတိုက်စိုးမိသရေဒတ်သို့ပေးအပ်၍ မိသရေဒတ်သည်ယင်းတို့ကိုယုဒဘုရင်ခံရှေရှဗာဇာသို့၊-
ဧဇရ 5:2 - Common Language Bible ရှာလသေလ၏သားဇေရုဗဗေလနှင့်ယောဇဒက်၏သားယောရှုတို့သည် ထိုဗျာဒိတ်စကားများကိုကြားသောအခါယေရုရှလင်မြို့၊ ဗိမာန်တော်ကိုပြန်လည်စတင်တည်ဆောက်ကြလေသည်။ ပရောဖက်နှစ်ပါးတို့သည်သူတို့အားဝိုင်းဝန်းကူညီကြ၏။ Garrad Bible ရှာ လ သေ လ သား ဇေ ရု ဗ ဗေ လ၊ ယော ဇ ဒက် သား ယော ရှု တို့ ထ သွား လျက်၊ အား ပေး သူ ဘု ရား သ ခင့် ပ ရော ဖက် တို့ နှင့် အ တူ၊ ယေ ရု ရှ လင် မြို့ ဗိ မာန် တော် ကို တည် စ ပြု ပြန် ကြ၏။ Judson Bible ထိုဘုရားသခင်၏ ပရောဖက်တို့သည် ဝိုင်းသဖြင့်၊ ရှာလသေလသား ဇေရုဗဗေလနှင့် ယောဇဒက်သား ယောရှုသည် ထ၍ ယေရုရှလင်မြို့၏ ဗိမာန်တော်ကို တည်စပြုပြန်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ရှာလသေလ၏သား ဇေရုဗဗေလနှင့် ယောဇဒက်၏သားယေရွှာတို့သည် ဂျေရုဆလင်မြို့ရှိ ဘုရားသခင်၏အိမ်တော်တည်ဆောက်ခြင်းအမှုကို ပြန်လည်အစပြုကြလေ၏။ ဘုရားသခင်၏ပရောဖက်တို့သည်လည်း သူတို့နှင့်အတူပါရှိပြီး ကူညီကြ၏။ |
မင်းကြီးသည်ထိုဖလားတို့ကိုရွှေတိုက်စိုးမိသရေဒတ်သို့ပေးအပ်၍ မိသရေဒတ်သည်ယင်းတို့ကိုယုဒဘုရင်ခံရှေရှဗာဇာသို့၊-
လူမျိုးခြားများနှင့်အိမ်ထောင်ကျသူများ စာရင်းမှာအောက်ပါအတိုင်းဖြစ်၏။ ယောရှုသားချင်းစုနှင့်သူ၏ညီများ။ ယောဇ ဒက်၏သားများဖြစ်ကြသောမာသေယ၊ ဧလျေဇာ၊ ယာရိပ်နှင့်ဂေဒလိ။-
ယောဇဒက်၏သားယောရှုနှင့်အဖော်ယဇ်ပုရော ဟိတ်များ၊ ရှာလသေလ၏သားဇေရုဗဗေလ နှင့်တကွ သူ၏ဆွေမျိုးသားချင်းများသည် ဘုရားသခင်၏အစေခံမောရှေစီရင်သည့် ပညတ်ကျမ်းတွင်ပါရှိသောညွှန်ကြားချက် များအတိုင်း ယဇ်များကိုမီးရှို့ပူဇော်နိုင် ရန်ယဇ်ပလ္လင်ကိုတည်ဆောက်ကြ၏။-
သို့ဖြစ်၍သူတို့သည် ယေရုရှလင်မြို့ရှိဗိမာန် တော်တည်ခဲ့ရာသို့ပြန်လည်ရောက်ရှိလာသည့် နှစ်၊ ဒုတိယလ၌ဗိမာန်တော်တည်ဆောက်မှု လုပ်ငန်းကို စတင်လုပ်ကိုင်ကြလေသည်။ ဇေရုဗ ဗေလ၊ ယောရှုနှင့်ဆွေမျိုးသားချင်းများ၊ ယဇ် ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များမှစ ၍ ယေရုရှလင်မြို့သို့ပြန်လာကြသည့်ပြည် နှင်ဒဏ်သင့်သူအပေါင်းတို့သည် တည်ဆောက် မှုလုပ်ငန်းတွင်ပါဝင်ကြလေသည်။ အသက် နှစ်ဆယ်နှင့်အထက်ရှိသူလေဝိအနွယ် ဝင်တို့သည် ဗိမာန်တော်တည်ဆောက်မှုကို ကြီးကြပ်ရန်တာဝန်ယူကြရ၏။-
ယုဒခေါင်းဆောင်တို့သည်ဟ္ဂဲနှင့်ဇာခရိတို့၏အားပေးမှုကြောင့် ဗိမာန်တော်တည်ဆောက်မှုကိုတိုးတက်အောင်မြင်စွာဆောင်ရွက်နိုင်ကြလေသည်။ သူတို့သည်ဣသရေလအမျိုးသားတို့၏ဘုရားသခင်အမိန့်တော်နှင့် ပေရသိဘုရင်များဖြစ်သည့်ကုရုမင်း၊ ဒါရိမင်းနှင့်အာတဇေရဇ်မင်းတို့၏အမိန့်တော်များအရ ဗိမာန်တော်ကိုအပြီးတိုင်တည်ဆောက်ကြရာ၊-
ယနေ့သည်ဗိမာန်တော်အုတ်မြစ်ချမှုပြီး ဆုံးသည့်နေ့၊ နဝမလ၊ နှစ်ဆယ့်လေးရက် နေ့ဖြစ်၏။ ထိုနေ့မှစ၍ရှေ့တွင်မည်သို့ဖြစ် လာလိမ့်မည်ကိုသင်တို့ရှုမှတ်ကြလော့။ သေချာရှုမှတ်လော့။-
ထိုအခါကောင်းကင်တမန်က``ဤအရာ တို့သည်ကမ္ဘာမြေပြင်တစ်ခုလုံးကိုအစိုး ရသောအရှင်၊ ဘုရားသခင်၏အမှုတော် ကိုထမ်းဆောင်ရန်ကိုယ်တော်ရွေးချယ်ဘိသိက် ပေးတော်မူသောသူနှစ်ဦးဖြစ်၏'' ဟုဆို လေသည်။
ထိုနောက်ငါသည်ကောင်းကင်တမန်အား၊ အရှင် ဤအရာတို့သည်အဘယ်အဖြစ်အပျက် များကိုသရုပ်ဆောင်ပါသနည်း'' ဟုမေး၏။
သူတို့ပေးလှူထားသည့်ရွှေငွေများဖြင့် သရဖူတစ်ခုကိုပြုလုပ်၍ ယောဇဒက် ၏သားယဇ်ပုရောဟိတ်မင်းယောရှု၏ ဦးခေါင်းကိုဆောင်းပေးလော့။-
ရဲရင့်မှုရှိကြလော့။ ယခုသင်တို့ကြားသိ ကြရသည့်စကားများသည် ငါအနန္တတန်ခိုး ရှင်ထာဝရဘုရား၏ဗိမာန်တော်ကို ပြန်လည် တည်ဆောက်ရန်အုတ်မြစ်ချချိန်၌ပရောဖက် တို့ဟောကြားခဲ့ကြသည့်စကားများပင် ဖြစ်၏။-
သင်တို့သည်မည်သည့်အရာကိုယုံကြည်ရ မည်ကိုသင်တို့အားအမိန့်ပေးရန်ငါတို့ ကြိုးစားနေခြင်းမဟုတ်။ သင်တို့၏ယုံကြည် ခြင်းသည်ခိုင်မာလျက်ရှိကြောင်းငါတို့သိ ကြ၏။ ငါတို့သည်သင်တို့၏ရွှင်လန်းဝမ်း မြောက်မှုအတွက်သင်တို့နှင့်အတူလုပ် ဆောင်နေခြင်းသာဖြစ်၏။