Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဇာ​ခ​ရိ 8:9 - Common Language Bible

9 ရဲ​ရင့်​မှု​ရှိ​ကြ​လော့။ ယ​ခု​သင်​တို့​ကြား​သိ ကြ​ရ​သည့်​စ​ကား​များ​သည် ငါ​အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​ကို ပြန်​လည် တည်​ဆောက်​ရန်​အုတ်​မြစ်​ချ​ချိန်​၌​ပ​ရော​ဖက် တို့​ဟော​ကြား​ခဲ့​ကြ​သည့်​စ​ကား​များ​ပင် ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 ဗိုလ် ခြေ တို့ အ ရှင် ငါ ထာ ဝ ရ ဘု ရား၏ ဗိ မာန် တော် တိုက် မြစ် ချ သော နေ့ ရက် တွင် တည် ဆောက် ရ မည် ဟူ၍ ပ ရော ဖက် တို့ ဆင့် ဆို ခဲ့ သည့် အ ချက် များ ကို၊ ယ ခု ကြား နာ ရ သူ သင် တို့၊ လက် သ တ္တိ ရှိ ကြ စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဗိ​မာန်​တော်​ကို တည်​ဆောက်​ခြင်း​ငှာ၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​တိုက်​မြစ်​ကို ချ​သော​ကာ​လ၌​ရှိ​သော ပ​ရော​ဖက်​တို့ ဟော​ပြော​သော ဤ​စ​ကား​ကို ယ​ခု​ကာ​လ၌ ကြား​သော​သူ​တို့၊ သင်​တို့​လက်​ကို အား​ကြီး​စေ​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘ဗိမာန်တော်​ဖြစ်​သော ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​အိမ်​တော်​ကို ပြန်လည်​တည်ဆောက်​ရန် အုတ်မြစ်ချ​သော​နေ့​၌ ပရောဖက်​တို့​နှုတ်​မှ ဆင့်ဆို​ခဲ့​သော​စကား​များ​ကို ယခု​ကာလ​၌​ကြား​ရ​သော​သူ​တို့​၊ သင်​တို့​လက်​ကို ကြံ့ခိုင်​စေ​ကြ​လော့​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဇာ​ခ​ရိ 8:9
18 ပူးပေါင်းရင်းမြစ်များ  

သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အ​တွက် မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​ပေး တော်​မူ​သော​ပညတ်​တော်​တို့​ကို​စောင့်​ထိန်း ပါ​မူ သင်​၏​အ​ကြံ​အ​စည်​ထ​မြာက်​လိမ့် မည်။ အား​မာန်​တင်း​၍​စိတ်​ချ​ယုံ​ကြည် လော့။ အ​ဘယ်​အ​ရာ​ကို​မျှ​မကြောက်​နှင့်။-


ဒါ​ဝိဒ်​မင်း​သည်​သား​တော်​ရှော​လ​မုန်​အား``သင် သည်​တည်​ကြည်​ခိုင်​ခန့်​၍​ဇွဲ​သတ္တိ​ရှိ​လော့။ အ​လုပ် ကို​အ​စ​ပြု​လော့။ အ​ဘယ်​အ​ရာ​မျှ​သင့်​အား မ​ဆီး​မ​တား​စေ​နှင့်။ ငါ​ကိုး​ကွယ်​သော​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​အ​တူ​ရှိ တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​သင့်​ကို​စွန့်​ပစ် တော်​မူ​လိမ့်​မည်​မ​ဟုတ်။ ဗိ​မာန်​တော်​အ​တွက် လို​အပ်​သ​မျှ​သော​အ​မှု​ကိစ္စ​များ​ပြီး​ဆုံး သည်​တိုင်​အောင် သင်​နှင့်​အ​တူ​ရှိ​တော်​မူ​လိမ့် မည်။-


သို့​ရာ​တွင်​သင်​တို့​သည်​အား​မာန်​တင်း​ကြ လော့။ စိတ်​အား​မ​လျော့​ကြ​နှင့်။ သင်​တို့​ပြု သည့်​အ​မှု​အ​တွက်​ကောင်း​ကျိုး​ကို​ခံ​စား ရ​ကြ​လိမ့်​မည်'' ဟု​ဆင့်​ဆို​၏။


ယု​ဒ​ခေါင်း​ဆောင်​တို့​သည်​ဟ္ဂဲ​နှင့်​ဇာ​ခ​ရိ​တို့​၏​အား​ပေး​မှု​ကြောင့် ဗိ​မာန်​တော်​တည်​ဆောက်​မှု​ကို​တိုး​တက်​အောင်​မြင်​စွာ​ဆောင်​ရွက်​နိုင်​ကြ​လေ​သည်။ သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​အ​မိန့်​တော်​နှင့် ပေ​ရ​သိ​ဘု​ရင်​များ​ဖြစ်​သည့်​ကု​ရု​မင်း၊ ဒါ​ရိ​မင်း​နှင့်​အာ​တ​ဇေ​ရဇ်​မင်း​တို့​၏​အ​မိန့်​တော်​များ​အ​ရ ဗိ​မာန်​တော်​ကို​အ​ပြီး​တိုင်​တည်​ဆောက်​ကြ​ရာ၊-


နွမ်း​နယ်​လျက်​ရှိ​သည့်​လက်​တို့​ကို​လည်း​ကောင်း၊ အား​နည်း​တုန်​လှုပ်​လျက်​နေ​သည့် ဒူး​တို့​ကို​လည်း​ကောင်း​အား​ဖြည့်​၍​ပေး​ကြ​လော့။


စိတ်​ပျက်​အား​လျော့​၍​နေ​သူ​အ​ပေါင်း​တို့​အား ``ကြံ့​ခိုင်​မှု​ရှိ​ကြ​လော့။ မ​ကြောက်​ကြ​နှင့်​ဘု​ရား​သ​ခင်​သည် သင်​တို့​ကို​ကယ်​ဆယ်​ရန် ကြွ​လာ​တော်​မူ​လိမ့်​မည်။ သင်​တို့​၏​ရန်​သူ​များ​အား​လည်း လက်​စား​ချေ​တော်​မူ​လိမ့်​မည်'' ဟု ပြော​ကြား​ကြ​လော့။


ပေ​ရ​သိ​ပြည်​ဧ​က​ရာဇ်​ဒါ​ရိ​မင်း​နန်း​စံ ဒု​တိ​ယ​နှစ်​ဆ​ဋ္ဌ​မ​လ​တစ်​ရက်​နေ့​၌ ထာ​ဝ​ရ ဘု​ရား​သည်​ပ​ရော​ဖက်​ဟ္ဂဲ​အား​ဗျာ​ဒိတ် ပေး​တော်​မူ​ပါ​၏။ ထို​ဗျာ​ဒိတ်​တော်​သည်​ယု​ဒ ဘု​ရင်​ခံ​ရှာ​လ​သေ​လ​၏​သား​ဇေ​ရု​ဗ​ဗေ​လ နှင့် ယဇ်​ပု​ရော​ဟိတ်​မင်း​ယော​ဇ​ဒတ်​၏​သား ယော​ရှု​တို့​အ​တွက်​ဖြစ်​၏။


ထို​အ​ခါ​ရှာ​လ​သေ​လ​၏​သား​ဇေ​ရု​ဗ ဗေ​လ၊ ယဇ်​ပု​ရော​ဟိတ်​မင်း​ယော​ဇ​ဒတ်​၏ သား​ယော​ရှု​နှင့်​ကျန်​ကြွင်း​သော​ပြည်​သူ အ​ပေါင်း​တို့​သည် မိ​မိ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​စေ​ခိုင်း​တော်​မူ​သည့် အ​မှု​တို့​ကို​ပြု​ကြ​၏။ သူ​တို့​သည်​ကြောက် လန့်​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​၏​စေ​လွှတ် တော်​မူ​သော​တ​မန်​တော်​ပ​ရော​ဖက်​ဟ္ဂဲ ပြော​ဆို​သည့်​စ​ကား​ကို​နား​ထောင်​ကြ​၏။-


ယ​နေ့​သည်​ဗိ​မာန်​တော်​အုတ်​မြစ်​ချ​မှု​ပြီး ဆုံး​သည့်​နေ့၊ န​ဝ​မ​လ၊ နှစ်​ဆယ့်​လေး​ရက် နေ့​ဖြစ်​၏။ ထို​နေ့​မှ​စ​၍​ရှေ့​တွင်​မည်​သို့​ဖြစ် လာ​လိမ့်​မည်​ကို​သင်​တို့​ရှု​မှတ်​ကြ​လော့။ သေ​ချာ​ရှု​မှတ်​လော့။-


ယု​ဒ​ဘု​ရင်​ခံ​ဇေ​ရု​ဗ​ဗေ​လ​အ​တွက် ကိုယ် တော်​က``ငါ​သည်​မိုး​ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ ကြီး​ကို​တုန်​လှုပ်​စေ​၍၊-


အို ယု​ဒ​နှင့်​ဣ​သ​ရေ​လ​ပြည်​သား​တို့၊ အ​တိတ် အ​ခါ​က​လူ​မျိုး​ခြား​တို့​သည်​မိ​မိ​တို့​အ​ချင်း ချင်း​ကျိန်​ဆဲ​ရာ​တွင်`သင်​တို့​သည်​ယု​ဒ​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကြုံ​တွေ့​ရ​သည့် ဘေး​အန္တ​ရာယ်​ဆိုး​များ​နှင့်​ကြုံ​တွေ့​ရကြ​ပါ စေ​သော' ဟု​ဆို​တတ်​ကြ​၏။ သို့​ရာ​တွင်​ငါ သည်​သင်​တို့​အား​ကယ်​တင်​တော်​မူ​မည်​ဖြစ်​၍ ထို​လူ​မျိုး​ခြား​တို့​သည်​တစ်​ဦး​နှင့်​တစ်​ဦး၊ `သင်​တို့​သည်​ယု​ဒ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ခံ​စား​ရ​သည့်​ကောင်း​ချီး​မင်္ဂ​လာ များ​ကို​ခံ​စား​ရ​ကြ​ပါ​စေ​သော' ဟု​ဆို ကြ​လိမ့်​မည်။ သို့​ဖြစ်​၍​ရဲ​ရင့်​မှု​ရှိ​ကြ လော့။ မ​ကြောက်​ကြ​နှင့်'' ဟု​မိန့်​တော်​မူ​၏။


အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ဇာ​ခ​ရိ​အား​ဤ​သို့​ဗျာ​ဒိတ်​ပေး​တော်​မူ​၏။-


သင်​တို့​သည်​သ​ခင်​ဘု​ရား​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​လျက် ကိုယ်​တော်​၏​တန်​ခိုး​တော်​အား​ဖြင့်​ကြံ့​ခိုင် ခြင်း​ရှိ​ကြ​ရန်​ငါ​နောက်​ဆုံး​မှာ​ကြား​လို​၏။-


ငါ့​သား၊ ခ​ရစ်​တော်​ယေ​ရှု​နှင့်​ငါ​တို့​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​ခြင်း​ကြောင့် ရ​ရှိ​သည့်​ဆု ကျေး​ဇူး​တော်​အား​ဖြင့်​သင်​သည်​ကြံ့​ခိုင် ခြင်း​ရှိ​လော့။-


သင်​သည်​အား​မာန်​တင်း​၍​ရဲ​ရင့်​ခြင်း​ရှိ​လော့။ သင်​သည်​ဤ​သူ​တို့​ကို​ခေါင်း​ဆောင်​၍​သူ​တို့ ၏​ဘိုး​ဘေး​တို့​အား ငါ​ပေး​မည်​ဟု​က​တိ ထား​သော​ပြည်​ကို​ဝင်​ရောက်​သိမ်း​ယူ​ရ မည်။-


ဘု​ရား​ဝတ်​ပြု​ရာ​၌​ပ​ညတ်​တ​ရား​ရေး ထား​သော​ကျမ်း​စာ​အုပ်​ကို အ​မြဲ​ဖတ်​ရ​မည်။ ထို​ကျမ်း​စာ​အုပ်​ကို​နေ့​ည​မ​ပြတ်​လေ့​လာ​၍ ပါ​ရှိ​သ​မျှ​သော​ပ​ညတ်​တို့​ကို​စောင့်​ထိန်း ရ​မည်။ သို့​ပြု​လျှင်​သင်​သည်​ကြီး​ပွား​အောင် မြင်​လိမ့်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ