သူယုတ်မာတို့သည်အဘယ်မျှကြာအောင် ဝမ်းမြောက်ကြပါဦးမည်နည်း။ အို ထာဝရဘုရား၊ အဘယ်မျှကြာပါဦးမည်နည်း။
ဟဗက္ကုတ် 2:6 - Common Language Bible စစ်ရှုံးသူတို့သည်စစ်နိုင်သူတို့အားမခံချိ% မခံသာပြောဆိုလျက်မထီလေးစားပြုကြ% လိမ့်မည်။ သူတို့က``မိမိတို့မပိုင်သည့်ဥစ္စာပစ္စည်း% ကိုသိမ်းယူကြသူသင်တို့သည်အမင်္ဂလာရှိ% ကြ၏။ သင်တို့သည်အဘယ်မျှကြာအောင် မိမိ% တို့၏ကြွေးမြီစားများကိုလိမ်လည်လှည့်စား% ၍သင်တို့ကိုယ်ကိုချမ်းသာကြွယ်ဝအောင်ပြု% နေကြပါဦးမည်နည်း'' ဟုဆိုကြလိမ့်မည်။ % Garrad Bible ပြက် ရယ် ရာ တေး၊ သ ရော် ရာ စ ကား ဝှက် ကို ဖွဲ့ ဆို ကြ မည် မ ဟုတ် လော။ ၎င်း တို့ က၊ ကိုယ် မ ပိုင် ရာ အ မြောက် အ မြား ကို လု ယက် လျက်၊ အ ပေါင် ခံ ဝန် ကို ထမ်း ဆောင် သော သင် သည်၊ အ မင်္ဂ လာ ရှိ၏။ မည် မျှ ကြာ ဦး မည် နည်း။ Judson Bible ထိုသူအပေါင်းတို့သည် သူတစ်ဖက်၌ ပုံစကားနှင့် ကဲ့ရဲ့သော နိမိတ်စကားကို သုံးဆောင်လျက်၊ ကိုယ်မပိုင်သော ဥစ္စာကို ဆည်းပူးသောသူသည် အမင်္ဂလာရှိ၏။ အဘယ်မျှကာလပတ်လုံး ကိုယ်အပေါ်မှာ ကြွေးများကို တင်စေပါလိမ့်မည်နည်းဟု မြွက်ဆိုကြမည် မဟုတ်လော။ မြန်မာ့စံမီသမ္မာကျမ်း လူအပေါင်းတို့သည် သူ့ကို ပြောင်လှောင်ကြမည်မဟုတ်လော။ စကားထာဖွဲ့၍ သရော်ကြမည်မဟုတ်လော။ သူတို့က ‘ကိုယ်မပိုင်သောအရာကို သိမ်းယူသောသူ၊ အပေါင်ခံပစ္စည်းများဖြင့် ချမ်းသာအောင် လုပ်သောသူသည် အမင်္ဂလာရှိ၏။ မည်သည့်အချိန်ထိ ဤသို့ပြုမည်နည်း’ဟု ဆိုကြလိမ့်မည်။ |
သူယုတ်မာတို့သည်အဘယ်မျှကြာအောင် ဝမ်းမြောက်ကြပါဦးမည်နည်း။ အို ထာဝရဘုရား၊ အဘယ်မျှကြာပါဦးမည်နည်း။
ကိုယ်စီးပွါးအဘို့ ဆင်းရဲသားတို့ကို ညှဉ်းဆဲ သောသူနှင့်၊ ငွေရတတ်သော သူတို့အား ပေးသောသူ သည် ဆင်းရဲခြင်းသို့ အမှန်ရောက်လိမ့်မည်။
အာရှုရိဘုရင်က``ဤအမှုကိုငါကိုယ်တိုင် ပြုခဲ့၏။ ငါသည်ခွန်အားကြီး၏။ ပညာရှိ၍ တတ်သိလိမ္မာ၏။ တိုင်းနိုင်ငံတို့၏နယ်နိမိတ် ကိုဖယ်ရှားပြီးလျှင် သူတို့သိုလှောင်ထားသည့် ရိက္ခာများကိုသိမ်းယူခဲ့၏။ ထိုတိုင်းနိုင်ငံ များတွင်နေထိုင်သူတို့အား ငါသည်နွား နင်းသကဲ့သို့နင်းချေပစ်ခဲ့၏။-
သူပြုသောအမှုသည်မီးဖိုပြာကိုစားသ ကဲ့သို့ အနက်အဋ္ဌိပ္ပါယ်ကင်းမဲ့ပေ၏။ မိမိ ၏မိုက်မှားသောအတွေးအခေါ်များက သူ့ကိုလမ်းလွဲ၍နေစေ၏။ သို့ဖြစ်၍သူ့ အားကူညီပြုစုပေးရန်ပင်မဖြစ်နိုင် တော့ပေ။ သူသည်မိမိလက်တွင်ကိုင်ထား သည့်ရုပ်တုမှာဘုရားလုံးဝမဟုတ် ကြောင်းကိုမသိ။
သင်တို့သည်အမင်္ဂလာရှိကြ၏။ မိမိတို့တွင် ရှိပြီးအိမ်များ၊ လယ်ယာများကိုအရေအတွက် တိုးပွားအောင်ပြုကြသူတို့။ မကြာမီပင် အခြားသူများအတွက် နေရာထိုင်ခင်းကျန် ရှိတော့မည်မဟုတ်။ သင်တို့ချည်းသာလျှင် ပြည်တော်တွင်နေထိုင်ရကြပေတော့အံ့။-
အစာအာဟာရမဖြစ်သည့်အရာအတွက် အဘယ်ကြောင့်ငွေအကုန်အကျခံကြပါ မည်နည်း။ သင်၏လုပ်အားခများကိုအကုန်ခံကာ အဘယ်ကြောင့်မွတ်သိပ်လျက်နေကြပါ မည်နည်း။ ငါ့စကားကိုနားထောင်လျက်၊ငါပြောသည့်အတိုင်း ပြုလုပ်ကြပါမူ သင်တို့သည်အမွန်မြတ်ဆုံးသောအစားအစာ များကို စားသောက်ရကြလိမ့်မည်။
မသမာသောနည်းဖြင့်ငွေရှာသောသူသည် မိမိမဥသည့်ဥများကိုဝပ်သောငှက်နှင့်တူ၏။ သူသည်ပထမအရွယ်၌ပင်စည်းစိမ်ဥစ္စာ ဆုံးပါးလျက် လူမိုက်အဖြစ်နှင့်သာလျှင်နိဂုံးချုပ်ရတတ်၏။
ယေရုရှလင်မြို့မှဗာဗုလုန်မြို့သို့ပြည်နှင် ဒဏ်သင့်သူတို့သည် လူတစ်ဦးတစ်ယောက် အားကျိန်ဆဲလိုလျှင်`ထာဝရဘုရားသည် သင့်အားဗာဗုလုန်ဘုရင်ကအရှင်လတ်လတ် မီးရှို့သတ်သည့်ဇေဒကိနှင့်အာဟတ်တို့ကဲ့ သို့ပြုတော်မူပါစေသော' ဟုဆိုကြလိမ့်မည်။-
ငါ၏အမျက်တော်ကြောင့်ဗာဗုလုန်မြို့ တွင် အဘယ်သူမျှနေထိုင်ရကြလိမ့်မည် မဟုတ်။ ထိုမြို့သည်ယိုယွင်းပျက်စီးလျက် ကျန်ရစ်လိမ့်မည်။ အနီးမှဖြတ်သန်းသွား လာသူအပေါင်းတို့သည်ထိုမြို့ကြုံတွေ့ ရသည့်အဖြစ်အပျက်ကိုမြင်၍ လန့်ဖျပ် တုန်လှုပ်ကာအံ့သြ၍သွားကြလိမ့်မည်။
အပြောင်မြောက်ဆုံးသူရဲကောင်းများက အီဂျစ်ပြည်သားတို့နှင့်သူတို့ဘက်မှတိုက် ခိုက်သူများကို မရဏာနိုင်ငံမှကြိုဆို ကြလိမ့်မည်။ သူတို့က`စစ်ပွဲတွင်ကျဆုံးခဲ့ ကြသောအရေဖျားလှီးမင်္ဂလာမခံသူ တို့သည် ဤအရပ်သို့ဆင်းသက်ကာအိပ် ကြပြီ' ဟုအော်ဟစ်ကြ၏။''
ထိုအချိန်ကာလရောက်ရှိလာသောအခါ လူများတို့က သင်တို့ဘေးဒုက္ခရောက်ရပုံ ကိုအကြောင်းပြု၍ ပြောစမှတ်ပြုကြ လိမ့်မည်။ သင်တို့၏ဘဝအတွေ့အကြုံ ကိုလည်းဤသို့ဝမ်းနည်းကြေကွဲဖွယ် တေးဖွဲ့သီဆိုကြလိမ့်မည်။ ငါတို့သည်လုံးဝအကျိုးနည်းပျက်စီး ကြပြီ။ ထာဝရဘုရားသည်ငါတို့ပြည်ကိုငါတို့ လက်မှ ရုပ်သိမ်း၍ရန်သူ့လက်သို့အပ်သဖြင့် ငါတို့သည်လည်းတစ်ပါးကျွန်ဖြစ်ရချေပြီ။
ဗာဗုလုန်အမျိုးသားတို့သည်လူတို့အားငါးများသဖွယ် သံချိပ်များဖြင့်ဖမ်းဆီးကြပါ၏။ ပိုက်ကွန်များဖြင့်အုပ်ဖမ်းဆွဲထုတ်နိုင်သဖြင့်ဝမ်းမြောက်ဝမ်းသာဟစ်အော်ကြွေးကြော်ကြပါ၏။-
သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည်% ရာဇဝတ်မှုအပေါ်တွင် အုတ်မြစ်ချ၍လူ% သတ်မှုဖြင့်မြို့ကိုတည်ထောင်ခဲ့ကြ၏။-%
သင်တို့နှိမ်နင်းအောင်မြင်သည့်လူမျိုးတို့သည်% အချည်းနှီးအလုပ်ကြမ်းကိုလုပ်လျက်ပင်ပန်း% နွမ်းနယ်ရကြပေသည်။ သူတို့တည်ဆောက်ခဲ့% သမျှသောအဆောက်အဦတို့သည်မီးလောင်% ကျွမ်း၍သွားလေပြီ။ ဤအမှုကားအနန္တ% တန်ခိုးရှင်ထာဝရဘုရားပြုတော်မူသော% အမှုဖြစ်၏။-%
ထိုအခါဗာလမ်သည်အောက်ပါဗျာဒိတ်တော် ကိုဆင့်ဆိုလေ၏။ ``ဇိဖော်၏သားဗာလက်၊ငါ့ထံသို့လာ၍ ငါပြောမည့်စကားကိုနားထောင်လော့။
ထိုအခါဗာလမ်သည်အောက်ပါဗျာဒိတ်တော် ကိုဆင့်ဆို၏။ ``မောဘပြည်ဘုရင်ဗာလက်ကရှုရိပြည်တည်ရာ အရှေ့တောင်တန်းများမှငါ့အားခေါ်ဆောင်ခဲ့လေ ပြီ။ ဘုရင်က`လာ၍ယာကုပ်အဆက်အနွယ်တို့ကို ကျိန်ဆဲပါလော့။ လာ၍ဣသရေလအမျိုးသားတို့ကို ရှုတ်ချပါလော့' ဟုဆို၏။
သို့ရာတွင်ဘုရားသခင်က `အချင်းလူမိုက်၊ ယခုညဥ့်ပင်သင့်အသက်ချုပ်ငြိမ်းရလိမ့်မည်။ သို့ဖြစ်၍သင်စုဆောင်းထားသည့်ဥစ္စာပစ္စည်း များကား အဘယ်သူ၏လက်သို့ရောက်လိမ့် မည်နည်း' ဟုမိန့်တော်မူ၏။
အမှုအရာခပ်သိမ်းတို့အတွက်နောက်ဆုံး သောအချိန်နီးကပ်လာပြီဖြစ်၍ သင်တို့သည် ဆုတောင်းနိုင်ကြရန် မိမိတို့၏စိတ်ကိုထိန်း ချုပ်လျက်နိုးနိုးကြားကြားရှိရကြမည်။-