ဧဇရ 5:1 - Common Language Bible1 ပရောဖက်ဟ္ဂဲနှင့်ဣဒေါသားပရောဖက်ဇာခရိတို့သည် ယုဒပြည်နှင့်ယေရုရှလင်မြို့တွင်နေထိုင်သူယုဒအမျိုးသားတို့အား ဣသရေလအမျိုးသားတို့ဘုရားသခင်၏ဗျာဒိတ်တော်ကိုပြန်ကြားကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible1 ထို ကာ လ၊ ပ ရော ဖက် ဟ ဂ္ဂဲ၊ ဣ ဒေါ့ သား ပ ရော ဖက် ဇာ ခ ရိ တို့ သည်၊ ယု ဒ ပြည်၊ ယေ ရု ရှ လင် မြို့ များ ၌ နေ ထိုင် သော ယု ဒ လူ မျိုး တို့ အား၊ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင့် နာ မ တော် ကို အ မှီ ပြု ၍ နှိုး ဆော် ဟော ပြော ကြ သည့် အ တွက်၊ အခန်းကိုကြည့်ပါ။Judson Bible1 ထိုအခါ ပရောဖက်ဟဂ္ဂဲနှင့် ဣဒေါသားပရောဖက် ဇာခရိလူတို့သည် ယုဒပြည်သူ၊ ယေရုရှလင်မြို့သား၊ ယုဒလူတို့အား ထာဝရဘုရားအခွင့်နှင့် ဟောကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 ပရောဖက်ဟဂ္ဂဲနှင့် ဣဒေါ၏သားပရောဖက်ဇာခရိတို့သည် အစ္စရေးလူမျိုးတို့၏ဘုရားသခင်နာမတော်ကိုအမှီပြု၍ ယုဒပြည်၊ ဂျေရုဆလင်မြို့ရှိ ဂျူးလူမျိုးတို့အား ပရောဖက်ပြုဟောပြောလေ၏။ အခန်းကိုကြည့်ပါ။ |
ယုဒခေါင်းဆောင်တို့သည်ဟ္ဂဲနှင့်ဇာခရိတို့၏အားပေးမှုကြောင့် ဗိမာန်တော်တည်ဆောက်မှုကိုတိုးတက်အောင်မြင်စွာဆောင်ရွက်နိုင်ကြလေသည်။ သူတို့သည်ဣသရေလအမျိုးသားတို့၏ဘုရားသခင်အမိန့်တော်နှင့် ပေရသိဘုရင်များဖြစ်သည့်ကုရုမင်း၊ ဒါရိမင်းနှင့်အာတဇေရဇ်မင်းတို့၏အမိန့်တော်များအရ ဗိမာန်တော်ကိုအပြီးတိုင်တည်ဆောက်ကြရာ၊-
ထိုဘုရင်ကြွလာသောအခါသူသည် ထာဝရ ဘုရားထံတော်မှရသောအစွမ်းသတ္တိနှင့် လည်းကောင်း၊ သူ၏ဘုရားသခင်ထာဝရ ဘုရား၏ဘုန်းတန်ခိုးတော်နှင့်လည်းကောင်း မိမိ၏လူစုကိုအုပ်စိုးလိမ့်မည်။ ကမ္ဘာတစ် ဝှမ်းလုံးတွင်ရှိသောလူအပေါင်းတို့သည် သူ ၏ကြီးမြတ်တော်မူခြင်းကိုဝန်ခံကြ သဖြင့် သူ၏လူမျိုးတော်သည်လုံခြုံစွာ နေထိုင်ရကြလိမ့်မည်။-